စီးပွားရေး

HP ထုတ် Laptop တွေမှာ လျှို့ဝှက် ခြေရာခံစနစ် ထည့်သွင်းထားသလား

Want create site? Find Free WordPress Themes and plugins.

HP ထုတ် Laptop သုံးနေသူတွေ အတွက် သတိပြုရမယ့် အချက် ဖြစ်လာနေပါပြီ။ အကြောင်းကတော့ ဆွစ်ဇာလန် အခြေစိုက် စောင့်ကြည့်သူ ModZero ရဲ့ လေ့လာချက်တွေ အရ HP ကွန်ပျုတာတွေထဲကို Audio ပိုင်း ဆိုင်ရာ Driver စနစ်ကို ထည့်သွင်း အသုံးပြုချိန်မှာ Keylogger ပုံစံမျိုး စနစ်တခု ရောနှော ပါရှိလာတာ တွေ့ရပြီး အဆိုပါ စနစ်က သင့်ရဲ့ ကွန်ပျူတာမှာ နှိပ်မိသမျှ ခလုတ်တွေကို Hard Drive ထဲမှာ လျှို့ဝှက်စွာ ဝင်ရောက် သိမ်းဆည်းထားခြင်းပဲ ဖြစ်ပါတယ်။

အခုလို Driver စနစ်ကို အသံပိုင်း ဆိုင်ရာ Chip တွေ ထုတ်လုပ်သူ Contextant က ဖန်တီးထားခဲ့တာ ဖြစ်ပြီး HP ထုတ် Laptop နဲ့ တက်ဘလက်ပေါင်း ၂ ဒါဇင်ကျော်လောက်မှာ ဒီစနစ် ပါရှိနေပြီး လူသုံးများတဲ့ HP Elitebook, ProBook နဲ့ ZBook မော်ဒယ်တွေမှာ အခုလို လျှို့ဝှက် သိမ်းဆည်း စနစ်မျိုး ပါရှိနေတာပါ။

ဒီ လျှို့ဝှက် မှတ်သားမှု စနစ်ထဲမှာ မိမိရဲ့ Password ပိုင်းဆိုင်ရာ ရိုက်နှိပ်မှု မှတ်သားချက်တွေကအစ မိမိ ဝင်ရောက် ကြည့်ခဲ့တဲ့ Website တွေကနေ နောက်ဆုံး သီးသန့် Chat ထားတဲ့ စာသားတွေကိုပါ ပြန်လည် စစ်ဆေး မြင်တွေ့နိုင်တာလည်း ဖြစ်ပါတယ်။ မိမိကွန်ပျူတာကို အခြားသူတယောက်က အဲဒီ Hard Drive မှာ မှတ်ထားသမျှ လျှို့ဝှက် မှတ်သားမှုတွေကို ဝင်ကြည့်တဲ့ အခါ မိမိ နောက်ဆုံး အသုံးပြုချက်တွေကို ပြန်ပြီး သိစေ၊ ကြည့်စေနိုင်နေတာလည်း ဖြစ်ပါတယ်။

Driver ကို စတင် ထည့်သွင်း အသုံးပြုချိန်မှာ အသုံးပြုသူဆီ ကနေ Confirm တောင်းလာချိန်မှာ အသုံးပြုသူ အနေနဲ့ Audio ပိုင်း ဆိုင်ရာ ထိန်းချုပ်မှုတွေ အတွက် Special Key ကို နှိပ်မိလိုက်တာနဲ့ အဆိုပါ Key အတွက် မှတ်သားမှုကို Driver စနစ်ကနေ မှတ်သား ထိန်းသိမ်းထားမယ် ဆိုတဲ့ အချက် ပါရှိခဲ့ပါတယ်။ ဒီအချက်ကို Accept လုပ်လိုက်တဲ့ အတွက် အခုလို Audio ပိုင်း ဆိုင်ရာ Key အသုံးတွေ အတွက်တင် မဟုတ်ဘဲ အခြား Key တွေကို သုံးမှုတွေ အတွက်ပါ Driver က အားလုံးကို လိုက်လံ မှတ်သားထားတာ ဖြစ်ပါတယ်။

အဲဒါအပြင် အခြားသူ တယောက်က Laptop အသုံးပြုသူရဲ့ နောက်ဆုံး အသုံးပြုမှုကို သိချင်တယ် ဆိုရင်လည်း Hard Drive ပေါ်မှာ ရှည်လျားတဲ့ ဖိုင်အနေနဲ့ အလွယ်တတူပဲ သိမ်းဆည်းထားတာကြောင့် Hack စရာ မလိုဘဲ Laptop ပိုင်ရှင်ရဲ့ နောက်ဆုံး အသုံးပြုမှုနဲ့ ခလုတ်နှိပ်မှုတွေ အားလုံးကို သိနိုင်နေတာ ဖြစ်ပါတယ်။

ဒီလို စနစ်က လျှို့ဝှက် စစ်ဆေးရေး ပုံစံတခု အနေနဲ့ မသိသာအောင် ထည့်သွင်းဖန်တီးလိုက်တဲ့ သဘော ဖြစ်စေတယ် လို့ ModZero က လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။ ဒီလို ဖိုင်တွေ HP ထုတ် မော်ဒယ်တွေ မှာ ပါရှိနေခဲ့တာဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ခရစ်စမတ် ကာလလောက် ကတည်းက ဖြစ်နိုင်တယ် လို့လည်း ပြောပါတယ်။

အခုလို လျှို့ဝှက် မှတ်သားမှုစနစ်ဟာ ကွန်ပျုတာကို တခါ Boot လိုက်တိုင်း (ကွန်ပျူတာ လုပ်ငန်းတခု စလိုက်တိုင်း) ပိုမိုတဲ့ သိမ်းဆည်းနိုင်မှု ပမာဏနဲ့ ဖိုင်ကို ချဲ့ပြီး ရေးမှတ် သိမ်းဆည်းထားတယ် လို့လည်း သိရ ပါတယ်။ အခုလို လေ့လာတွေ့ရှိချက်ကိုတော့ Chip ဖန်တီးသူ Contextant က ချက်ချင်း ရှင်းလင်းချက် မပေးသေး ပါဘူး။

HP ကတော့ မထင်မှတ်တဲ့ အမှား အယွင်းတခုလို့ ဆိုပြီး အခုချိန်ထိအောင် HP အသုံးပြုသူတွေ ဆီကနေ ဘယ်လို လျှို့ဝှက် မှတ်သားမှုကိုမှ ဝင်ရောက် ကြည့်ရှုမိခြင်း မရှိဘူးလို့ ရှင်းလင်းချက် ပေးတာ တွေ့ရပါတယ်။ HP အနေနဲ့ Contextant ဆီကနေ နည်းပညာ ရယူ ပေါင်းစပ်ပြီး ထုတ်ကုန် မော်ဒယ်တွ ထုတ်လုပ်နေသလို နောက်ပိုင်း မှာလည်း ဆက်လက် ဖန်တီးသွားမှာ ဖြစ်လို့ အခုလို လျှို့ဝှက် မှတ်သားမှုစနစ် အတွက် HP.com မှာ ဝင်ရောက်ပြီး ပြင်ဆင် စနစ်ကို ရယူ ထည့်သွင်း အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားတယ်လို့ ပြောပါတယ်။

Ref: www.cnet.com

Did you find apk for android? You can find new Free Android Games and apps.
Loading