ဆိုင်ကယ်စီးနင်းမှု အများဆုံး ပြည်တွင်းအနေအထားမှာတော့ ဆိုင်ကယ်အမှတ်တံဆိပ် စုံစုံ၊ အင်ဂျင်အရွယ် အစားစုံစုံနဲ့ လိုချင်တဲ့ ပုံစံရအောင် ဈေးကွက်ဝင်နေတဲ့ အနေအထားကတော့ သဘောကျစရာပါ။ အခုလည်း ဂျပန် အ ခြေစိုက် Yamaha ရဲ့ ရုပ်ထွက်ဆန်းဆန်းနဲ့ ဈေးကွက်ဝင်လာတဲ့ မော်ဒယ် TTX အကြောင်း ပြောပြချင်ပါတယ်။
ဒီမော်ဒယ်ထွက်လာရခြင်း အကြောင်းလည်း နည်းနည်း ပြောချင်ပါသေးတယ်။ Scooter တန်းဝင်မော်ဒယ်ဆိုတာ မောင်း နှင်ရ အထူးလွယ်တဲ့ ဆိုင်ကယ်စနစ်ပါ။ ဂီယာချက် ပြောင်းမောင်းစရာလည်း မလိုဘူး။
လက်ကိုင်နဲ့ဘရိတ်တွေကလည်း စက်ဘီးအတိုင်းပဲ။ ဒီတော့ အမျိုးသမီးစီးဆိုင်ကယ်အဖြစ် လူကြိုက်များပါတယ်။ ဦးဆုံး Yamaha Fino ထွက်လာပါတယ်။ ချစ်စရာကောင်းတဲ့ ရုပ်ထွက်လေးနဲ့ပါ၊ အောင်မြင်မှုလည်း အမြင့်ဆုံးရောက်ခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ ပြိုင်ဘက် Honda Clickရောက်လာချိန်မှာတော့ Finoရဲ့ နေရာ ပျောက်သွားပါတယ်။
Click ကို ဒေသအခေါ် စက်ရုပ်လို့ ခေါ်ပြီး အချိုးအဆစ်က Fino လို ချစ်စရာကောင်းတာ မဟုတ်ဘဲ ဆွဲဆောင်မှု ရှိတာပါ။ အခုတော့ TTX က Click မော်ဒယ်ကို ဈေးကွက်ပြိုင်ဖို့ စက်ရုပ် ရုပ်ထွက်ဆန်ဆန် Clickဆန်ဆန် ပွဲထွက်လာတဲ့ မော် ဒယ်ပါ။ ကောင်းပါပြီ။ မော်ဒယ်အကြောင်း ဆက်ကြည့်ရအောင်ပါ။
အင်ဂျင်စနစ်က Four-Stroke ဖြစ်ပြီး အင်ဂျင် အရွယ်အစားမှာ Clickက ၁၂၅ စီစီသုံးနဲ့ လာပေမယ့် TTX ကတော့ ၁၁၅ စီစီသုံးနဲ့ လာပါတယ်။ မြို့တွင်းသုံးအတွက် ဆီစားပိုနည်းပြီး အဆင်ပြေသွားပေမယ့် ခရီးဝေးမောင်းနှင်မှုနဲ့ ဝန်တင်ဆောင် နိုင်မှု အပိုင်းမှာတော့ Click လောက် မကောင်းပါဘူး။
အင်ဂျင်က အိတ်ဇောကြောင့်ရော အရွယ်အစားကြောင့်ပါ တည်ငြိမ်လွန်းလှပါတယ်။ အသံထွက် တိုးတယ်၊ တုန်ခါမှု ငြိမ် တယ်၊ စွမ်းဆောင်ရည် ကောင်းတယ်၊ ဆီစားနှုန်း ချိုသာတယ်၊ သဘောကျစရာပါ၊ ပြီးတော့ ရုပ်ထွက်က Click တွေနဲ့ မတူ အောင် ရှေ့မီးကြီးကို အရွယ်သေးသေးနဲ့ အဝိုင်းပုံစံ ဖန်တီးထားပါတယ်။
လက်ရှိ ဈေးကွက်ဝင်မော်ဒယ်တွေထဲမှာ အခု TTX ကို မီးကြီးနဲ့ ရုပ်ထွက်မရှိပါဘူး။ ပေါ်လွင်မှုတော့ ပေးနိုင်လွန်းပါတယ်။ TCI မီးပွင့်စနစ်နဲ့လာတယ်၊ အင်ဂျင်အတွင်းခန်းကို ဆီတိုက်ရိုက်ထိုးသွင်းမှု ပုံစံ၊ ဂီယာချက်က CVTလို Auto သွားမှာပါ။ ဂီယာချက် ပြောင်းလဲမောင်းနှင်စရာ မလိုဘဲ လီဗာတင်ရင်မြန်မယ်၊ လီဗာချရင် နှေးမယ်၊ မောင်းနှင်လို့ အလွယ်ဆုံးပါပဲ။
ဆီကို Octane 91 ကို အနိမ့်ဆုံးသုံးပါ၊ သူ့ထက် မြင့်တဲ့ Grade တွေကို ထည့်သုံးရင် ပိုကောင်းပါတယ်။ ဆီတိုင်ကီက ၄.၈ လီတာထိအောင် ဆီဖြည့်နိုင်မှာပါ။ အင်ဂျင်ဝိုင်က ၁လီတာ ဖြည့်စရာမလိုပါဘူး။ ဝ.၈လီတာပဲ ထည့်ရမှာပါ။ နောက်ဘီးကို အားပို့ပုံက ချိန်းနဲ့ မသွားဘဲ V-Belt နဲ့ သွားပါတယ်။ ရေရှည်လည်း ပိုခံသလို လဲလှယ်စရိတ်လည်း နည်းပါတယ်။
ကိုယ်ထည်က သံမဏိအထိုင်၊ ဆီအပြည့်ဖြည့်ထားချိန် ဆိုင်ကယ်ရဲ့အလေးချိန် ၉၉ ကီလိုဂရမ် ရှိမှာပါ။ ပေါ့ပါးပါတယ်။ Suspension ကို နောက်ဘက်မှာ Unit Swing Arm ထိုင်ထားပြီး Double ပုံစံထက် ရိုးရှင်း ကောင်းမွန်လာပါတယ်။ ဘ ရိတ်ကတော့ Drums နဲ့ ထိန်းပါတယ်။
ဘီးတွေက Alloy နဲ့ မလာဘဲ Spoke နဲ့လာပါတယ်။ ပြည်တွင်းမှာတော့ Alloy နဲ့ လိုချင်ရင် လဲပေးသူတွေ ရှိပါတယ်။ ဈေး နှုန်း ကျပ် ၅သောင်းလောက် အလိုက်ပေးရပေမယ့် Oriလောက်တော့ သဘောမကျချင်ပါဘူး။
ဈေးနှုန်းကတော့ ၂၀၁၅ ခုနှစ် မော်ဒယ်ဆိုရင် အရောင်စုံ ပိုရနိုင်ပြီး မန်းလေးနဲ့ အထက်ပိုင်း မုံရွာ၊ ရွှေဘို၊ မြင်းခြံနယ်တွေမှာ လူကြိုက်များပြီး ဈေးနှုန်း ၁၉သိန်းနဲ့ မော်ဒယ်နိမ့်ဖြစ်လို့ အကျဘက်မှာ ရှိပါတယ်။
၂၀၁၆မော်ဒယ်တွေကတော့ ပဲခူးနဲ့ တောင်ငူနယ်တွေမှာ လူကြိုက်များပြီး ၂၃သိန်းလောက် ပေါက်ပေမယ့် အရောင်စုံ သိပ် မရဘူးလို့ ဒေသဈေးကွက်ကနေ သိရပါတယ်။ အခုနှစ် မော်ဒယ်ကတော့ တချို့လည်း ရပြီဆိုပေမယ့် ဈေးကွက်တိုင်းမှာ မရှိသေးဘဲ ၂၅သိန်းလောက် ဈေးပေါက်နေတယ်လို့ သိရပါတယ်။