အခုပြောမှာကတော့ လက်ရှိကမ္ဘာပေါ်က လေတပ်တွေမှာ အသုံးပြုနေတဲ့ ကမ္ဘာ့အကောင်းဆုံး တိုက်ခိုက် ရေး ဟယ်လီကော်ပတာတွေ ဖြစ်ပါတယ်။
တိုက်လေယာဉ်တွေလို လျင်မြန်မှုနဲ့ တိုက်ခိုက်နိုင်မှု စွမ်းဆောင်ရည် အားနည်းပေမယ့် စစ်သည်တင်ဆောင်နိုင်မှု၊ လေ ယာဉ်ပြေးလမ်းမ လိုအပ်မှု၊ ရပ်နား၊ ထွက်ခွာဖို့ လွယ်ကူခြင်းတွေကြောင့် ဟယ်လီကော်ပတာတွေကလည်း လေတပ်တခု အတွက် မရှိမဖြစ် ဝေဟင်သုံးယာဉ်တွေ ဖြစ်ပါတယ်။
(၁၀) Z 10
၂၀၀၈ ခုနှစ်ကတည်းက တရုတ်လေတပ်မှာ သုံးနေတာ တွေ့ရပါတယ်။ တောင်ပံတွေမှာ လက်နက်တပ်ဆင်ခြင်း ပုံစံမ ဟုတ်ဘဲ ဟယ်လီကော်ပတာရဲ့ခေါင်းမှာ လက်နက်တွေ တပ်ဆင်ထားပါတယ်။ လေယာဉ်မောင်းရဲ့ထိုင်ခုံက လက်နက်ခန်း ရဲ့ နောက်မှာပါ။ ၃၀ မမ အမြောက်ပါတယ်၊ HJ-9 တင့်ဖျက်ဒုံးပါရှိတယ်။ HJ-10 ဆိုတဲ့ တင့်ဖျက်ဒုံး အသစ်လည်း ပါရှိမယ်၊ TY- 90 ဝေဟင်မှာ ဝေဟင်ပစ် လက်နက်မျိုးလည်း တပ်ဆင်ထားတာ တွေ့ရပါတယ်။
(၉) MI-24 Hind
စစ်သည် ၈ယောက် တင်ဆောင်နိုင်မယ့် ဟယ်လီကော်ပတာပါ၊ ကိုယ်ထည် ကြီးမားပါတယ်၊ ရုရှလေတပ်အတွက် ပထ မဆုံးစစ်သည်လည်းတင်နိုင်၊ တိုက်ခိုက်ရေးလည်း သုံးနိုင်ခဲ့တဲ့ မော်ဒယ်ပါ။ အမေရိကန်ထုတ် AH-64 Apache နဲ့ ဆင် ပါတယ်။ စစ်သည်တင်ဆောင်နိုင်မှုမှာတော့ အခုမော်ဒယ်က သာလွန်ကောင်းမွန်သွားပါတယ်။
(၈) AH-2 Rooivalk
တောင်အာဖရိက အခြေစိုက် Denel ရဲ့ ဖန်တီးမှု ဖြစ်ပြီး အာဖရိကမှာ Red Kestrelလို့ လူသိများပါတယ်။ ၁၂စီးပဲ ထုတ် လုပ်ထားတယ်လု့ိသိရပါတယ်။ မော်ဒယ်က ဒီဇိုင်းအသစ်နဲ့ ဖန်တီးထားတဲ့ တိုက်ခိုက်ရေးယာဉ်လို့ ထင်ရပေမယ့် Aerospatiale Pumaရဲ့ ဒီဇိုင်းကို ပြောင်းပြန် ယူပြီးဖန်တီးထားတာပါ၊ အင်ဂျင်နဲ့ အဓိက Rotor တွေက အတူတူပဲ ဖြစ် ပါတယ်။
(၇) AH-1W Super Cobra
အင်ဂျင်၂ လုံးထည့်သွင်းတပ်ဆင်ထားတဲ့ မော်ဒယ်ပါ။ အမေရိကန် စစ်တပ်မှာ သုံးနေတဲ့ AH-1 Cobra မော်ဒယ်ကို အခြေ ခံပြီး ဖန်တီးထားတာပါ။ ဒီမော်ဒယ်နဲ့ အတူ AH-1 J SeaCobra, AH-1 T နဲ့ AH-1W SuperCobra တွေဟာ ဖန်တီးပုံချင်း ဆင်တူတာ တွေ့ရပါတယ်။
(၆) A-129/ T-129
အီတလီအခြေစိုက် Agustaရဲ့ ဖန်တီးမှု ဖြစ်ပြီး အနောက်ဥရောပမှာတင် ဒီဇိုင်းရေးဆွဲထုတ်လုပ်နိုင်ခဲ့တဲ့ ပထဆုံးသော ဟယ်လီကော်ပတာပါ။ T-129 ကတော့ နောက်မှ ထွက်ရှိလာတာ ဖြစ်ပြီး တူရကီအခြေစိုက် Aerospace Industries ကနေ ဖန်တီးခဲ့တာပါ။ A-129ရဲ့ ဒီဇိုင်းကို ရယူဖန်တီးထားတာ ဖြစ်ပြီးAerospace နဲ့ AgustaWestland တွေက မိတ် ဖက်တွေ ဖြစ်ပါတယ်။
(၅) AH-1Z Viper
ဝန်ဆွဲနိုင်တယ်၊ တိုက်ခိုက်ရေး အပါအဝင် ဘက်စုံသုံးဟယ်လီကော်ပတာပါ။ အင်ဂျင် ၂လုံး ထည့်သွင်းဖန်တီးထားတဲ့ မော်ဒယ်ပဲ ဖြစ်ပြီးအမေရိကန် Marine Corps ရဲ့ ဖန်တီးမှုပါ။ မြန်နှုန်းမြင့်လည်း မောင်းနိုင်တယ်၊ ပတ်မှတ်ကို မှတ်သား ပစ်ခတ်နိုင်တယ်၊ H-1မော်ဒယ်ကို အဆင့်မြှင့်မှုရဲ့ ရလဒ်တခုပါ။ Zulu Cobra လို့လည်း လူသိများပါတယ်။
(၄) Eurocopter Tiger
Eurocopter ကနေ ထုတ်လုပ်တဲ့ တိုက်ခိုက်ရေးသုံး မော်ဒယ်ပါ။ ဂျာမနီမှာ Tiger လို့ လူသိများပြီး ပြင်သစ်နဲ့ စပိန်လေတပ် တွေမှာ Tigre လို့ ခေါ်ပါတယ်။ Rollroyce ကနေ ထုတ်လုပ်ပေးထားတဲ့ MTU Turbomeca MTR390 အင်ဂျင်စနစ်ကို ထည့်သွင်းတပ်ဆင်ထားတာပါ။ တိုက်ခိုက်ရေး သီးသန့်သုံးမော်ဒယ်ပါ၊
(၃) MI-28H Havoc
ရုရှထုတ် ရာသီစုံသုံး၊ နေ့၊ည မရွေး တိုက်ပွဲဝင်နိုင်တဲ့ မော်ဒယ်ပါ။ ယာဉ်မောင်း ၂ယောက်ပဲ လိုက်ပါနိုင်ပါတယ်၊ ဒုံးခွင်း ဒုံးတွေ တပ်ဆင် ပါရှိပါတယ်။ Mil Mi-24 မော်ဒယ်ထက် ပိုကောင်းအောင် အဆင့်မြှင့်ထားတာပါ။ ကိုယ်ထည် အတွင်း ပိုင်းမှာ အဓိက ဒုံးလက်နက်တခုပဲပါရှိပြီး ဘေးဘက်တောင်ပံအောက်မှာ အကူလက်နက်ငယ် တပ်ဆင်ထားတာ တွေ့ရ ပါတယ်။
(၂) Kamov KA-50
KA -52 – Black Sharkလို့လည်း လူသိများပါတယ်။ Kamov ရဲ့ ထူးခြားတဲ့ ဒီဇိုင်းကို တွေ့နိုင်မယ့် မော်ဒယ်ပါ။ ပန်ကာက ၂ဆင့် တပ်ဆင်ထားပါတယ်။ ယာဉ်မောင်းတဦးပဲ လိုက်ပါ တိုက်ခိုက်ရမှာပါ။ ၁၉၈၀ ခုနှစ် ဝန်းကျင်က ဒီဇိုင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ ထုတ်လုပ်သုံးစွဲနေခဲ့တာပါ။ ကိုယ်ထည်သေးသေးနဲ့ မြန်မြန် မောင်းနှင်နိုင်အောင် ဖန်တီးထားပါတယ်။ ဒုံးကျည် ၂၀ တပ်ဆင်နိုင်တယ်၊ ၃၀မမ 2A42 လက်နက်ပါမယ်၊ တနာရီကီလိုမီတာ ၃၅၀ ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်တယ်လို့ သိ ရပါတယ်။
(၁) AH-64D Apache Long Bow
ပင်လယ်ကွေ့စစ်ပွဲမှာ အကောင်းဆုံး ဒုံးခွင်းဒုံးစွမ်းဆောင်ရည် ပြသထားနိုင်ခဲ့တဲ့ Boeing ကုမ္ပဏီထုတ် မော်ဒယ်ပါ။ ရာသီ စုံသုံး၊ နေ့၊ ည မရွေး တိုက်ခိုက်နိုင်မယ့် ယာဉ်ပါ။ အမေရိကန်စစ်တပ်ရဲ့ Advanced Attack Helicopter Plan အတွက် အထူးဖန်တီးထားတာပါ။ ၇၀ မမ လက်နက်ကျည်ဆန် ၇၆ တောင့် တပ်ဆင်ထားတယ်၊ ဒီလက်နက်တွေက အသိမ်း၊ အ ထုတ် လုပ်နိုင်တယ်၊ ၃၀မမ ကျည်ဆန် ၁၂၀၀ ပါရှိတယ်၊ AGM-114 Hellfire ကျည် ၁၆လုံး ပါရှိသေးတာလည်း တွေ့ရ ပါတယ်။
Ref: www.wonderslist.com