စီးပွားရေး

iPhone တွေမှာ မရနိုင်တဲ့ Samsung Galaxy S8 ရဲ့ အားသာချက် ၁၀

Want create site? Find Free WordPress Themes and plugins.

iOS စနစ်သုံး iPhone တွေဟာ ဖုန်းတလုံးချင်း အနေအထားမှာ Android စနစ်သုံး ဖုန်းတွေထက် သာလွန် ကောင်းမွန်တယ် ဆိုပေမယ့် တချို့နေရာမှာတော့လည်း အားနည်းချက်တွေ ရှိနေပြန်ပါတယ်။ အခု iPhone တွေရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့ Smasung ရဲ့ Galaxy S8 မော်ဒယ်မှာ ပါရှိတဲ့ iPhone ထက် ပိုကောင်းတဲ့ အားသာချက် ၁၀ ချက်ကို ပြောပြချင်ပါတယ်။

(၁) Galaxy S8 မှာ Iris Scanner လို့ ခေါ်တဲ့ မျက်လုံးဖတ်စနစ် ပါရှိပါတယ်။ ဒီစနစ်က အများစု သုံးနေတဲ့ လက်ဗွေရာနဲ့ ဖုန်းဖွင့်တဲ့ စနစ်နေရာမှာ မိမိရဲ့ မျက်လုံးနဲ့တင် လုံခြုံရေးစနစ်ကို Lock လုပ်နိုင်လာပါတယ်။

(၂) Facial Recognition စနစ်သစ်မှာ Selfie ရိုက်နေရင်းကနေ မျက်နှာသိမှတ်စနစ်ရဲ့ အားသာချက်က မျက်နှာကို မှတ်ထားပြီး ဖုန်းကို Unlock လုပ်နိုင်လာပါတယ်။ ဒီစနစ်က မျက်လုံးဖတ်စနစ်ထက်ရော လက်ဗွေရာဖတ် စနစ်ထက်ပါ ပိုမြန်ပါတယ်။

(၃) Galaxy S8 တွေမှာ ပြသမျက်နှာပြင် ပိုမို ကျယ်ဝန်းလာပါတယ်။ S8 မှာ ၅ ဒသမ ၈ လက်မ ဖြစ်ပြီး S8 Plus က ၆ ဒသမ ၂ လက်မ ရှိပါတယ်။ iPhone 7 ကတော့ ၄ ဒသမ ၇ လက်မနဲ့ 7 Plus က ၅ ဒသမ ၅ လက်မပဲ ရှိတာပါ။

(၄) Galaxy S8 ကို ကြိုးမဲ့ အားသွင်းစနစ်နဲ့ အားသွင်းနိုင်ပါတယ်။ ပုံမှန် ကြိုးနဲ့ အားသွင်းတာထက် ပိုမြန်ပါတယ်။ iPhone မှာတော့ ကြိုးမဲ့ အားသွင်းစနစ် မရှိပါဘူး။ Fast Charging စနစ်လည်း မရပါဘူး။

(၅) Galaxy S8 မှာ နားကြပ်ပေါက် ပါရှိပါတယ်။ အလွယ်တကူ နားကြပ်တပ်ဆင် နားထောင်နိုင်တာပါ။ iPhone  7 မှာတော့ နားကြပ်ပေါက် ဖယ်ထုတ်ထားတာ တေ့ွရပါတယ်။

(၆) Samsung Pay စနစ်က ပုံမှန် Credit Card Reader နဲ့ အလုပ်လုပ်ပါတယ်၊ Apple Pay အတွက်ကတော့ သီးခြား NFC Pad တခု ထားရှိ အသုံးပြုရမှာပါ။

(၇) VR မြင်ကွင်းကျယ် မျက်မှန်နဲ့ ချိတ်ဆက်နိုင်မှု အားကောင်းပါတယ်။ ဧပြီ ၂၁ ရက် မတိုင်ခင် Galaxy S8 ကြိုတင်မှာယူသူတွေ အနေနဲ့ Gear VR မျက်မှန်တွေ လက်ဆောင်ရမှာပါ။ iPhone မှာတော့ Google ကနေ ထုတ်လုပ်တဲ့ Cardboard လို မျက်မှန်တွေနဲ့ ချိတ်ဆက်နိုင်ပေမယ့် အများစုသော VR မော်ဒယ်တွေနဲ့ အဆင်မပြေပါဘူး။

(၈) Galaxy S8 ရဲ့ နောက်ဖက် ကင်မရာဘေးမှာ နှလုံးခုန်နှုန်း အာရုံခံ စနစ် ပါရှိပါတယ်။ iPhone မှာတော့ မပါရှိပါဘူး။ သွားလာနေရင်း နှလုံးခုန်နှုန်း သိချင်တဲ့ iPhone သုံးသူတွေကတော့ Apple Watch ကိုပါ ဝယ်သုံးရဖို့ ရှိနေတာပါ။

(၉) Galaxy S8 ကို မော်နီတာ၊ ကီးဘုတ်၊ မောက်စ်တွေနဲ့ ချိတ်ဆက်ပြီး ပုံမှန် ကွန်ပျူတာ တလုံးလို သုံးနိုင်ပါတယ်။ iPhone မှာ မရသေးတဲ့ နည်းပညာတခုပါ။

(၁၀) Bixby ဆိုတဲ့ ကင်မရာ နည်းပညာသစ်က သင်ရိုက်ကူးလိုက်တဲ့ ပုံရိပ်ကို မှတ်ထားပြီး အဆိုပါ ပုံရိပ်နဲ့ ဆက်စပ် အကြောင်းအရာတွေ၊ နီးစပ်ရာ တည်နေရာတွေ၊ လည်စရာ၊ သွားစရာတွေကို အချက်အလက်ပြပေးပါတယ်။ iPhone ရဲ့ Siri မှာတော့ အခုလို စနစ် မတွေ့ရသေးပါဘူး။    ။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading