အခု ပြောမယ့် အကြောင်းအရာလေးတွေကတော့ ဒီနေ့ ကမ္ဘာသုံးငွေ ဒေါ်လာနဲ့ ပတ်သက်ပြီး အမေရိကန်သမိုင်း တလျှောက် ငွေကြေးနဲ့ ပတ်သက်တဲ့ သင်သိထားသင့်သမျှ အချက်တွေပါ။
ဒေါ်လာငွေမပေါ်ခင်
(၁) အမေရိကတိုက်ကို ဗြိတိသျှတွေ သိမ်းထားစဉ်မှာ အသုံးပြုခဲ့တဲ့ ငွေကြေးကတော့ အင်္ဂလန်သုံး ပေါင်(pound)၊ သျှီ လင် (shilling)နဲ့ ပန့် (pence)တွေ ဖြစ်ပါတယ်။
(၂) ဒါအပြင် အခြား နယ်ချဲ့တွေက သူတို့ရဲ့ကိုယ်ပိုင်ငွေကြေးအဖြစ် စာရွက်စာတမ်းပေါ်မှာ ပမာဏ သတ်မှတ်ရေးသား ပြီး လက်မှတ်ထိုး အတည်ပြု သုံးခဲ့ပါသေးတယ်။ အထူးသဖြင့်တော့ စစ်စရိတ်နဲ့ ပတ်သက်ပြီး ပေးချေမှုတွေကို အဆိုပါစာရွက် ပေါ်မှာ ပမာဏ ရေးသားပေးချေလေ့ရှိတာ တွေ့ခဲ့ရပါတယ်။
(၃) ငွေကြေးသတ်မှတ်ချက် မရောက်တဲ့ နယ်ပယ်တွေ၊ ငွေကြေးမရှိတဲ့ နယ်တွေမှာတော့ ဆေးရွက်ကြီးနဲ့ တိရိစ္ဆာန် အရေ ခွံတွေကို ငွေကြေးအဖြစ် ထားရှိ အသုံးပြုခဲ့ကြပါတယ်။
(၄) နောက်ပိုင်း စပိန်နယ်ချဲ့တွေ ဝင်လာချိန်မှာတော့ စပိန်သုံး အကြွေစေ့တွေ အများအပြား ထုတ်လုပ်ပေးချေ သုံးစွဲလာခဲ့ ပါတယ်။
(၅) အထူးသဖြင့်တော့ ဒေါ်လာဟာ စပိန်ငွေ သတ်မှတ်ချက် ပုံစံနဲ့ ဆင်တူလို့ အင်္ဂလန်ငွေ ပေါင် အမျိုးအစားထက် အမေရိ ကန်မှာ စပိန်ငွေဟာ လွှမ်းမိုးမှု ပိုခဲ့တယ်လို့ ဆိုရမှာပါ။
(၆) ၁၇၇၅ ခုနှစ် အမေရိကန်တော်လှန်ရေး စတင်ချိန်မှာတော့ လူထုလွှတ်တော်ကနေ စာရွက်သား ငွေကြေးတွေ ထုတ် လုပ်အသုံးပြုလာခဲ့ပြီး Continental Currency လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ပါတယ်။
(၇) အစိုးရဟာ အဆိုပါ Continental Currency တွေကို အရေအတွက် အများအပြား ပိုမို ထုတ်လုပ်မိခဲ့တာကြောင့် ငွေ ကြေးဖောင်းပွမှု ဖြစ်လာခဲ့ပြီး အဆိုပါ ငွေစနစ် စတင် အသုံးပြုပြီး ၅ နှစ် အကြာမှာ Continental Currency ရဲ့ ငွေကြေး တန်ဖိုးဟာ တကယ်တမ်း ရိုက်နှိပ်ဖော်ပြထားတဲ့ တန်ဖိုးရဲ့ ၂.၅ ရာခိုင်နှုန်းထိအောင်ပဲ ရှိပါတော့တယ်။
(၈) ဒါကြောင့် Continental Currencyနဲ့ ပတ်သက်ပြီး မယုံရ၊ စိတ်မချရသော အခြေအနေနဲ့ ရောက်လာခဲ့ပါတယ်။
(၉) ဘင်ဂျမင် ဖရန်ကလင်လက်ထက်မှာ အဆိုပါ ငွေကြေးအကျပ်အတည်းကို သိလာခဲ့သလို ဖြေရှင်းမှုအနေနဲ့တော့ စစ်ပွဲ တွေအတွက် အခွန်စနစ်တခု ပြဌာန်းလာခဲ့ပါတယ်။
(၁၀) Continental Currency ရဲ့ကျဆုံးမှုကို စစ်မှန်တဲ့ အမေရိကန် ဥပဒေပြဌာန်းချိန်မှာ ထိပ်ဆုံး ဦးစားပေးအနေနဲ့အ လေးထား တိုင်ပင်လာကြသလို အခြားငွေစနစ်တခု ထပ်မံ ဖန်တီး အသုံးပြုဖို့နဲ့ နောက်ထပ်မှားယွင်းမှု မရှိတဲ့ ငွေကြေးစနစ် တည်ထောင်နိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။
ဒေါ်လာငွေကြေးပေါ်ပေါက်လာခြင်း
(၁၁) ၁၇၉၂ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ငွေကြေးဥပဒေအရ အမေရိကန်ဒေါ်လာကို နိုင်ငံသုံးငွေကြေးအဖြစ် သတ်မှတ်ဖန်တီး လာခဲ့ပြီး ငွေအကြွေစေ့တွေလည်း ထုတ်လုပ် အသုံးပြုလာခဲ့ပါတယ်။
(၁၂) ဒေါ်လာရဲ့လက္ခဏာ သတ်မှတ်ချက်ကိုလည်း စပိန်ငွေစေ့တွေရဲ့ နမူနာကို ရယူပြီး ဖန်တီး သတ်မှတ်လာခဲ့ပါတယ်။
(၁၃) ရွှေနဲ့ ငွေတွေကို သုံးပြီး ဖန်တီးထားတဲ့ အကြွေတွေကို တန်ဖိုးလျော့ကျအောင် လုပ်ဆောင်သူတွေကိုလည်း သေမိန့်ပေး ခြင်းမျိုးတွေကို ဥပဒေအရ လုပ်ဆောင်ခဲ့ပါတယ်။
(၁၄) ၁၈၅၇ ခုနှစ်ထိအောင် အမေရိကန်မှာ အင်္ဂလန်၊ ပေါ်တူဂီ၊ ပြင်သစ်နဲ့ စပိန်က ငွေတွေကို တရားဝင် လဲလှယ်စရာ မလို ဘဲ သုံးခွင့်ပေးခဲ့ပါတယ်။
(၁၅) ဒေါ်လာဆိုတဲ့ စကားလုံးကတော့ ဒရယ်ဖိုဆိုတဲ့ Buck စကားလုံးကနေ ဗန်းစကားရယူ ခေါ်ဝေါ်တာပါ။ Great Lakes နယ်မှာ အမဲလိုက်ပြီး ရရှိလာတဲ့ ဒရယ်တွေကို လဲလှယ်ရောင်းဝယ်ကြပြီး အဆိုပါ အရောင်းအဝယ် အခေါ် ဗန်းစကားကနေ ဒေါ်လာကို ရယူ ခေါ်ဝေါ်ထားတာ ဖြစ်ပါတယ်။
(၁၆) ၁၈၅၁ခုနှစ် အတွင်းက ဟင်နရီ ဟိုးရဲ့ သမိုင်းဝင် မှတ်တမ်းတွေအရ အဆိုပါ အချိန်က မြေကြွက်ကြီးတွေရဲ့ အရေခွံ တန်ဖိုးဟာ တဒေါ်လာရဲ့ လေးချိုး တချိုး၊ မြွေပါ အရေခွံတခုဟာ တဒေါ်လာရဲ့ သုံးချိုး တချိုး၊ သမင်တကောင်ရဲ့အရေခွံ ဟာ တဒေါ်လာရဲ့တဝက်နဲ့ ဒရယ်ကြီးတကောင်ရဲ့အရေခွံဟာ တဒေါ်လာပြည့် တန်ဖိုးရှိတယ်လို့ သိရပါတယ်။
(၁၇) ၁၈၃၀ ခုနှစ်ကနေ ၁၈၆၀ ခုနှစ်အတွင်း ဘဏ်လုပ်ငန်းတွေ ပေါ်ပေါက်လာသလို အဆိုပါ ဘဏ်တွေက ဟိုယခင်တွေ ကလို ကိုယ်ပိုင်သတ်မှတ်ချက် ငွေကြေးပုံစံ (ယနေ့ခေတ် ချက်လက်မှတ်)တွေ သတ်မှတ် အသုံးပြုခဲ့ကြပါတယ်။
(၁၈) တော်လှန်ရေး စစ်မဖြစ်ခင်ထိအောင် ငွေကြေး သတ်မှတ်သုံးစွဲမှု ပုံစံ ၁၀၀၀၀ လောက်ထိအောင် ရှိခဲ့ပါတယ်။
တော်လှန်ရေးစစ်အတွင်းနဲ့ စစ်ပြီးကာလ
(၁၉) စစ်စရိတ် အသုံးပြုမှုပမာဏ များပြားတာကြောင့် အစိုးရအနေနဲ့ ဘဏ်တွေရဲ့ကိုယ်ပိုင်ပုံစံ သတ်မှတ်ချက်တွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ပါဘူး။
(၂၀) ၁၈၆၁ ခုနှစ်မှာတော့ စာရွက်သားသုံး ပထမဆုံး ဒေါ်လာ ထွက်ရှိလာပါတယ်။ ၁၀ တန် ဖြစ်ပါတယ်။
(၂၁) စစ်အတွင်းကာလလည်း ဖြစ်နေတာကြောင့် အကြွေစေ့ အသုံးပြုနိုင်မှု လျော့နည်းသွားလို့ အစိုးရအနေနဲ့ စာရွက် သား ငွေကြေးထုတ်လုပ်မှုဘက် ဦးလှည့်လာခဲ့ပါတယ်။
(၂၂) စစ်အတွင်းမှာ အမေရိန်ကန် မြောက်ပိုင်းဒေသတွေမှာလည်း Greenback လို့ လူသိများတဲ့ ငွေကြေးတန်ဖိုး သတ်မှတ် မှု ထောက်ခံချက်ပုံစံတွေလည်း ထွက်ရှိလာပါတယ်။ အဆိုပါ ထောက်ခံချက်က ငွေကြေးလို အရောင်းအဝယ်အဖြစ် သုံးလို့ မရ ပါဘူး။ ဘယ်လောက်တန်တယ် ဆိုတာကိုပဲ ထောက်ခံချက် ပေးတာပါ။
(၂၃) မဟာမိတ်အဖြစ် ပေါင်းစည်းလာနိုင်မှု အတွင်းမှာလည်း အခြား မဟာမိတ်အဖွဲ့ဝင်ဒေသတွေမှာ စာရွက်သား ငွေကြေး တွေ ထုတ်လုပ် အသုံးပြုလာကြပါတယ်။ ၁ ဘီလီယံဖိုးလောက်ထိအောင် သက်ဆိုင်ရာဒေသတွေမှာ ထုတ်လုပ်ခဲ့တယ်လို့ ယူ ဆရပါတယ်။
(၂၄) ဒါပေမယ့် ၁၈၆၅ ခုနှစ်မှာ တော်လှန်ရေး မအောင်မြင်တာကြောင့် မဟာမိတ်တွေရဲ့ငွေတွေဟာ တန်ဖိုးမဲ့ခဲ့ရ ပြန်ပါ တယ်။
(၂၅) In God we trust ဆိုတဲ့ စာသားဟာ တော်လှန်ရေးစစ်ပွဲအတွင်းကတည်းက ငွေကြေးတွေမှာ ထည့်သွင်းအသုံးပြုခဲ့ တာဖြစ်ပေမယ့် နောက်ပိုင်း ၁၉၅၅ ခုနှစ်ကနေ စတင် ထုတ်လုပ်တဲ့ ငွေအကြွေစေ့တွေမှာလည်း ပါရှိလာခဲ့ပါတယ်။
ငွေစက္ကူအတု ပြဿနာ ဖြေရှင်းခြင်း
(၂၆) စစ်အတွင်း Greenback တွေ ရိုက်နှိပ် အသုံးပြုခဲ့မှုရော ငွေကြေးထုတ်လုပ်မှု နည်းပညာ အားနည်းချက်ကြောင့်ရော ငွေ စက္ကူအတုတွေ အများအပြား ပြုလုပ်အသုံးပြုနေကြပြီး အဆိုပါ တော်လှန်ရေးပြီးကာလမှာ ငွေစက္ကူ ၃ ခုမှာ တခုကအ တု ဖြစ်နေခဲ့ပါတယ်။
(၂၇) ၁၉ ရာစုဦးပိုင်းကာလထိအောင် အမေရိကန်နဲ့ အင်္ဂလန်-ကနေဒါ နယ်စပ်မှာ ငွေစက္ကူအတု ပြဿနာတွေ ရှိနေဆဲပါ။
(၂၈) ငွေစက္ကူတုတွေကို လက်ရေးပညာရှင်တွေနဲ့ ဖန်တီးကြတာပါ။ ပုံစံတူ ဖြစ်အောင် ဖန်တီးရေးဆွဲနိုင်စွမ်း ရှိပါတယ်။ ဒါ ကြောင့် အချို့ဘဏ်တွေကဆိုရင် သီးသန့်ပုံစံနဲ့ ချက်လက်မှတ်စနစ်မျိုး သုံးလာကြသလို အဆိုပါ လက်ရေး ပညာရှင်တွေကို အလုပ်ခေါ်ယူ ခန့်ထား စိစစ်ဖန်တီးစေမှုတွေလည်း ရှိခဲ့ပါတယ်။
(၂၉) ၁၈၆၅ ခုနှစ်မှာတော့ ငွေစက္ကူအတု ပြဿနာကို ဖြေရှင်းဖို့ လျှို့ဝှက်စနစ်ကို ဒေါ်လာအတွင်း ထည့်သွင်းဖန်တီးမှု စ တင် အသုံးပြုနိုင်ခဲ့ပါတယ်၊
(၃၀) ၁၈၈၃ ခုနှစ်မှာ ဒေါ်လာရဲ့အစိတ်ပြားအဖြစ် ဆိုနိုင်မယ့် စန့် (cent)ကို လေဘာတီမျက်နှာပုံနဲ့ ရိုက်နှိပ် ထုတ်လုပ်လာ ပါတယ်။ ဒါပေမယ့် အဆိုပါ အကြွေစေ့မှာ cent လို့ ဖော်ပြမထားသေးပါဘူး။ ဒါပေမယ့် အဆိုပါ အချိန်ကနေ စပြီး အကြွေ စေ့အတုတွေလည်း ပျောက်သွားသလို ရွှေသား အကြွေစေ့လည်း မသုံးတော့ပါဘူး။
(၃၁) ငွေကြေးအတု ပြဿနာဟာ ၁၉ရာစု အစောပိုင်းကနေ စတင် လာခဲ့ပြီး အခုချိန်ထိအောင် ဒေါ်လာအတုတွေ ရှိနေ ပြီး ခန့်မှန်းချက်တွေ အရတော့ ဝ.၀၁ ရာခိုင်နှုန်းသော ဒေါ်လာတွေက အတုတွေ ဖြစ်နိုင်ပါတယ်။
Ref: www.businessinsider.com