ဂျပန်ကားကုမဏီထုတ် မော်ဒယ်တွေကို ဈေးကွက် အကောင်းဆုံး ပြိုင်ဆိုင်နိုင်အောင် ထုတ်လုပ်လာတဲ့ တောင်ကိုရီးယား အခြေစိုက် Hyundaiရဲ့ ထုတ်လုပ်မှုပါ။
နိုင်ငံတကာ ဈေးကွက်ကို အခုနှစ် မော်ဒယ်အတွက် ရောင်းချမှု နည်းနည်း နောက်ကျချင်ပေမယ့် မော်ဒယ်သစ်မှာ အား ကောင်းတဲ့ နည်းပညာထည့်သွင်း ဖန်တီးလာမှုတွေအရ အားရစရာပါ။
အတွင်းခန်း အပြင်အဆင်၊ အကျယ်အဝန်း၊ ဒီဇိုင်း၊ ထိုင်ခုံပုံစံတွေကအစ အားလုံးက စိတ်ကြိုက် ဖြစ်စရာပါ။ ခရီးဝေး မောင်းနှင်မှုအတွက်ရော လိုက်ပါစီးနင်းမှုအတွက်ပါ အဆင်ပြေစေမယ်၊ နောက်ပြီး မော်ဒယ်တခုကို ရေရှည်ထားရှိ စီး နင်းချင်သူတွေပါ စိတ်ကြိုက်ဖြစ်မယ့် မော်ဒယ်ပါ။ နောက်ပြီး တာယာနဲ့ အင်ဂျင်တွေကနေ ခရီးဝေးမောင်းနှင်မှုအတွက် ဆူညံသံပေးမှု တော်တော်းလေ နည်းပါးကောင်းမွန်တာလည်း တွေ့ရပါတယ်။
တန်ကြေးသင့်မော်ဒယ် အများစုမှာ အခုလို ဆူညံသံပေးတဲ့အားနည်းချက် အများဆုံး တွေ့ရတတ်ပေမယ့် အခုတော့ Sonata က ဒီအားနည်းချက်ကို ပြင်ဆင်ဖန်တီးထားနိုင်တာ တွေ့ရပါတယ်။ ဂြိုလ်တု အခြေပြု မြေပုံစနစ်မှာရော ဖျော်ဖြေ ရေးပိုင်းတွေမှာပါ ထည့်သွင်း နည်းပညာ မြင့်မားပြီး ခလုတ်အသုံးတွေကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား ပုံစံတွေအတိုင်း ထည့်သွင်း ဖန်တီးထားတာ တွေ့ရပါတယ်။
အသုံးပြုရ အထူးပဲ လွယ်ကူကောင်းမွန်တာလည်း တွေ့ရပါတယ်။ ကိုယ်ထည်ပိုင်းမှာလည်း ဥရောပနဲ့ အမေရိက ဈေး ကွက်တွေမှာပါ အောင်မြင်မှု ရရှိအောင် ဖန်တီးလာမှုရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အကြမ်းခံနိုင်မှု အထူးအားကောင်းတာ လည်း တွေ့ရပါတယ်။
အင်ဂျင်ပိုင်းမှာလည်း ထူးခြားတဲ့ အာမခံမှုနဲ့ ဈေးကွက်ထဲရောက်လာတာ တွေ့ရပြီး အင်ဂျင်ကို ၁၀နှစ် အာမခံ ပေးထားတာ တစ်ချက်က စိတ်ကြိုက် ဖြစ်စေမှာပါ။
အင်ဂျင်စနစ် ရွေးချယ်နိုင်စရာ အများအပြားနဲ့ ထွက်ရှိလာပေမယ့် Tutbochargedစနစ်နဲ့ စွမ်းဆောင်ရည် ဦးစားပေး အင် ဂျင်အဖြစ် ရနိုင်တဲ့စနစ်က အခြားပြိုင်ဘက်မော်ဒယ်တွေရဲ့ အင်ဂျင်တွေလောက် စွမ်းဆောင်ရည် မကောင်းတာ တခုက အားနည်းချင်နေပါတယ်။ ပြီးတော့ နောက်ဘက်ခရီးသည်ခန်းကလည်း ပြိုင်ဘက်မော်ဒယ်တွေထက် နည်းနည်းလေး ပို ကျဉ်းချင်နေတာ တွေ့ရပါတယ်။
မော်ဒယ်ခွဲအနေနဲ့ကတော့ Base, SE, Sport, Eco, Limited, Sport 2.0Tနဲ့ Limited 2.0Tတွေ အပြင် Hybrid အင်ဂျင် စနစ်နဲ့လည်း ရနိုင်ပါတယ်။ အင်ဂျင်ပိုင်းမှာတော့ ၂.၄လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ဆိုရင် ရုန်းအား ၁၇၈ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ၁၈၅ကောင်အား ထွက်ရှိတာ တွေ့ရပြီး သူက ဆီတဂါလံကို ပျမ်းမျှ ၂၉မိုင်လောက်ထိအောင် စီးနင်း နိုင်တာပါ။
စွမ်းဆောင်ရည်ပိုင်းမှာတော့ တနာရီ မိုင် ၆၀နှုန်းကို ၈.၂ စက္ကန့် ယူမှာပါ။ စွမ်းဆောင်ရည်မြင့် Turbocharged စနစ်နဲ့ ၂.၀ လီတာသုံး အင်ဂျင်ကတော့ ရုန်းအား ၂၆၀ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ၂၄၅ ကောင်အား ထွက်ရှိပါတယ်။ သူက ဆီ စားနှုန်း ၂၆မိုင်လောက် ရှိပြီး မိုင် ၆၀နှုန်းကို အချိန် ၈.၃စက္ကန့်ထိအောင် ယူနေတာ တွေ့ရပါတယ်။
Eco အနေနဲ့ဆိုရင်တော့ အသေးစား ၁.၆လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားပြီး သူက ရုန်းအား ၁၉၅ပေါင်-ပေမှာ မြင်း ကောင်ရေ ၁၇၈ကောင်အား ထွက်ပြီး ဆီတဂါလံကို ၃၁မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်သလို မိုင် ၆၀နှုန်းကို အချိန် ၇.၅ စက္ကန့်နဲ့ ရောက်နိုင်ပါတယ်။
ပြည်တွင်း ဈေးကွက်မှာတော့ Sonataကို Used အနေနဲ့ တင်သွင်းရောင်းချမှု တချို့လည်း ရှိပေမယ့် ဂျပန်မော်ဒယ်တွေ လောက်တော့ မများပါဘူး။
သမိုင်းလမ်းဆုံက Hyundai Showroomမှာလည်း မော်ဒယ်သစ်ကို စုံစမ်း ဝယ်ယူနိုင်မှာပါ။ နိုင်ငံတကာ ဈေးကွက်မှာက အခုနှစ် မော်ဒယ်ကို ၂.၄လီတာသုံး အင်ဂျင်ဆိုရင် ဒေါ်လာ ၂၂၇၈၅၊ Eco ဆိုရင် ၂၃၉၆၀၊ Sport 2.0Tဆိုရင်တော့ ၂၇၄၃၅ ဈေးနဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Ref: www.edmunds.com