• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ့ စီးပွားရေး ဂျက်ပါဝါနှင့် လေထဲပြေးမည့်နှစ်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ကြုံးဝါး

by ထက်နိုင်ဇော်
6 June 2017
in စီးပွားရေး
A A
စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း / ဧရာဝတီ

စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း / ဧရာဝတီ

43.9k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက မြန်မာပြည် စီးပွားရေးကို အရှိန်အဟုန်နှင့် တိုးတက်အောင် ဆောင်ရွက်တော့မည် ဖြစ်၍ မြန်မာ့ စီးပွားရေးသည် ယခုနှစ်၌ ကမ္ဘာမြေကြီး၏ ဆွဲငင်အားကို တွန်းကန်ပြီး ဂျက်ပါဝါနှင့် လေထဲသို့ ပြေးမည့်နှစ်ဟု သတ် မှတ်နိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ယနေ့ နေပြည်တော်ရှိ MICC – 2 တွင် ကျင်းပသည့် မြန်မာ့ ရင်းနှီးမြုပ်နှံမှု ဖိုရမ် အဖွင့်အမှာစကားတွင် ကြုံးဝါး ပြောဆိုလိုက်သည်။

“ကျနော်တို့ အစိုးရအဖွဲ့ အနေနဲ့ ခံယူထားတဲ့ ခံယူချက်လေးတခု ရှိပါတယ်။ ပြီးခဲ့တဲ့ ကုန်ဆုံးခဲ့တဲ့ တနှစ်တာကာလမှာ လေယာဉ်ပျံတစီး အနေနဲ့ Run way မှာ ပြေးတဲ့ အချိန်ကာလလို့ သတ်မှတ်တယ်။ ဒါပေမယ့် ဒီနှစ် ဒီကာလကတော့ Run Way ကနေပြီးတော့ ကမ္ဘာ မြေကြီးရဲ့ Gravity ကို ဆန့်ကျင်တွန်းကန်ပြီးတော့ ဂျက်ပါဝါနဲ့ လေထဲကိုပြေးမယ့်နှစ်လို့ ပြောရပါတယ်” ဟု ဦးကျော်ဝင်းက ပြောသည်။

RelatedPosts

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
246
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
539
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
494

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြန်မာ့ စီးပွားရေး မူဝါဒ ၁၂ ချက်ကို ချမှတ်ရန် အကောင်အထည်ဖော်မည်ဟု ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင် စီးပွာရေး တိုးတက်မှု မရှိခဲ့ခြင်းကြောင်း ပြည်သူများ၏ ဝေဖန်မှုကို ခံနေရသည်။

အစိုးရသစ်အနေဖြင့် တိုင်းပြည် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရာတွင် ယခင် အစိုးရ၏ လုပ်ဆောင်ချက် အကောင်း အဆိုး များကို ဆက်လက် တာဝန်ယူရကြောင်း၊ တိုင်းပြည် စီးပွားရေးကို လူတစုက ခြယ်လှယ်ခြင်းမျိုး မဖြစ်စေရန် ဆောင်ရွက်နေ ကြောင်း ဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

“ကျနော်တို့ရှိတဲ့ အစွမ်းအစနဲ့ မီးကုန်ယမ်းကုန် ကြိုးစားပြီးတော့ ထောင်တက်နိုင်အောင်၊ တွန်းလှန်တက်နိုင်အောင်လို့ တက်နေအောင် ကြိုးစားသွားပါမယ်။ ဒါဟာ ကျနော်တို့ လက်ရှိ ရည်မှန်းထားတဲ့ ရည်မှန်းချက်တခု ဖြစ်ပါတယ်”ဟု ဦးကျော်ဝင်းက ပြောသည်။

မြန်မာ့ ရင်းနှီးမြုပ်နှံမှု ဖိုရမ်ကို ကျင်းပနိုင်သဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများကို နိုင်ငံတကာမှ ပုဂ္ဂိုလ်များ ကိုယ်တိုင် ကိုယ်ကျ လေ့လာနိုင်မည်ဖြစ်ပြီး ရင်းနှီးမြုပ်နှံလိုသူများအတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်း မြန်မာ ရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

ဦးအောင်နိုင်ဦးက “ကျနော်တို့ အဓိက လိုနေတာက Infrastructure ပါ။ အဲဒီအတွက်လည်း မူဝါဒတွေ ချပြီးတော့ တိုးမြင့် ဆောင်ရွက် နေတာမျိုးတွေ ရှိပါတယ်။ ဥပဒေပိုင်းဆိုင်ရာကလည်း အရင်ထက်စာရင်တော့ ပိုအားကောင်းလာပေမယ့် ပြည့်စုံတဲ့အဆင့်တော့ မရောက်သေးဘူး”ဟု ပြောသည်။

တိုင်းပြည်သို့ ရင်းနှီးမြုပ်နှံလိုသူများကို ဖိတ်ခေါ်လိုပါက ရှေးဦးစွာ လျှပ်စစ်မီး မှန်မှန်လာအောင် ဆောင်ရွက်ပေးသင့်ကြောင်း Mandalay Myotha Industrial Development Public ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်က ပြောသည်။

ဒေါက်တာ ထွန်းထွန်းအောင်က “နိုင်ငံတနိုင်ငံ အဓိက ဖွံ့ဖြိုးတိုးတက်ဖို့က Infrastructure ပဲ။ ကျနော်တို့ဆီမှာ လျှပ်စစ်မီး လုံလုံ လောက်လောက် ရရှိဖို့ အရေးကြီးတယ်။ နောက်ပြီးတော့ ဒီမှာ ခင်းကျင်းပြသထားသလို့ Industry Zone တွေ Industry Park တွေ တကယ် ဖွံ့ဖြိုးလာရင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း တိုးတက်လာလိမ့်မယ်လို့ မြင်တယ်”ဟု ပြောသည်။

အစိုးရအနေဖြင့် ပြည်တွင်း၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တိုင်းနှင့် ပြည်နယ် အစိုးရများနှင့် တိုင်ပင်ကာ တနိုင်ငံလုံးတွင် မြေလွတ်၊ မြေရိုင်းများ ရှာဖွေနေပြီ ဖြစ်၍ ယင်းကဏ္ဍမှ ထုတ်လုပ်မှုများစွာဖြင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ ထိုးဖောက်သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ပြောသည်။

“လုပ်နိုင်ဖို့ မြေတွေ ပေးပါမယ်။ တိုင်းနဲ့ပြည်နယ် အစိုးရ အားလုံးနဲ့လည်း ညှိနှိုင်းပြီးပါပြီ။ သူတို့ ခွင့်ပြုနိုင်တဲ့ လွတ်လွတ်လပ်လပ် မြေတွေကို ကြိုပြီးတော့ ရှာထားပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှ ဖြစ်စေ ရင်းနှီးမြှပ်နှံမယ့်သူများက ကိုယ်ဘာသာ စဉ်းစား၍ ယူလာသည့် ပရောဂျက် များကို တင်ဒါမခေါ်ဘဲ ခွင့်ပြုပေးနိုင်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်းမှ ချမှတ်ပေးသည့် ပရောဂျက်များကိုမူ ပါဝင်ယှဉ်ပြိုင်၍ တင်ဒါစနစ်အောက်မှ သွားရလိမ့်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောသည်။

Your Thoughts …
Tags: ရင်းနှီးမြုပ်နှံမှု
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ကျောက်ဖြူခရီး ဒိုင်ယာရီ

ကျောက်ဖြူခရီး ဒိုင်ယာရီ

by ကိုစိုး
5 January 2013
11.4k

ရခိုင်ဒေသကို နှစ်ကုန်ပိုင်းမှာခရီးသွားခွင့် ရခဲ့ပါတယ်။ အဓိက ကတော့ ကျောက်ဖြူ မြို့နဲ့ မဒေးကျွန်း မှာရှိတဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ရေ နက် ဆိပ်ကမ်း စီမံကိန်းတွေရှိတဲ့ နေရာကိုပါ

တရုတ်ဘက်ခြမ်းမှ ရွှေလီမြို့ကို မြန်မာဘက်ခြမ်းမှ မြင်တွေ့ရစဉ် / ဧရာဝတီ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်

by ဧရာဝတီ
20 May 2021
22.2k

CMEC ကို ရှေ့ဆက်ဆောင်ရွက်ရန် တွန်းအားပေးသည့် အနေဖြင့် အာဏာသိမ်း စစ်ကောင်စီက အရေးပါသော ကော်မတီ ၃ ခု ကိုပြန်လည် ဖွဲ့စည်းလိုက်သည်။

လက်ကျန် နိုင်ငံခြားငွေမာကို စစ်တပ်နှင့် ပြည်သူအကြား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝေမျှသုံးစွဲရတော့မည်ဟု စီးပွားရေးပညာရှင်များက ဆိုလာနေသည်

စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်

by ဧရာဝတီ
4 May 2021
138.7k

ထိုစာတမ်းတွင် သဘာဝဓါတ်ငွေ့နှင့်ကျောက်မျက်ကဏ္ဍကဲ့သို့သော ကဏ္ဍများမှ ဝင်ငွေကိုဖြတ်တောက်လျှင် ဖြစ်နိုင်သည့် စစ်ကောင်စီ၏ အားနည်းချက်များကို ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ငပလီတွင် ကျင်းပသည့် ရင်းနှီးမြုပ်နှံမှု ပွဲတော်သို့ ယနေ့ ရောက်ရှိလာစဉ် / Reuters

ရင်းနှီးမြှုပ်နှံသူများကို ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် ဆွဲဆောင်

by နန်းလွင်
22 February 2019
9.2k

လွန်ခဲ့သောလက နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပါ ထိပ်သီး ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက ရင်းနှီး မြှုပ်နှံသူများ အနေဖြင့် အပြစ်တင် အရှက်ခွဲနေမည့်အစား ရခိုပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် အပြင်း...

စိုက်ပျိုးရေးနှင့် ရေဆိုးစွန့်ပစ်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် နယ်သာလန်လုပ်ငန်းရှင်များ စိတ်ဝင်စား

စိုက်ပျိုးရေးနှင့် ရေဆိုးစွန့်ပစ်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် နယ်သာလန်လုပ်ငန်းရှင်များ စိတ်ဝင်စား

by မျိုးပပစန်း
8 June 2017
4.8k

ကျနော်တို့က မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး နဲ့ ရေဆိုးစွန့်ပစ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ အခုက ကျနော်တို့နိုင်ငံကနေ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ ပါတယ်။ ရင်းနှီးမြုပ်နှံဖို့အတွက် သံရုံးကနေတဆင့် နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်တွေ ဆွေးနွေးတာ ဖြစ်ပါတယ်’

နေပြည်တော်တွင် ကျင်းပသည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၇ / ထက်နိုင်ဇော် / ဧရာဝတီ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆ ဘီလီယံ အထိ မျှော်မှန်း

by ထက်နိုင်ဇော်
12 September 2017
5.9k

မြန်မာနိုင်ငံကို သူတို့ စိတ်ဝင်စားတယ်။ အစိုးရကိုလည်း နိုင်ငံတကာက အကူအညီတွေ ပေးချင်ကြတယ်။ အစိုးရသစ်က ဘာတွေ လုပ်ပေးမှာလဲ။ စီးပွားရေး မူဝါဒတွေက ဘာတွေလဲဆိုတာ စိတ်ဝင်စားနေကြတာပေါ့

Next Post
လက်နက်မှောင်ခိုမှု  ကြိုးကိုင်သူကို ဖော်ထုတ်ရန် ထိုင်းကာကွယ်ရေး ဝန်ကြီးပြော

လက်နက်မှောင်ခိုမှု ကြိုးကိုင်သူကို ဖော်ထုတ်ရန် ထိုင်းကာကွယ်ရေး ဝန်ကြီးပြော

/ မိုးမိုး / facebook

လက်တွဲဖော်မိန်းကလေးက အများကြီးပြောင်းလဲစေခဲ့ဟု အဆိုတော်မိုးမိုးပြော

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
3.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate