စီးပွားရေး

လူငယ်တွေ အကြိုက် ဒီဇိုင်းနဲ့ OPPO F3 စမတ်ဖုန်း

Want create site? Find Free WordPress Themes and plugins.

OPPO စမတ်ဖုန်းကုမ္ပဏီမှ ထုတ်လုပ်တဲ့ အရှေ့ဘက် Selfie ကင်မရာ ၂ လုံးပါဝင်ပြီး Group Selfie ကောင်းကောင်း ရိုက်ကူးနိုင်မယ့် OPPO F3 စမတ်ဖုန်းကို မေလ ၄ ရက် နေ့က မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။

OPPO F3 ရဲ့ ထူးခြားချက်တွေက အရှေ့ဘက် Selfie ကင်မရာ ၂ လုံးပါဝင်ပြီး ပုံမှန် Selfie ဓာတ်ပုံ များအတွက် 16 Megapixel အရည်အသွေးရှိ ကင်မရာ နဲ့ Group Selfie ပုံများအတွက် မြင်ကွင်း ၂ ဆ ပိုကျယ်တဲ့ 8 Megapixel (Ultra-Wide Angle) ကင်မရာတို့ ပါဝင်တာ ဖြစ်ပါတယ်။

နောက်ဘက် ကင်မရာ အရည်အသွေး 13 Megapixel Rear အသုံးပြုထားပြီး ၅ ဒသမ ၅ လက်မ အရွယ်အစား ရှိတဲ့ မျက်နှာပြင်ကို Full HD In-Cell ဖန်သားပြင်နဲ့ ပြုလုပ်ထားတာ တွေ့ရပါတယ်။ OPPO F3 မှာ Beautify 4.0 နဲ့ အတူ Bokeh Effect လည်း ပါဝင်တာကြောင့် လှပတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
“ကျနော်တို့ OPPO စမတ်ဖုန်းဟာ Young & Fashion ဆိုတဲ့ ငယ်ရွယ်ပြီး ခေတ်ရေစီးကြောင်းမှာ ဖက်ရှင်ကျကျ လူငယ်တွေ အကြိုက် ဒီဇိုင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ လူငယ်တွေ အတွက် Selfie ခေတ်မှာ Group Selfie Trendsetter ဆိုတဲ့ အမှတ်တံဆိပ် ဖြစ်အောင် OPPO F3 ကို ဖန်တီးထား ပါတယ်” လို့ OPPO Myanmar ရဲ့ PR Specialist ကိုဝေဖြိုးအောင်က ပြောပါတယ်။

F3 ဖုန်းမှာ Memory အနေနဲ့ 4GB RAM နဲ့ 64GB ROM တို့ ပါဝင်ပြီး 4G Nano SIM-card ၂ ခုနဲ့ micro SD Card တကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် Card Tray ၃ ခု ပါဝင်ပြီး Memory ကို 128GB အထိ တိုးမြှင့် အသုံးပြုနိုင်တယ် လို့ သိရပါတယ်။ CPU ကို MT67500T, Octa-core Processor အသုံးပြုထားတာ တွေ့ရပါတယ်။

ဘက်ထရီအား ပမာဏ 3200 mAh ပါဝင်ပြီး Lightning-Fast Touch Access ကို အသုံးပြုထားတဲ့ F3 ဖုန်းဟာ Home-button ကို သုည ဒသမ ၂ စက္ကန့်အတွင်း Screen Lock ဖွင့်ပေးနိုင်တဲ့ လက်ဗွေစနစ် တို့ ပါဝင်ပါတယ်။

OPPO F3 စမတ်ဖုန်းကို တန်ဖိုးအားဖြင့် မြန်မာငွေ ၄ သိန်း ၁ သောင်း ၉ ထောင် ကျပ်၊ အရောင် အားဖြင့် ရွှေရောင်နဲ့ ရရှိနိုင်မှာဖြစ်ပြီး မေလ ၁၃ ရက်နေ့မှ စတင်ပြီး အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနိုင်ငံတို့မှာ တပြိုင်နက်တည်း ရောင်းချသွားမယ် လို့ သိရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading