ကျနော်တို့ ပြည်တွင်း ဆိုင်ကယ်ဈေးကွက်မှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ သိသာမှုတွေအရ နိုင်ငံ စုံကနေ ထုတ်လုပ်ထားတဲ့ ဆိုင်ကယ်စုံကို ရနိုင်လာတာတခုက အားရစရာပါ။
အခုလည်း ပြည်တွင်းအနေအထားနဲ့တော့ နည်းနည်းစိမ်းနိုင်ပေမယ့် အရည်အသွေး စိတ်ချရမယ့် ဥရောပထုတ်မော်ဒယ် တခုအကြောင်း ပြောချင်ပါတယ်။
Piaggio ဆိုတာက ဈေးကွက်မှာ အသစ်ဝင်လာတဲ့ လူသိနည်း အမှတ်တံဆိပ်ပါ။ ဒီတော့ သူ့အကြောင်းပါ နည်းနည်း လောက် မိတ်ဆက်ပေးပါ့မယ်။
၁၈၈၄ ခုနှစ်ကတည်းက တည်ထောင်လုပ်ကိုင်နေတဲ့ ဆိုင်ကယ်နဲ့ အင်ဂျင်ထုတ် အီတလီအခြေစိုက်ကုမ္ပဏီ ဖြစ်ပါတယ်။ ကမ္ဘာနဲ့အဝှမ်း ဝန်ထမ်းအင်အား ၈၀၀၀ကျော် ခန့်ထား လုပ်ကိုင်နေတာကို ကြည့်ရင် ကုမ္ပဏီရဲ့အနေအထားကို သိနိုင်မှာ ပါ။
နိုင်ငံပေါင်း ၅၀ကျော်ကို ဆိုင်ကယ်တွေ တင်ပို့ရောင်းချနေသလို လက်ခွဲ စက်ရုံနဲ့ စမ်းသပ်မှုတွေပါ ထားရှိလုပ်ဆောင်နေ တာပါ။ ၂၀၁၄ခုနှစ် တနှစ်တည်းမှာတင် ဆိုင်ကယ်အစီးရေ ၅၁၉၇၀၀ ထုတ်လုပ်ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟုတ်ပါပြီ၊ ဒါဆို Piaggio က ကျနော်တို့နဲ့ စိမ်းနေရုံလောက်ပဲ ဖြစ်ပြီး လုပ်ငန်းကြီးလုပ်နေတဲ့ ကုမ္ပဏီ၊ အမှတ်တံဆိပ်ဆို တာ သိလောက်ပါပြီ။
အခု မိတ်ဆက်ပေးချင်တာက သူ့ရဲ့မော်ဒယ်က Medley 150 Sပါ။ အင်ဂျင်က ၁၅၀ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားပါ တယ်။ မောင်းနှင်ရ လွယ်ကူမယ့် CVT စနစ်နဲ့ ဖြစ်ပါတယ်။
Scooter ကိုယ်ထည်ပုံစံဖြစ်ပြီး အခု နောက်ပိုင်းဈေးကွက်မှာ လူကြိုက်များ Click နဲ့ Fino တွေကို အကောင်းဆုံးဈေးကွက် ပြိုင်ဆိုင်နိုင်မယ့် မော်ဒယ်ပါပဲ။
မြင်မိသလောက် ဆီစားနှုန်းမှာ လက်ရှိ ပြည်တွင်းရဲ့ လူကြိုက်များ Click တွေနဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် စွမ်းဆောင် ရည်မှာတော့ ပိုကောင်းတာ တွေ့နိုင်ပါတယ်။
ထူးခြားချက်ကတော့ အင်ဂျင် အအေးခံစနစ်အတွက် ရေတိုင်ကီ ထည့်သွင်းဖန်တီးထားခြင်းက မော်ဒယ်ကို ခရီးဝေးမောင်း နှင်နိုင်မှု အားကောင်းလာစေတာ ဖြစ်ပြီး Scooter အများစုမှာ တွေ့ရတဲ့ ခရီးဝေးမောင်းနှင်နိုင်မှု အားနည်းချက်ကို အ ကောင်းဆုံး ပြင်ဆင်ဖန်တီးထားတာပါ။
နှစ်ယောက်စီးထိုင်ခုံ ဖန်တီးမှုနဲ့ အတူ ထိုင်ခုံအတွင်း Toolbox နေရာ အထူး ကျယ်ဝန်းတာ တွေ့ရပါတယ်။ ပြည်တွင်းမှာ ဈေးကွက်ဝင် Scooter အများစုက Toolbox နေရာ ကျဉ်းလွန်းပါတယ်။ ဆိုင်ကယ်အပိုပစ္စည်း ထည့်လိုက်ရင် နောက်ထပ် ဝန်ထည့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် အခု Medley 150 Sမှာတော့ ခရီးသည် ဦးထုပ် ၂လုံးကို အလွယ်ထည့်နိုင် လောက်အောင်Tollbox က ကျယ်ဝန်းကောင်းမွန်တာ တွေ့ရပါတယ်။
ပြီးတော့ ဆီတိုင်ကီ၊ နောက်ပိုင်း ဈေးကွက်ဝင် ဆိုင်ကယ်တွေက ဆီစားနှုန်း ချိုသာလာတာကြောင့် ဆီတိုင်ကီနေရာကို ချုံ့လိုက်ပြီး ၄ လီတာ ဝန်းကျင်လောက်ပဲ ဆံ့အောင် ဖန်တီးထားတတ်ကြပေမယ့် အခု Medley 150 S မှာတော့ ၇ လီတာ ထိအောင် ဆံ့မှာ ဖြစ်လို့ ခရီးဝေးမောင်းနှင်မှုအတွက်လည်း အဆင်ပြေသလို မိမိထည့်သွင်းအသုံးပြုနေကျ စက်သုံးဆီ ရှာ ဖွေထည့်သွင်း အသုံးပြုရမှုလည်း လွယ်ကူလာစေပါတယ်။
ဆီတိုင်ကီအပြည့်နဲ့ဆိုရင် ခရီးတဆက်တည်း မောင်းနှင်နိုင်မှု မိုင် ၁၅၀ ကျော်လောက်ထိအောင် ရနိုင်ပါတယ်။ ဒီနှုန်းက တ ရက်တာ ခရီးပြင်းမောင်းနှင်မှု အများဆုံးလုပ်သင့်တဲ့နှုန်း မိုင် ၃၀၀ရဲ့ထက်ဝက် ဖြစ်လို့ တော်တော်လေးကို အဆင်ပြေလာ စေမှာပါ။
မော်ဒယ်ရဲ့အားနည်းချက်ကတော့ ဈေးနှုန်းပိုင်းမှာ နည်းနည်းများချင်နေပြီး ပျမ်းမျှ လူကြိုက်များ Scooter တစီး သိန်း ၂၀ ဝန်းကျင် ရှိနေချိန်မှာ Medley 150 S က ၄၈ သိန်းထိအောင် ဈေးရှိနေပါတယ်။
မန်းနဲ့ မုံရွာ၊ တောင်ငူ၊ ပဲခူး၊ တောင်ကြီးတွေမှာ လူကြိုက်များနေပြီး ဆိုင်ကယ်အရောင်းဆိုင်ကြီးတွေမှာပဲ တင်သွင်းရောင်း ချတာ တွေ့ရသလို အဲဒီဆိုင်တွေကနေပဲ အပိုပစ္စည်းအတွက်လည်း ဝန်ဆောင်မှုပေးတာ တွေ့ရပါတယ်။
၂၀၁၆ ခုနှစ် မော်ဒယ်ကို အသစ်အနေနဲ့ရနိုင်ပြီး အရောင်မှာ အပြာ၊ အနက်၊ အနီ၊ အဝါတွေအဖြစ် ရနိုင်နေတာ တွေ့ရပါ တယ်။