• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဘတ်စ်ကားလက်မှတ် အွန်လိုင်းမှာ ဝယ်နိုင်ပြီ

by Casey Hynes
5 May 2017
in စီးပွားရေး
A A
Ignite Software Solutions ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Star ticket ကို တည်ထောင်သူ မသက်မွန်အေး / http://www.dealstreetasia.com

Ignite Software Solutions ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Star ticket ကို တည်ထောင်သူ မသက်မွန်အေး / http://www.dealstreetasia.com

18.6k
VIEWS
Share on FacebookShare on Twitter

၂၀၁၄ ခုနှစ်တွင် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် လုပ်ငန်း လုပ်ကိုင်ခွင့် ပေးလိုက်သည့် အချိန်မှ စ၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ သိသာ ထင်ရှားစွာ ကြုံတွေ့လာရသည်။ ဆင်းကဒ် ဈေးနှုန်းများ ကျဆင်းသွားပြီး မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုက တရှိန်ထိုး မြင့်တက်လာခဲ့သည်။ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် စီးပွားရေးလုပ်ငန်း အသစ်များ လည်းပေါ်ပေါက်လာသည်။

သို့သော်လည်း လုပ်ငန်း ကဏ္ဍအားလုံးက လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့သည် မဟုတ်ပါ။ ထို အထဲတွင် ခရီးသွားလုပ် ငန်းက တခု အပါအဝင်ဖြစ်သည်။ ကားနှင့်သွားခြင်းက ရထားစီး၍ သွားခြင်းထက် ပို၍ အလုပ်ဖြစ်သည်ဟု ယူဆထားကြ သော်လည်း ကားလက်မှတ် ကြိုတင်ဝယ်ယူနိုင်ရေးက အနည်းငယ် ခေါင်းကိုက်ချင်စရာ ဖြစ်သည်။ စွန့်ဦးတီထွင် လုပ် ငန်း ရှင် မောင်နှမ ၂ ဦး ဖြစ်သည့် မသက်မွန်အေး နှင့် ကိုဇာနည်နွေဦး တို့၏ Star Ticket ဝက်ဘ်ဆိုက်က မြန်မာနိုင်ငံ၏ မော်တော်ကားပို့ဆောင်ရေး စနစ်ကို ဒီဂျစ်တယ်ခေတ်သို့ ရောက်ရှိစေမည့် လမ်းတခု ဖြစ်လာသည်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
534
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.3k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.6k

“၂၀၁၄ ခုနှစ်တုန်းက သူငယ်ချင်းတယောက်က ရန်ကုန်ကနေ ပုဂံကို သွားချင်လို့ လက်မှတ်တစောင် ဝယ်ချင်နေတဲ့ အချိန်မှာ ကျမတို့ စိတ်ကူးရခဲ့ တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ ဘယ်မှာမှ လက်မှတ်ရှာလို့ မရပါဘူး။ လက်မှတ်ရောင်းတဲ့ ဆိုင်တွေ အကုန်လုံးက ပိတ်ကုန်ကြပြီ။ ဒါကြောင့် ကျမတို့ က လက်မှတ်ရောင်းတဲ့ ဝက်ဘ်ဆိုက်တခု ဘာကြောင့် မလုပ် နိုင်ရမှာလဲလို့ တွေးမိခဲ့ပါတယ်” ဟု မသက်မွန်အေးက အီးမေးလ်မှ တဆင့်ပြောကြားခဲ့သည်။ သူတို့ ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော ကုမ္ပဏီ ဖြစ်သည့် Ignite ၏ အောက်တွင် Star Ticket ဝက်ဘ်ဆိုက်ကို စတင်ခဲ့ကြသည်။

ကား လက်မှတ်များကို Star Ticket ဝက်ဘ်ဆိုက် သို့မဟုတ် အပလီကေးရှင်းမှ တဆင့်သော်လည်းကောင်း စတိုးဆိုင်များ ကဲ့ သို့ သော လက်မှတ်ရောင်းကိုယ်စားလှယ်များမှ တဆင့်သော်လည်းကောင်း ဝယ်ယူနိုင်မည် ဖြစ်သည်။ ကားလက်မှတ် ရောင်းချခြင်း ဖြင့် အပိုဝင်ငွေ ရှာဖွေလိုသူများကို ကုမ္ပဏီမှ ကိုယ်စားလှယ် အပလီကေးရှင်း ပေးထားသည်။ ကားလက်မှတ် ဝယ်လိုသူများက (အွန်လိုင်းမှ မဟုတ်ဘဲ) အရောင်းဆော့ဖ်ဝဲ အသုံးပြုသော ကိုယ်စားလှယ်များထံမှ လည်း တိုက်ရိုက် ငွေချေဝယ်ယူ နိုင်ပါသည်။

“ကျမတို့က အနာဂတ်မှာ ကိုယ်စားလှယ်တွေ ကားလက်မှတ် တိုက်ရိုက်ဝယ်တဲ့သူတွေ ပိုများလာပြီး လုပ်ငန်း ဖွံ့ဖြိုးလာစေ ချင်ပါတယ်။ လက်ရှိ အချိန်မှာတော့ အမျိုးသားတွေ အမျိုးသမီးတွေ အပိုဝင်ငွေရှာဖို့ အတွက် အထောက်အကူ ဖြစ်အောင် ကိုယ်စားလှယ် အပလီကေးရှင်းကို သုံးကြဖို့ ကျမတို့ အားပေးတိုက်တွန်းနေပါတယ်” ဟု မသက်မွန်အေး ကပြောသည်။

လိုအပ်ပါက Star Ticket မှ ဝန်ထမ်းများက ဝယ်သူများထံ လက်မှတ်များ ပို့ဆောင်ပေးလိမ့်မည် ဖြစ်သလို ခရီးစဉ်နှင့် ပတ် သက်၍ အကြံပေးမှုများလည်း ပြုလုပ်ပေးသည်။ ပြည်တွင်း ခရီးသွားမှာ ကားလက်မှတ်ဝယ်ယူနိုင်ရန် ပြုလုပ်ပေးသည့် နည်းတူ Star Ticket က နိုင်ငံခြား ခရီးသည်များကို လည်းကူညီနေပါသည်။ မြန်မာနိုင်ငံ တလွှားမှ ထင်ရှားသည့် ခရီးသွား နေရာများသို့ သွားရောက်ချင်သူများ အနေဖြင့် ကိုယ်တိုင်ဆောင်ရွက်ပါက ယာဉ်လိုင်း အများအပြားနှင့် ဆက်သွယ်ဆောင် ရွက်ရမည် ဖြစ်ပြီး အချိန်မီ ကားလက်မှတ် ရရှိရေး အတွက် အခက်အခဲဖြစ်နိုင်သည်မှာ ပြောရန် လိုမည် မဟုတ်ပါ။

“ကမ္ဘာလှည့် ခရီးသည် အများစုက လေယာဉ်လက်မှတ် ဝယ်တာ ကနေ ဟိုတယ် အခန်းကြိုတင်မှာကြားတာ အထိ အွန်လိုင်းကတဆင့် ငွေ ချေကြတယ်။ တချို့ကတော့ တပတ်လောက်ပဲ လာလည်ကြတဲ့ အခါ အဝေးပြေးကားလက်မှတ် ရအောင် မဝယ်နိုင်ဘူးဆိုရင် တကယ်ကို ခက်ခဲသွားပါလိမ့်မယ်။ ကျမတို့ ရဲ့လေ့လာမှုတွေ အရ ကမ္ဘာလှည့် ခရီးသည် အများစုက အဝေးပြေးကားတွေ စီးတဲ့ နည်းကို စတင်ရွေးချယ်လာကြပါပြီ” ဟု မသက်မွန်အေး က Deal Street Asia သို့ ပြောသည်။

Star Ticket က မော်တော်ယာဉ်လုပ်ငန်း အများအပြားနှင့် ချိတ်ဆက်ထားသည်။ ယခုအခါတွင် ရန်ကုန်-မန္တလေး ခရီးစဉ် ကဲ့သို့သော နယ်ဝေး ခရီးစဉ်များကို ဦးစားပေး လုပ်ဆောင်နေသည်။ ၂၀၁၆ ခုနှစ် အထိ လက်မှတ်ရောင်းကိုယ်စားလှယ် ၅၀၀ ကျော် နှင့် အလုပ်လုပ် နေပြီး လစဉ် ကားလက်မှတ် ၂၂၀၀ ကျော်ရောင်းချပေးနေသည်။

ပြည်သူများကို အွန်လိုင်းမှ ကားလက်မှတ်ဝယ်ယူခြင်း နှင့် အသားကျလာအောင်ဆောင်ရွက်ခြင်းက မြန်မာနိုင်တွင် နည်း ပညာသစ်များ နှင့် ဒီဂျစ်တယ် စနစ် ဖွံ့ဖြိုးလာစေရေးကို အထောက်အကူဖြစ်စေမည့် Ignite ၏ ရည်မှန်းချက်များထဲမှ တ စိတ် တပိုင်း ဖြစ်သည်။ “ကျမတို့လို နည်းပညာကုမ္ပဏီတွေ အတွက် စိန်ခေါ်မှုကတော့ မြန်မာနိုင်ငံက ပြည်သူတွေက အခုထိ နည်းပညာနဲ့ အသားမကျသေးတာပါပဲ” ဟု မသက်မွန်အေး က Deal Street Asia နှင့် အင်တာဗျုးတွင် ပြောသည်။

Star Ticket က ၂၀၁၅ ခုနှစ် Asean Entrepreneurship Summit တွင် နည်းပညာ ကုမ္ပဏီ သစ်တခု အနေဖြင့် Rice Bowl Startup Award ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် ပြည်တွင်း နည်းပညာကုမ္ပဏီတခု ဖြစ်သည့် BOD Tech ထံမှ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂၀၀၀၀၀ ရရှိခဲ့သည်။

“လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံရဲ့ ကားလက်မှတ်လုပ်ငန်းမှာ ပင်မ အခြေခံ ဖြစ်လာဖို့ နဲ့ တခြားလက်မှတ် တွေကို လည်း ဝန်ဆောင်ပေးနိုင်ဖို့ ကျမတို့ မျှော်လင့်ထား ပါတယ်” ဟု မသက်မွန်အေးက ထိုအချိန်တွင် ပြောကြားခဲ့ကြောင်း Yahoo တွင် ဖော်ပြထားချက် အရ သိရသည်။ သူ နှင့် ကိုဇာနည်နွေဦး တို့သည် Forbes Asia ကရွေးချယ်သည့် ၂၀၁၆ ခု နှစ်အတွက် အာရှဒေသမှ အသက် ၃၀ အောက် ထူးချွန်အောင်မြင်သူ ၃၀ စာရင်းတွင်ပါဝင်ခဲ့ကြသည်။

မသက်မွန်အေး နှင့် ကိုဇာနည်နွေဦး တို့မောင်နှမ က သူတို့ ကြိုးစားနေသည့် အပေါ်တွင် ဆက်လက်၍ အာရုံစိုက်ထားကြသည်။

“ကျမတို့က analog စနစ်ကနေ ဒီဂျစ်တယ် စနစ်ကို ပြောင်းလဲ ခြင်းအားဖြင့် စီးပွားရေး လုပ်ငန်းတွေ အချင်း ချင်း ဆက် သွယ်ထားတဲ့ ကွန်ရက်တခုကို ဖန်တီးနေပါတယ်။ မော်တော်ယာဉ် လုပ်ငန်းရှင်တွေကို ကူညီနေပါတယ်” ဟု မသက် မွန် အေးက ပြောသည်။

( www.forbes.com ပါ Casey Hynes ၏ Bus Ticketing In Myanmar Goes Digital, Thanks To This Brother-Sister Team ကို ဘာသာပြန်ဆိုသည်)

Your Thoughts …
Tags: ဘတ်စ်ကားလက်မှတ်
Casey Hynes

Casey Hynes

...

Similar Picks:

No Content Available
Next Post
“မိုးကျရွှေကိုယ်များ” ကို ထပ်မံ မခန့်တော့ဟု ရာထူးဝန်အဖွဲ့ပြော

“မိုးကျရွှေကိုယ်များ” ကို ထပ်မံ မခန့်တော့ဟု ရာထူးဝန်အဖွဲ့ပြော

ဗာတီကန်မြို့တော်တွင် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည် / Reuters

ပြည်တွင်းရေးကို ပြည်ပမှာ ကာကွယ်ပြောဆိုနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate