Game ကစားဖို့ အကောင်းဆုံး Logitech ရဲ့ Mouse မော်ဒယ်များ
Logitech ဆိုတာ ဂိမ်းကစားဖို့ အကောင်းဆုံး Mosuse တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ တခုပါ။ ကွန်ပျူတာသုံး ဂိမ်းကစားရာမှာ ပိုမို အဆင်ပြေ ကောင်းမွန်မယ့် Mosue ကောင်းကောင်း ရွေးချယ်စေနိုင်ဖို့ တင်ပြပေးပါမယ်။
Logitech G403 Prodigy
တန်ဖိုး ၆၂ ဒေါ်လာ ရှိပါတယ်။ Pro အဆင့်ရှိ ဂိမ်းကစားသူတွေ အသုံးအများဆုံး မော်ဒယ်ပါ။ Mouse မှာ ဂိမ်းကစားဖို့ အတွက် အထူး ဖန်တီး ထည့်သွင်းထားတဲ့ လိုအပ် ခလုတ် ၆ ခု ပါပါတယ်။ 12000 DPI ထိအောင် အာရုံခံ အချက်အလက် ပို့ စွမ်းရည် ရှိပါတယ်။ ပြီးတော့ Storage စနစ်ပါရှိပြီး Memory မှတ်သား ကစားရတဲ့ ဂိမ်းတွေ အတွက် ၅ ခု ထိအောင် Profile တွေ မှတ်ထားပေးနိုင်ပါတယ်။ ကြိုးမဲ့ ပုံစံနဲ့ရော ကြိုးတပ် ပုံစံနဲ့ပါ ၂ မျိုး ရနိုင်ပါတယ်။
Logitech G203 Prodigy
တန်ဖိုး ဒေါ်လာ ၄၀ ပါ။ ရှေ့ထွက် G100S မော်ဒယ်ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ်ပါ။ ဈေးနှုန်း၊ စွမ်းဆောင်ရည်နဲ့ ရေရှည် စိတ်ချရမှု အတွက် ဟန်ချက် အညီဆုံး မော်ဒယ် တခုပါ။ သူ့မှာလည်း အာရုံခံ စနစ် ပါရှိပြီး 6000 DPI ထိအောင် အချက်အလက် ပို့ စွမ်းရည် ရှိပါတယ်။ ခလုတ် ၆ ခု ပါရှိတဲ့ မော်ဒယ်ပါပဲ။ အပျော်တမ်း သမားတွေ အတွက် အကောင်းဆုံး မော်ဒယ်ပါ။
Logitech G900 Chaos Spectrum
တန်ဖိုး ၁၂၈ ဒေါ်လာထိအောင် ရှိတဲ့ မော်ဒယ်ပါ။ လက်ရှိ ဈေးကွက်ထဲက Mouse တွေထဲမှာ အကောင်းဆုံး တန်းဝင်ပါပဲ။ Pro အဆင့် ဂိမ်းသမားတွေ အတွက်ပါ။ ကြိုးနဲ့ရော ကြိုးမဲ့စနစ်ပါ ရနိုင်ပါတယ်။ အာရုံခံနိုင်စွမ်း 12000 DPI ရှိပြီး တကယ်လို့ သင့် အနေနဲ့ အဆိုပါ နှုန်းထားကို ချိန်ပြီး စိတ်ကြိုက် သုံးချင်တယ် ဆိုရင် 200 ကနေ 12000 DPI အတွင်း ချိန်သုံးနိုင်မှာ ပါ။ ကြိုးမဲ့ စနစ်မှာ နာရီ ၃၀ ထိအောင် ဘက်ထရီက အသုံးခံနိုင်ပါတယ်။ Logitech Gaming Software ထည့်ကစားရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
Logitech G300s
တန်ဖိုး ၂၈ ဒေါ်လာပဲ ရှိပါတယ်။ ထုတ်လုပ်နေကျ ပုံစံ မဟုတ်တဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ဂိမ်းနည်း ၃ ခု ကို မှတ်သားပေးနိုင်မယ့် Storage စနစ် ပါရှိပါတယ်။ အရောင်လည်း မျိုးစုံ ရနိုင်ပါတယ်။ 2500 DPI အာရုံခံ စွမ်းရည် ရှိပါတယ်။ အပျော်တမ်း ဂိမ်းသမားတွေ အတွက် အဆင်ပြေမှာပါ။
Logitech G302 Daedalus
၂၉ ဒေါ်လာတန်ဖိုးရှိတဲ့ အွန်လိုင်း ချိတ်ဆက် ဂိမ်းသမားတွေ အတွက် ဖန်တီး ထုတ်လုပ်ထားတာပါ။ ခလုတ် ၆ ခု ပါရှိပါ တယ်။ ကြိုးနဲ့ ချိတ်ဆက် အသုံးပြုရတာပါ။ 4000 DPI ထိအောင် အာရုံခံစနစ် စွမ်းရည် ရှိပါတယ်။ Setting ထည့်သွင်း ဖန်တီးထားပြီး စနစ် ၄ ခု ထဲက မိမိ နှစ်သက်ရာ ပုံစံနဲ့ ရွေးချယ်ကစားစေနိုင်ပါတယ်။
Logitech G600
တန်ုဖိုး ဒေါ်လာ ၄၀ ရှိပြီး အွန်လိုင်း ဂိမ်းသမားတွေ အတွက်ပဲ ဖန်တီးထားတာပါ။ ကြိုးနဲ့ ချိတ်ဆက် အသုံးပြုရမှာပါ။ Mouse ရဲ့ သွက်လက်မှုနဲ့ အသုံး အနေအထားကို ချိန်နိုင်ဖို့ ပုံစံ ၁၂ မျိုး ချိန်ညှိ သုံးနိုင်ပါတယ်။ အာရုံခံ စနစ်က 8200 DPI စွမ်းရည် ရှိပါတယ်။ Logitech Software စနစ် ထည့်ကစားမှ ပိုပြီး အဆင်ပြေပါလိမ့်မယ်။
Logitech G Pro
တန်ဖိုး ၄၇ ဒေါ်လာ ရှိပါတယ်။ ကြိုးနဲ့ ချိဆ်ဆက် ကစားရမယ့် မော်ဒယ်ပါ။ ပုံမှန် Mouse တွေလိုပဲ ဒီဇိုင်း ရိုးရှင်းပါတယ်။ 12000 DPI ထိအောင် အာရုံခံ အချက်အလက်ပို့ စွမ်းရည်ရှိပါတယ်။ RGB အလင်းတွေလည်း ထွက်မယ်၊ Classic ခလုတ်တွေလည်း ထည့်သွင်းဖန်တီးထားတာ တွေ့ရပါတယ်။
Ref: www.popularmechanics.com