မော်တော်ယာဉ်တစီးအတွက် ရှေ့ဘက်မြင်ကွင်းကို မြင်တွေနိုင်အောင် မှန်နဲ့ ကာရံထားပြီး အဆိုပါ မှန်အနေ နဲ့လည်း အမြဲတမ်း သန့်စင်နေဖို့ လိုအပ်သလို မောင်းနှင်နေရင်း ဖြစ်စေ၊ အညစ်အကြေးတွေ ကပ်ငြိနေလို့ ဖြစ်စေ၊ ယာဉ် ပိုင်ရှင်အနေနဲ့ သန့်စင်အောင် အလွယ်ဆောင်ရွက်ဖို့အတွက် Wiper ဆိုတဲ့ မှန်သန့်စင်စနစ်ကို ထည့်သွင်းဖန်တီးထားပါ တယ်။
မော်ဒယ်နိမ့်၊ မြင့် မရွေးဘဲ Wiper ဟာ ရှေ့ဘက်မှန်စနစ်မှာ Wiper ပါရှိပါတယ်။ ဒါဆို Wiper က ဘယ်လို လုပ်ဆောင် ချက်လုပ်တယ်ဆိုတာ သိပြီဆိုတော့ အဆိုပါစနစ်နဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်တတ်သလဲ၊ ဘယ်လို စစ်ဆေးမလဲဆိုတာ သိ ထားသင့်ပါတယ်။
(၁) ပုံမှန်အနေနဲ့တော့ Wiper လို့ ခေါ်တဲ့ မှန်သန့်စင်စနစ်ဟာ ရှေ့ဘက်မှာပဲ ပါရှိပါတယ်၊ ဒါပေမယ့် အချို့မော်ဒယ်မှာတော့ နောက်ဘက်မှန်အတွက်လည်း ထည့်သွင်းပါရှိတတ်ပါတယ်။
(၂) Wiper စနစ် ပုံမှန် အလုပ်လုပ် လည်ပတ်မှု ရှိ၊ မရှိ စစ်ဆေးပါ။ မှန်သန့်စင်နေချိန် တနေရာရာမှာ ထစ်နေတာတွေ၊ လေး ချင်နေတာတွေ ရှိနေလား စစ်ဆေးပါ။
(၃) Washer Fluid ပါရှိတဲ့ စနစ်ဆိုရင် Wiper အနေနဲ့ မှန်သန့်ပေးရုံတင်မဟုတ်ဘဲ မှန်ဆေးရည် ထွက်၊ မထွက်ကိုပါ အစမ်း စစ်ဆေးဖို့ လိုအပ်ပါတယ်
(၄) စစ်ဆေးမှုအတွက် အထူးတလည် စစ်ဆေးစရာ မလိုဘဲ မနက်ခင်း ကားစက်နှိုးလိုက်တိုင်း မှန်ကို သန့်စင်စစ်ဆေးပေး ပါ။ Wiper အလုပ် လုပ်၊ မလုပ် သိနိုင်ပါတယ်။
(၅) Wiper စနစ်မှာ မော်တာ ပါရှိပြီး အဆိုပါ မော်တာက အပျက်နည်းပါတယ်။ အများအားဖြင့်တော့ Wiper Blade အား နည်းချက်ကြောင့် Wiper ထစ်နေ၊ လေးနေတတ်ပြီး ပုံမှန် မဟုတ်ရင် Wiper Blade လဲလှယ်ပေးနိုင်ပါတယ်။ ကိုယ်တိုင် ဖြုတ်နိုင်၊ တပ်နိုင်အောင် လွယ်ကူပါတယ်။
(၆) Washer Fluid ကိုလည်း လိုအပ်ရင် ပြန်လည် ဖြည့်စွက်ပေးရမှာပါ။ မျက်မြင်စစ်ဆေးပြီး Washer Fluid လျော့နေရင် ဖြည့်ပေးပါ။
(၇) Wiper စနစ်ချို့ယွင်းနေပါက နွေရာသီပိုင်းမှာ သိပ်မသိသာ၊ အသုံးမဝင်ပေမယ့် ဆောင်းနဲ့ မိုးမှာတော့ ကောင်းမွန်အောင် အမြဲ ပြင်ဆင်ထားရှိဖို့ လိုအပ်ပါတယ်။