မော်ဒယ်ကတော့ ပြည်တွင်းမှာပါ လူကြိုက်များနေတဲ့ Toyota ရဲ့ ဇိမ်ခံအမှတ်တံဆိပ် Lexus ရဲ့ SUV မော်ဒယ် တခုပါ။
Toyota Land Cruiser ကနေ အဆင့်မြင့် မော်ဒယ်အဖြစ် ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပြီး အတွင်းခန်း ကျယ်ဝန်းမှု၊ နည်း ပညာ အဆင့်မြင့်မားမှု၊ ကိုယ်ထည်ပိုင်း မာကျောပြီး စိတ်ချယုံကြည်ရမှု၊ ဆီစားနှုန်း သင့်တင့်ခြင်းတွေကြောင့် လူကြိုက်များ ပါတယ်။
အခုနှစ် မော်ဒယ်မှာတော့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ပါ အထူးကောင်းမွန်လာတာ တွေ့ရပြီး အထူးသဖြင့်တော့ လက် ကိုင်ပိုင်း စွမ်းဆောင်ရည် တည်ငြိမ်မှု အားကောင်းလာသလို ပေါ့ပါးသွက်လက်မှုတွေက လမ်းကြမ်းပိုင်းမှာ စမ်းသပ်မောင်း နှင်မှုမှာ ယာဉ်မောင်းနှင်သူအနေနဲ့ အားစိုက်မောင်းနှင်ရမှု အနည်းငယ်ပဲ လုပ်ဆောင်ရတာ တွေ့ရပါတယ်။
ပြီးတော့ နည်းပညာပိုင်း အဆင့်မြင့်မားကောင်းမွန်ပြီး တန်းတူ ပြိုင်ဘက် မော်ဒယ်တွေကို ကောင်းကောင်း နောက်ကောက် ချထားနိုင်တာ တွေ့ရပါတယ်။
ဒါပေမယ့် V8 အင်ဂျင်တပ် မော်ဒယ်တွေမှာ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ အားနည်းချက် တွေ့ချင်နေပြီး တန်းတူ မော်ဒယ်တွေနဲ့စာရင် အထနှေးချင်နေပါတယ်။
ပြီးတော့ အဆိုပါ အင်ဂျင်တပ်မော်ဒယ်တွေမှာ ဆီစားနှုန်းလည်း နည်းချင်ပါတယ်။ နောက်ဘက် ထိုင်ခုံတန်းအနေနဲ့ ပိုမို ကောင်းမွန်တဲ့ အရသာနဲ့ သက်တောင့်သက်သာ ဖြစ်မှုကို ပေးစွမ်းနိုင်ရမှာ ဖြစ်ပေမယ့် အကောင်းဆုံးအနေအထား မဟုတ် တာလည်း တွေ့ရပါတယ်။
နောက်ဖုံး တံခါး အဖွင့်၊ အပိတ် လုပ်ဆောင် အသုံးပြုရမှုလည်း အဆင်မပြေချင်ပါဘူး။ လက်ကိုင်ပိုင်း တည်ငြိမ်လာပေမယ့် ကိုယ်ထည် အရွယ်အစားကြောင့် ကွေ့လမ်းကြောင်း မောင်းနှင်မှုမှာ အကောင်းဆုံး ကွေ့ချိုးနိုင်မှု မရတာလည်း တွေ့ရပါ တယ်။
အခုနှစ် မော်ဒယ်မှာတော့ Sport Design ဆိုတဲ့ ပုံစံသစ် ရနိုင်လာပါတယ်။ ပုံမှန် မော်ဒယ်တွေနဲ့ မတူညီတဲ့ ဘီးအရွယ် အစား တပ်ဆင်မှု၊ လေဝင်ပေါက် ပုံစံ မတူညီမှု၊ စွမ်းဆောင်ရည် ပိုမို ကောင်းမွန်အောင် ထောက်ပံ့မှုစနစ်တွေ ပါရှိလာ ပါတယ်။
ဒုတိယ ထိုင်ခုံတန်းကို ပုံစံသစ်နဲ့ ဖန်တီးထားပြီး ဇိမ်ခံပုံစံထက် Sport ဆန်တဲ့ ဒီဇိုင်းနဲ့ တွေ့ရပါတယ်။ မော်ဒယ်ခွဲအနေနဲ့ ကတော့ ၂ မျိုးပဲ ရနိုင်ပါတယ်။ Base နဲ့ Luxury တွေ ဖြစ်ပါတယ်။
နည်းပညာ ထည့်သွင်းဖန်တီးမှု အပေါ်ကို မူတည်ပြီး မော်ဒယ်ခွဲ ကွဲပြားသွားတာ ဖြစ်ပေမယ့် အင်ဂျင်ပိုင်းမှာတော့ ၄.၆ လီတာသုံး V8 အင်ဂျင်နဲ့ပဲ ရနိုင်ပါတယ်။ ရုန်းအား ၃၂၉ပေါင်-ပေမှာ မြင်းကောင်ရေ ၃၀၁ ကောင်အား ထွက်ရှိမယ့်အင် ဂျင်ပါ။
လေးဘီးယက်စနစ်နဲ့ လာပါတယ်။ ၆ ချက်သုံး Auto နဲ့ သွားပါတယ်။ Tow ပမာဏ ပေါင် ၆၅၀၀ ထိအောင် ရနိုင်လာပါ တယ်။
ဒါပေမယ့် Land Rover LR4 လို ပေါင် ၇၇၀၀ ဆွဲနိုင်မှုလောက်တော့ မကောင်းသေးပါဘူး။ အမြန်နှုန်း မြှင့်တင်မောင်း နှင် နိုင်မှု အပိုင်းမှာတော့ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၇.၂စက္ကန့်နဲ့ ရောက်ရှိမှာ ဖြစ်ပြီး ပုံမှန်နှုန်းထက်တော့ နည်းနည်းနှေး ချင်နေပါတယ်။
ဆီစားနှုန်း အပိုင်းမှာတော့ ပျမ်းမျှ တဂါလံကို ၁၆မိုင် စီးနင်းနိုင်မှာ ဖြစ်ပြီး သင့်ရုံပဲ ရှိပါတယ်။ ဘရိတ်ပိုင်းမှာ မိုင် ၆၀နှုန်း ကနေ ရပ်တန့်မယ် ဆိုရင် အကွာအဝေး ၁၂၇ ပေမှာ ရပ်တန့်ပြီး အားနည်းနေချင်ပါတယ်။
ပြည်တွင်းမှာတော့ မော်ဒယ်ကို ဇိမ်ခံအဖြစ် အသုံးများပြီး ၂၀၁၄ ခုနှစ်ထုတ် မော်ဒယ်ဆိုရင် အရောင်မရွေး ဈေးနှုန်းကျပ် သိန်း ၂၃၀၀လောက် ရှိပါတယ်။
အခု ၂၀၁၇ ခုနှစ် အတွက် မော်ဒယ်ကိုတော့ နိုင်ငံတကာဈေးကွက်မှာ Base မော်ဒယ်ကို ဒေါ်လာ ၅၂၆၆၅ နဲ့ ရောင်းချနေပြီး Luxury ကိုတော့ ၆၄၃၃၅ ဒေါ်လာနဲ့ ရနိုင်နေတာ တွေ့ရပါတယ်။
Ref: www.edmunds.com