တရုတ်အခြေစိုက် ဖုန်းကုမဏီ Xiaomi ရဲ့ ဖုန်းမော်ဒယ် တစ်ခု ဖြစ်တဲ့ Mi Max ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလအတွင်းက စတင် မိတ်ဆက် ရောင်းချခဲ့ပြီး အခုချိန်ထိ Mi Max အလုံးရေ ၃သန်းထိအောင် ရောင်းချထားနိုင်ခဲ့ပြီ ဖြစ်တယ် လို့ ကုမ္ပဏီရဲ့ CEO ဖြစ်သူ Lei Junက ပြောကြားပါတယ်။
အဆိုပါ ပမာဏထဲက အလုံးရေ ၁ ဒသမ ၅ သန်းဟာ စတင် ရောင်းချပြီး ၂ လအတွင်းမှာပဲ ရောင်းချနိုင်ခဲ့တာ ဖြစ်သလို အခုလို Mi Max ရဲ့ အလုံးရေ အများအပြား ရောင်းချနိုင်မှု ကို အတည်ပြု ပြောကြားချက်ဟာ ကုမ္ပဏီကနေ အခု အသစ် မိတ်ဆက်လာတဲ့ Mi Max 2 ကိုလည်း ဈေးကွက် အောင်မြင် ချင်တာကြောင့် ရှေ့ထွက် မော်ဒယ်ရဲ့ အောင်မြင်မှုကို ချပြလာတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကုမဏီက Mi Max 2မော်ဒယ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိတ်ဆက်ခဲ့သလို ပြသမျက်နှာပြင် ကြီးမားတဲ့ ဖုန်းတွေဟာ စမတ်ဖုန်း ဈေးကွက်မှာ ပိုမို အောင်မြင်မှု ရရှိနေတယ် လို့လည်း သူက ဖုန်းသစ် မိတ်ဆက်ပွဲမှာ ပြောသွားပါတယ်။
Mi Max မော်ဒယ်ဟာ ဆိုရင် ၆ ဒသမ ၄၄ လက်မ အရွယ် HD ရုပ်ထွက်တွေ ပြသပေးနိုင်တဲ့ ပြသမျက်နှာပြင်စနစ် ပါရှိပြီး တလက်မ အတွက် Pixel ၃၄၂ ထိအောင် ပါရှိတာလည်း ဖြစ်ပါတယ်။ ဖုန်းရဲ့ နောက်ဘက်ခြမ်းမှာလည်း လက်ဗွေဖတ် စနစ်ကို ထည့်ထားသေးတာပါ။
အရင်နှစ်က Mi Max မော်ဒယ်ကို 3GB RAM၊ Memory 32 GB၊ 1.8GHz မြန်နှုန်းရှိတဲ့ Snapdragon 650 နဲ့ မော်ဒယ်ရယ်၊ 3GB RAM၊ 64 GB Memory ရယ်၊ 1.8GHz မြန်နှုန်းရှိ Snapdragon 652 ပါရှိတဲ့ မော်ဒယ်ရယ်၊ 4GB RAM၊ Memory 128 GB နဲ့ Snapdragon 652 ပါရှိတဲ့ မော်ဒယ်တွေ အဖြစ် စုစုပေါင်း ၃မျိုး ရွေးချယ်နိုင်အောင် ထုတ်လုပ်ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။
ကင်မရာ အနေနဲ့ကတော့ နောက်ဘက် ပင်မ ကင်မရာက 16 MP ရှိပြီး ရှေ့ဘက် ကင်မရာကတော့ 5 MP ရှိတာပါ။ ထူးခြားချက် ကတော့ ရှေ့ဘက် ကင်မရာက ၈၅ ဒီဂရီထိအောင် Wide-angle အနေနဲ့ ရိုက်ကူးပေးနိုင်တာပါ။ Sim ကတ် နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သလို 4G LTE စနစ်ထိအောင် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Bluetooth ရသလို Wi-Fi ဆိုရင်လည်း v802.11ac ကို သုံးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘက်ထရီ အနေနဲ့ကတော့ 4850 mAh အားထိန်းနိုင်တဲ့ ဘက်ထရီကို သုံးထားတာပါ။ ကိုယ်ထည် အရွယ်အစားက 173.1×88.3×7.5 မီလီမီတာ ရှိပြီး အလေးချိန် ၂၀၃ ဂရမ်ပဲ လေးပါတယ်။ Xiaomi အနေနဲ့တော့ အခုအခါမှာ Mi Max ရဲ့ အောင်မြင်မှုနဲ့ အတူ နောက်ထပ် မော်ဒယ်သစ် Mi Max 2 ကို မိတ်ဆက်လာပြီ ဖြစ်ပြီး ဈေးကွက်မှာ ဆက်လက် အောင်မြင်မှု ရမယ်လို့ ယူဆနေတာလည်း ဖြစ်ပါတယ်။
Ref: www.m.gadgets.ndtv.com