• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်း

by ချစ်ဖေ (တောင်တွင်းမြေ)
1 May 2017
in စီးပွားရေး
A A
ဒီဇိုင်း- ကျော်မျိုးထိုက်/ ဧရာဝတီ

ဒီဇိုင်း- ကျော်မျိုးထိုက်/ ဧရာဝတီ

41k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်စာရင်းကို နှစ်စဉ် ထုတ်ပြန်နိုင်ဖို့ အမြဲတမ်း မှတ်တမ်းတွေ ထားရှိ မှတ်သား ထားသလို အဲဒီထဲကမှ တနှစ်တာအတွင်း ဘယ်သူက ဘယ်လောက် ပိုမို ချမ်းသာလာတယ်၊ ဘယ်သူက တိုးတက်မှု အား နည်းသွားတယ်၊ ဘယ်သူက ဘယ်သူ့ကို ကျော်တက်ပြီး ပိုမို ချမ်းသာလာတယ်ဆိုတာတွေကို စောင့်ကြည့်ပြီး အခုလို စာ ရင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ထူးခြားချက်ကတော့ ၂၀၁၆ ခုနှစ်ကနေ အခုနှစ်အတွင်း ဘီလီယံနာဦးရေ တိုးတက်နှုန်းဟာ အလျင်အမြန် ခုန်တက်လာ ခြင်းပဲ ဖြစ်ပါတယ်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
43
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
960
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
1.9k

၂၀၁၆ခုနှစ် အတွင်း ကမ္ဘာနဲ့အဝှမ်း ဘီလီယံနာ ၁၈၁၀ပဲ ရှိရာကနေ အခုနှစ်မှာတော့ ၂၀၄၃ဦး ထိအောင် ရှိလာတာ ကြောင့် ၁၃ ရာခိုင်နှုန်းထိအောင် မြင့်တက်လာတာ ဖြစ်သလို ကမ္ဘာမှာ သူဌေးတွေ ပေါများလာခြင်းကလည်း ကောင်းသော တိုးတက်ခြင်း တခုပါပဲ။

အခု ကျနော်တို့ကတော့ အချမ်းသာဆုံး လူ ၂၀၀၀ လောက်ကို သေချာ လေ့လာပြီး အခုစာရင်းကို ထုတ်ပြန်တာ ဖြစ်သလို သူတို့အားလုံးရဲ့ချမ်းသာမှု စုစုပေါင်းက ဒေါ်လာ ၇.၆၇ ထယီလီယံထိအောင် ရှိလာလို့ အရင်နှစ်ကထက် ဘီလီယံနာ တိုး တက်နှုန်းက ၁၃ ရာခိုင်နှုန်း ဆိုပေမယ့် ငွေကြေးပိုင်ဆိုင်မှု တိုးတက်နှုန်းကတော့ ၁၈ ရာခိုင်နှုန်း ထိအောင် ရှိခဲ့တာပါ။

တနှစ်အတွင်း ဘီလီယံနာ ၂၃၃ယောက် တိုးလာတယ်။ ဒါဟာ Forbes ကနေ နှစ်စဉ် အချမ်းသာဆုံးစာရင်း ထုတ်ပြန်ဖို့ လေ့လာ၊ ထုတ်ပြန်ခဲ့တဲ့ ၃၁ နှစ်တာ ကာလအတွင်း တနှစ်အတွက် ဘီလီယံနာ တိုးတက်နှုန်း အများဆုံး ဖြစ်လာခဲ့တာပါ။

အခုနှစ်အတွက်လည်း ပြီးခဲ့တဲ့ ၃နှစ်ကတည်းက ကမ္ဘာ့ အချမ်းသာဆုံး အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ နာမည်ကျော် Microsoft ရဲ့ သူဌေးကြီး Bill Gates ကပဲ လေးနှစ်ဆက် ကမ္ဘာ့အချမ်းသာဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တာ တွေ့ရပါတယ်။ ပြီးတော့ သူ့ရဲ့ ချမ်းသာမှုက ၂၃ နှစ်တာ ကာလအတွင်း ကမ္ဘာ့အချမ်းသာဆုံး လူ ၁၈ ယောက်ရှိခဲ့တဲ့ အထဲမှာလည်း အားလုံးထဲမှာ ပိုင် ဆိုင်မှု အများဆုံး ဖြစ်နေခဲ့တာပါ။

အရင်နှစ်က ဘီလီယံ ဒေါ်လာ ၇၅သန်း ပိုင်ဆိုင်ရာကနေ အခုနှစ်မှာတော့ ၈၆ သန်း ပိုင်ဆိုင်မှု ရှိလာခဲ့ပါတယ်။ ဒါဟာ အရင်ကတည်းက ကြွယ်ဝမှုရဲ့ ရလဒ် ဖြစ်ပေမယ့် တနှစ်အတွင်း ပိုင်ဆိုင်မှု တိုးတက်နှုန်းမှာတော့ Bill Gates က အများ ဆုံး မဟုတ်သေးပါဘူး။

နံပတ်(၂)နေရာမှာတော့ တနှစ်အတွင်း ဒုတိယဝင်ငွေအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Warren Buffett က တနှစ် ဝင်ငွေ ၁၄.၈ ဘီလီယံ ရှိခဲ့ပြီး စုစုပေါင်းပိုင်ဆိုင်မှု ၇၅.၆ ဘီလီယံ ရှိလို့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ဒုတိယနေရာ ရပ် တည်နေနိုင်တာ တွေ့ရပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး နံပါတ်(၃)နေရာကို ရောက်လာတဲ့ Amazon ရဲ့ သူဌေးကြီး Jeff Bezos က တနှစ်အတွင်း ဝင်ငွေ ၂၇.၆ ဘီလီယံ ရှိလာခဲ့ပြီး စုစုပေါင်း အခုနှစ်မှာ ၇၂.၈ ဘီလီယံ ချမ်းသာပြီး တတိယနေရာ ရောက်လာပါတယ်။

စပိန် အဝတ်အထည်လုပ်ငန်း Zara ရဲ့ ပိုင်ရှင် Amancio Ortega ကတော့ ပြီးခဲ့တဲ့ နှစ်အတွင်းက ဝင်ငွေ ၄.၃ဘီလီယံ ရှိခဲ့ပြီး စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၇၁.၃ဘီလီယံနဲ့ နံပါတ်(၄)နေရာမှာပါ။

ကမ္ဘာ့အချမ်းသာဆုံး နံပါတ်(၅)နေရာမှာတော့ လက်ရှိ လူကြိုက်များတဲ့ လူမှုကွန်ရက် Facebook ရဲ့ ပဲ့ကိုင်ရှင် Mark Zuckerberg က ပိုင်ဆိုင်မှု ၅၆ ဘီလီယံနဲ့ ရပ်တည်နေပါတယ်။

အခြား အချမ်းသာဆုံး ပုဂ္ဂိုလ်များကတော့ Carlos Slim Heluက ၅၄.၅ ဘီလီယံနဲ့ နံပါတ်(၆)၊ Larry Ellison က ပိုင်ဆိုင်မှု ၅၂.၂ဘီလီယံနဲ့ နံပါတ် (၇)၊ Charles Koch နဲ့ David Koch တို့က ပိုင်ဆိုင်မှု ၄၈.၃ဘီလီယံနဲ့ ပူးတွဲနံပါတ် (၈)၊ Michael Bloomberg က ပိုင်ဆိုင်မှု ၄၇.၅ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံး နံပါတ်(၁၀)တွေ အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။

ဘီလီယံနာသစ်တွေထဲမှာ တရုတ်ပြည်မကြီးကနေ အများဆုံး တိုးတက်လာတာ တွေ့ရပြီး တိုးတက်လာတဲ့ ဘီလီယံနာ အားလုံးထဲက ၇၆ ယောက်ထိအောင် တရုတ်က ဖြစ်သလို ဒုတိယနေရာမှာတော့ အမေရိကန်က ၂၅ ဦး တိုးလာတာ ဖြစ် ပါတယ်။

ဘီလီယံနာတွေထဲမှာ အသက် ၄၀အောက် ဘီလီယံနာ ၅၆ ဦးပဲ ပါလာပြီး အရင်နှစ်က ၆၆ ဦး ပါဝင်မှုထက်တော့ နည်းပါး ခဲ့တယ်လို့ သိရပါတယ်။ ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်ပြီး ကြီးပွားချမ်းသာလာတဲ့ အမျိုးသမီး ဘီလီယံနာ ၁၅ ဦး ပါရှိနေတယ် လို့ သိရသလို တရုတ်နိုင်ငံက ၁၀ ဦးနဲ့ ဗီယက်နမ်က Nguyen Thi Phuong Thao တို့ ပါရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းမှာ မွေးပြီး ငယ်စဉ်ကတည်းက အမေရိကန်မှာ အခြေချပြီး SHI လုပ်ငန်းလုပ်ကိုင်နေတဲ့ Thai Lee လည်း ဘီလီယံနာ စာရင်းမှာ ပါလာခဲ့ပါတယ်။ အခု တကမ္ဘာလုံးက ဘီလီယံနာ စာရင်းမှာ အမျိုးသမီး ဘီလီယံနာ ၂၂၇ ဦး ပါရှိတာ တွေ့ရပြီး ဒီထဲက ၁၀ ဦးကတော့ သူတိ့ုရဲ့ အိမ်ထောင်ဖက် ဒါမှမဟုတ် ဆွေးမျိုးသားချင်းတွေနဲ့အတူ လုပ်ငန်းပူးတွဲတည်ထောင်လုပ် ကိုင်ချမ်းသာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံအလိုက် ချမ်းသာမှုအများဆုံး စာရင်းမှာတော့ အမေရိကန်ကပဲ ဦးဆောင်နေဆဲ ဖြစ်ပြီး အရင်နှစ်က ၅၄၀ ဦး ရှိရာ ကနေ အခုနှစ်မှာ ၅၆၅ ဦး ထိ ရှိလာခဲ့ပါတယ်။

တရုတ်က ၃၁၉ ဦး၊ ဟောင်ကောင်က ၆၇ ဦး၊ မကာအိုက ၁ ဦး၊ ဂျာမနီက ၁၁၄ ဦး၊ အိန္ဒိယက ပထမဆုံး ဦးရေ ၁၀၀ ကျော် ဘီလီယံနာ ဖြစ်လာပြီး အခုနှစ်မှာ ၁၀၁ ဘီလီယံနာထိအောင် ရှိလာခဲ့တာ တွေ့ရပါတယ်။

အရင်နှစ်စာရင်းမှာ ပါဝင်သူတွေထဲက ၇၈ဦးကတော့ အခုစာရင်းမှာ ဆက်လက် ပါဝင်လာတော့ခြင်း မရှိဘဲ တရုတ်က ၃၃ ဦး၊ အမေရိကန်က ၇ ဦး၊ အခြား ၉ ဦးတို့ဟာ ရှယ်ယာလုပ်ငန်းတွေ ခွဲဝေလိုက်ခြင်း၊ အမွေကဲ့သို့ ခွဲဝေလိုက်ခြင်းတွေကြောင့် ဘီ လီယံနာတွေဖြစ်နေသည့်တိုင်အောင် ပိုင်ဆိုင်မှုကို အတည်ပြုသတ်မှတ်လို့ မရတော့တာကြောင့် အခုစာရင်းမှာ ထည့်မတွက် တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ နှစ်အတွင်းက ဘီလီယံနာ ၂၀ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ သူတို့ထဲမှာ Enterprise ကား အငှားလုပ်ငန်းတည်ထောင်သူ Jack Taylorနဲ့ Michael Ilitch လို ပုဂ္ဂိုလ်မျိုးတွေ ကွယ်လွန်သွားကြတာလည်း ဖြစ်ပါ တယ်။

Ref: www.forbes.com

Your Thoughts …
Tags: ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

No Content Available
Next Post
အိမ်ဖြူတော်ကို လာလည်ဖို့ ထိုင်းဝန်ကြီးချုပ်ကို သမ္မတဒေါ်နယ်ထရမ် ဖိတ်ကြား

အိမ်ဖြူတော်ကို လာလည်ဖို့ ထိုင်းဝန်ကြီးချုပ်ကို သမ္မတဒေါ်နယ်ထရမ် ဖိတ်ကြား

အရစ်ကျ ရင်ကြားစေ့နိုင်ပြီ

အရစ်ကျ ရင်ကြားစေ့နိုင်ပြီ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

2 days ago
3.2k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate