OnePlus 3 နဲ့ 3T မော်ဒယ်တွေ တဆက်တည်း ထွက်ရှိလာပြီး နောက်ပိုင်းမှာ OnePlus 4 အဖြစ် ခေါ်ရမှာ ဖြစ်ပေမယ့် တကယ်တမ်း OnePlus 5 အမည်နဲ့ ဖုန်းမော်ဒယ်သစ် ထွက်လာမယ် ဆိုတာ သေချာနေပါပြီ။ ကုမ္ပဏီကိုယ်တိုင်က The Verge ကို အတည်ပြု ပြောကြားခဲ့တာ ဖြစ်တယ်လို့ လည်း သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေ အတွင်းကမှ ဖုန်းထုတ်လုပ်မှု လုပ်ငန်းထဲ ခြေချလာတဲ့ OnePlus ကိုတော့ လူသိနည်းပါ သေးတယ်။ Hardware ပိုင်း အားကေင်းကောင်း ဖန်တီးနိုင်မှုနဲ့ အတူ ဈေးနှုန်း သင့်တင့်မှုတွေက လက်ရှိ ဈေးကွက်မှာ နေရာ တနေရာ ရရှိလာစေပါပြီ။ ကုမ္ပဏီကနေ နောက်ဆုံးထုတ် ဖုန်းမော်ဒယ်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာက ထွက်ရှိ ရောင်းချထားတာပါ။
ဒါနဲ့ OnePlus ကနေ မော်ဒယ်ကို နာမည်ပေးမှု အပိုင်းမှာ ဘာလို့ 4 ကို ကျော်ပြီး 5 လို့ ပေးရပါသလဲ။ အကြောင်းကတော့ OnePlus ရုံးစိုက်ရာ တရုတ်နိုင်ငံမှာ 4 ကို ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြလို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ကုမ္ပဏီက NBA ကစားသမား Robert Horry ကို သဘောကျပြီး သူ့ရဲ့ အကြံပေး စကားတွေကိုလည်း လက်ခံ အသုံးပြုလေ့ ရှိပါသတဲ့။ ဒီနေရာမှာလည်း Horryကို ရုံးချုပ်ကို ဖိတ်ခေါ်ပြီး နံပတ် ၄ နဲ့ ၅ ပါရှိတဲ့ ဝတ်စုံနှစ်ခုထဲက တခုကို ဝတ်ဆင်စေရာမှာ Horry က နံပါတ် ၅ ပါရှိတဲ့ ဝတ်စုံကို ဝတ်ခဲ့တာကြောင့် အခုလို မော်ဒယ်ရဲ့ အမည်က 4 ကို ကျော်ပြီး 5 ဖြစ်လာတာပါ။
ပြီးခဲ့တဲ့ ရက်အတွင်းမှာလည်း ကုမဏီရဲ့ CEO ဖြစ်တဲ့ Pete Lau က မော်ဒယ်သစ်နဲ့ ပတ်သတ်လို့ စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနဲ့ မကြာခင် ဈေးကွက် အတွင်းရောက်လာနိုင်ကြောင်း၊ မော်ဒယ်သစ်ရဲ့ ပုံတချို့ကို သူ့ရဲ့ Weibo မှာ တင်ပြခဲ့တာလည်း တွေ့ရပါတယ်။ ဒါပေမယ့် အခုထိ ဖုန်းရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါ။
ဘက်ထရီ၊ ကင်မရာ၊ Android Version၊ အရွယ်အစား၊ အလေးချိန် စတဲ့ အရေးကြီး အချက်တွေပေါ့။ အတည်ပြုလို့ မရနိုင်ပေမယ့် ပေါက်ကြား သတင်းတွေ အရတော့ ဖုန်းမော်ဒယ်သစ်က ၅ ဒသမ ၅ လက်မ အရွယ် ပြသမျက်နှာပြင် ပါရှိမယ်၊ QHD ရုပ်ထွက်ကို ပြသပေးနိုင်မယ်၊ Pixel သိပ်သည်းဆ 2560×1440 p နှုန်း ရှိမယ်၊ 12 MP ရှိတဲ့ ကင်မရာကို Dual အနေနဲ့ နောက်ဘက်မှာ တပ်ဆင်ထားမယ်၊ ရှေ့ဘက် ကင်မရာကတော့ 8 MP ရှိမယ်၊ Processor က Qualcomm Snapdragon 835 ဖြစ်မယ်၊ RAM က 6GB ထိအောင် ပါမယ်၊ ရှေ့ဖက်မှာ လက်ဗွေဖတ်စနစ် တပ်ဆင်ထားမယ် လို့ ဆိုပါတယ်။ ဇွန်လဆန်းပိုင်းမှာ ဈေးကွက် ဝင်လာဖို့ ရှိပြီး မကြာခင် သတင်းပတ်အတွင်း တရားဝင် မိတ်ဆက် လာဖို့ ရှိနေပါတယ်။ ဖုန်းရဲ့ တန်ဖိုးက ဒေါ်လာ ၄၄၉ ခန့် ရှိမယ် လို့ သိရပါတယ်။
Ref: www.cnet.com