ပြည်တွင်းအနေအထားမှာတော့ လျှပ်စစ်ကား အသုံးပြုမှုက တော်တော်လေး နည်းပါးသေးတယ်။ Used တွေ အဖြစ်နဲ့ဝင်လာကြပြီး မြို့တွင်းသုံးသီးသန့်အနေနဲ့ သုံးချင်သူတွေပဲ လျှပ်စစ်ကား ဝယ်ကြပြီး အများစုကတော့ ဆီစားနှုန်း သက်သာချင်ရင်တောင် Hybrid မော်ဒယ်ကိုပဲ ရွေးချယ်ကြပါတယ်။
အကြောင်းရင်းကတော့ ခရီးဝေး စိတ်ကြိုက်မောင်းနှင်နိုင်မှု မရှိလို့ပါ။ ဒါပေမယ့် တဖြည်းဖြည်း တွင်ကျယ်လာနေတဲ့ အနေ အထားမှာတော့ အရင်က ပုံမှန်အင်ဂျင်တပ် မော်ဒယ်တွေ လူစီးများနေရာကနေ အခုဆို Hybird တွေကို နှစ်သက်လာကြ ပါပြီ။
မကြာခင်မှာလည်း လျှပ်စစ်ကားတွေကို ရွေးချယ်လာကြဖို့ ရှိနေတာပါ။ အခုတော့ နိုင်ငံတကာဈေးကွက်မှာ Hondaရဲ့ လျှပ်စစ်ကားဈေးကွက်နေရာ ပိုင်ဆိုင်မှုအတွက် ထုတ်လုပ်ရောင်းချလာတဲ့ မော်ဒယ် Clarity အကြောင်း နည်းနည်းပြော ပြချင်ပါတယ်။
စိတ်ကြိုက်ဖြစ်မိတာကတော့ စွမ်းအင်အတွက် အဓိက လိုအပ်တဲ့ ရေကို ၃ မိနစ်ကနေ ၅ မိနစ်အတွင်း ပြန်ဖြည့်နိုင်မယ်။ အားသွင်း လျှပ်စစ်ကားတွေမှာတော့ အားပြန်သွင်းဖို့ အနည်းဆုံး အချိန် နာရီနဲ့ ချီပြီး ကြာနိုင်ပါတယ်။
အားသွင်းကားတွေထက် ခရီးမိုင် ၃၅၀ကျော် တဆက်တည်း ရောက်နိုင်ပါတယ်။ ဆီဖိုးကုန်ကျမှု လုံး၀ မရှိတော့ပါဘူး။ ဒါ ပေမယ့် ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်ပေးမှုစနစ်က အကောင်းဆုံး မဟုတ်သေးပါဘူး။ ပြီးတော့ ကားအတွင်းခန်း သတင်း အချက်အလက်ပြစနစ်မှာလည်း လိုအပ်ချက် ရှိနေသေးလို့ပါ။
ဒီမော်ဒယ်က ရှေ့ဘီးယက်စနစ်နဲ့ပါ၊ လေထဲက အောက်ဆီဂျင်နဲ့ လျှပ်စစ်နဲ့ ပေါင်းပြီး လိုအပ်တဲ့စွမ်းအင်ကို ထုတ်လုပ်ပေး မယ့် လျှပ်စစ်အင်ဂျင်ကို တပ်ဆင်ထားတာပါ။ ရေကိုလည်း စွမ်းအင်ထုတ်လုပ်မှုအတွက် အကူအဖြစ် ရယူသုံးပါတယ်။
မော်ဒယ်ခွဲအနေနဲ့ ရွေးချယ်နိုင်စရာ မရှိပါဘူး။ လျှပ်စစ်အင်ဂျင်က ရုန်းအား ၂၂၁ ပေါင်-ပေ ထိအောင် ရှိပြီး စွမ်းအင်အနေ နဲ့တော့ မြင်းကောင်ရေ ၁၇၄ ကောင်အား ထုတ်လုပ်ပေးနိုင်မှာပါ။ ဂီယာပိုင်းမှာ CVT ပုံစံပါ။ Hydrogen ကို အဓိကထည့် သွင်းရေကနေ ရယူပြီး အဓိက အသုံးပြုလည်ပတ်မှာပါ။
ရေတိုင်ကီထဲကို ရေ မပြည့်ဘဲ ထည့်သွင်းစီးနင်းမယ်ဆိုရင် ခရီးမိုင် ၃၆၆ မိုင်အတွက် လုံလောက်မယ့် ဟိုက်ဒရိုဂျင် ထုတ် ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လုံး၀ မရှိပါဘူး။
ကိုယ်ထည်ပိုင်း ပေါ့ပါးအောင် ဖန်တီးထားပြီး သူလည်း မြို့တွင်းသုံးမော်ဒယ်အနေနဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ အခြား လျှပ်စစ်ကားတွေနဲ့ မတူတာက ပုံမှန် လျှပ်စစ်ကားတွေက ဘက်ထရီကို အားဖြည့်၊ အဆိုပါ ဘက်ထရီနဲ့ မောင်းနှင်ပြီး အား ကုန်ရင် ပြန်သွင်းဖို့ လိုအပ်တာ ဖြစ်ပေမယ့် အခု မော်ဒယ်ကတော့ စွမ်းအင် ထုတ်ပေးဖို့ လျှပ်စစ်အင်ဂျင်ပါတယ်။
အဆိုပါလျှပ်စစ်အင်ဂျင်ကနေ လိုအပ်တဲ့လျှပ်စစ်ကို ထုတ်ပေးဖို့ ရေတိုင်ကီထဲက ရေကို သုံးပြီး ဟိုက်ဒရိုဂျင်စွမ်းအင်က နေ လျှပ်စစ်ပုံစံ ပြောင်းလဲ ရယူခြင်းဖြစ်ပါတယ်။ ထွက်ရှိ လျှပ်စစ်အားကို သိမ်းဆည်းဖို့ Lit-ion ဘက်ထရီကိုလည်း ထည့်ထား ပါတယ်။ ကိုယ်ထည်ကို ပေါ့ပါးအောင် အမိုးသားမှာ အလူမီနီယမ်နဲ့ ဖန်တီးထားတာပါ။
စွမ်းဆောင်ရည် ဦးစားပေးမော်ဒယ်မဟုတ်ပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တနာရီ မိုင် ၆၀နှုန်းကို ၈.၄ စက္ကန့် ပဲ ယူပါတယ်။ အဆိုပါ အမြန်နှုန်းကနေ ရပ်တန့်မယ်ဆိုရင်တော့ အကွာအဝေး ၁၂၉ ပေမှာ ရပ်တန့်မှာပါ။ အမြန်ဆုံး မောင်း နှင်နိုင်မှုကတော့ တနာရီ ၁၀၅ မိုင်ပါ။
ပြည်တွင်းမှာတော့ အားသွင်းမှုပုံစံနဲ့ လျှပ်စစ်ကားတွေပဲ ရှိနေသေးပြီး Mitsubishi i-MiEV ဆိုရင် ၂၀၁၀ ခုနှစ်ထုတ် မော် ဒယ်လောက်ကို ဈေးနှုန်းသိန်း ၉၀ ဝန်းကျင်၊ Nissan Leaf ဆိုရင် ၂၀၁၁-၁၂ခုနှစ် ဝန်းကျင်ထုတ်မော်ဒယ်တွေကို သိန်း ၁၂၀ ကနေ ၁၅၅ သိန်းအတွင်းနဲ့ ကားအရောင်းပြခန်းနဲ့ စင်တာတွေမှာ ရနိုင်ပါတယ်။
တပိုင်တနိုင် ကားပွဲစားတန်းတွေမှာ လျှပ်စစ်မော်ဒယ်တွေ ရနိုင်ပေမယ့် နောက်ပိုင်းအပိုပစ္စည်းနဲ့ ဝန်ဆောင်မှု အားနည်းလို့ သိပ်အားမပေးချင်ပါဘူး။
Honda အနေနဲ့ကတော့ ဈေးကွက်မှာ နေရာရဖို့ အခုမှ ကြိုးစားလာတာဖြစ်သလို Brand New အနေနဲ့ မတွင်ကျယ်သေး တဲ့ ပြည်တွင်းဈေးကွက်အနေအထားမှာ Clarity တွေ ရောက်လာဖို့ မလွယ်သေးပေမယ့် နိုင်ငံတကာဈေးကွက်မှာတော့ ၂၀၁၇ခုနှစ်ထုတ်မော်ဒယ်ကို ဒေါ်လာ ၅၉၃၆၅ နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Ref: www.edmunds.com