• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကင်မရာ လေးလုံးပါတဲ့ ကမ္ဘာ့ပထမဆုံး ဖုန်းသစ် Gionee S10

by သက်နိုင်ဦး (UCSL)
9 June 2017
in စီးပွားရေး
A A
ကင်မရာ လေးလုံးပါတဲ့ ကမ္ဘာ့ပထမဆုံး ဖုန်းသစ် Gionee S10
6.2k
VIEWS
Share on FacebookShare on Twitter

တရုတ် ဖုန်းကုမ္ပဏီ Gionee က ကင်မရာ ၄ လုံး ထိအောင် ထည့်သွင်း ဖန်တီးထားတဲ့ မော်ဒယ်သစ် S10 ကို မိတ်ဆက်လာ ပါပြီ။ ဓာတ်ပုံရိုက်ကူးမှု Effect သစ် ဖြစ်တဲ့ Bokeh ပါရှိလာပါတယ်။ သူက ဓာတ်ပုံ တပုံကို ရှုထောင့် ၂ ခု ကနေ ရိုက်ကူးနိုင် မယ့် ပုံစံ ဖြစ်ပြီး ဓာတ်ပုံကောင်း ပို ရစေနိုင်ပါတယ်။ ပြီးတော့ ကင်မရာစနစ်တွေက Lens ပေါ်မှာ အခြေခံပြီး ပုံကောင်း ရယူ ရိုက်ကူူးခြင်း ပုံစံကနေ ရိုက်ကူး ပုံရိပ်ပေါ်မှာ အခြေအနေ လိုက်ပြီး ပုံကောင်းရအောင် ရိုက်ကူးနည်းပုံစံနဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။

Software နဲ့ မထိန်းတော့ပဲ ကင်မရာမှာ အလိုအလျောက် ချိန်ညှိမှု ပုံစံ ဖန်တီး ထည့်သွင်းထားတာ ဖြစ်ပါတယ်။ တကယ်တမ်း ကင်မရာနဲ့ ရုပ်ပုံ ရိုက်ကူးချိန်မှာ ဖြစ်တတ်တဲ့ အလင်းဖြာနှုန်း၊ ဝင်နှုန်းတွေကိုလည်း အလိုအလျောက် အကောင်းဆုံး ချိန်ညှိပေး နိုင်မှာပါ။ အထူးသဖြင့် အဓိက ကျတဲ့ ပုံရိပ်ရဲ့ နောက်ခံအပိုင်း ေ၀ဝါးခြင်းကို အကောင်းဆုံး ထိန်းပေးနိုင်မယ် လို့ သိရပါတယ်။ Outdoor ပုံရိပ်တွေကို အကောင်းဆုံး ရိုက်ကူးနိုင်ဖို့ အတွက် နောက်ဘက် ကင်မရာ စနစ်ဟာ 16 MP ရှိတဲ့ Lens နဲ့ ဖန်တီး ထားတာ တွေ့ရပါတယ်။ အလင်းနည်းချိန် ရိုက်ကူးမှု အတွက် ကင်မရာက Focal ကို f/1.8 ထိအောင် ဆင်းပြီး ချိန်နိုင်ပါတယ်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
509
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.3k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.6k

ပြီးတော့ 3D စနစ် Selfie တွေလည်း ရိုက်ကူးနိုင်မှာ ဖြစ်သလို အုပ်စုလိုက် ရိုက်ကူးမှုမှာလည်း အကောင်းဆုံး ဖြစ်လာစေ ပါတယ်။ အုပ်စုဖွဲ့ ရိုက်ကူးမှုမှာ Panorama ရိုက်ကူးသလို အလျားလိုက် အကျယ်အဖြစ် ရိုက်နိုင်အောင် အလိုအလျောက် ချိန်ပေးပြီး အားလုံးကို ပါဝင် မှတ်တမ်း တင်စေနိုင်မှာလည်း ဖြစ်ပါတယ်။ ရှေ့ဘက် Selfie အတွက် ကင်မရာက 20 MP ထိအောင် ရှိပါတယ်။

ပြီးတော့ ကင်မရာနဲ့ ရိုက်ကူးသူ နီးကပ်လွန်းနေတာကြောင့် ပုံရိပ် အကြီးကြီး ထွက်နေရင်လည်း ကင်မရာက အလိုအလျောက် အနေတော် ဖြစ်အောင် ထိန်းပေးနိုင်တာ တွေ့ရပါတယ်။ LED မီးနဲ့ တွဲထားပြီး Selfie ကင်မရာမှာ Lens နှစ်ခု ပါရှိမှုက အသားရေမှာ ပေါ်နေ၊ ထင်နေနိုင်တဲ့ အမှောင်၊ အမှတ်လို အရာတွေကို ပိုပြီး ပြေပြစ်လှပစေမယ် လို့ သိရပါတယ်။ အခြား ဓာတ်ပုံသုံး App တွေ မသုံးဘဲ အခု S10 နဲ့ Selfie ရိုက်ကူးမိ သလောက်တော့ ဈေးကွက်ထဲက ဖုန်းတွေထဲမှာ အကောင်းဆုံး အဆင့်ပါပဲ။

အခြား အပိုင်းမှာ ဆိုရင် လက်ဗွေဖတ်စနစ်က အရမ်းပဲ မြန်ဆန် တိကျပါတယ်။ ရှေ့ဘက် Touch စနစ်နဲ့ Home ခလုတ်မှာ တွဲထည့် ထားတယ်။ Back ပြန်မယ့် ခလုတ်လည်း ထည့်သွင်းထား ပါတယ်။ ကိုယ်ထည် အရွယ်လည်း ကြီးမားတယ်။ ကင်မရာပိုင်း ဦးစားပေး လိုချင်သူတွေ အတွက် အဆင်ပြေမှာပါ။ Helio P25 ကို အထိုင် Chip အဖြစ် သုံးထားတယ်၊ RAM 6GB ထိအောင် ပါတယ်။ နှစ်ချက်ထိ ပုံစံနဲ့ ဖုန်း အဖွင့်၊ အပိတ် လုပ်နိုင်ပုံကတော့ အရင် စနစ်တွေထက် သဘောကျစရာ ဖြစ်လာပါတယ်။ မြန်ဆန် သွက်လက်လွန်းပါတယ်။

Browser ပါရှိပေမယ့် Chrome လောက်တော့ အဆင်မပြေပါဘူး။ Chrome ပဲ ထည့်သုံးတာ ကောင်းပါလိမ့်မယ်။ ဖုန်းမှာ M ဆိုတဲ့ လုံခြုံရေးစနစ် ထည့်ထားတာ တွေ့ရပါတယ်။ သူက သင် သီးသန့် သိမ်းချင်တဲ့ ဖိုင်တွေ။ App တွေကို Lock ချ သိမ်းထားနိုင်စေမှာပါ။ ဓာတ်ပုံနဲ့ စာတို အဝင်တွေကို သီးသန့် သိမ်းချင်ရင်တော့ Private Space မှာ သိမ်းရမှာပါ။ ဒါဟာ ပုံမှန် Vault တခုတည်း ပါရှိတဲ့ စနစ်ထက် ပိုကောင်းလာပါတယ်။

ဘက်ထရီမှာက 3450 mAh အားထိန်း အရွယ် ထည့်ထားပါတယ်။ ပုံမှန် အသုံး အနေနဲ့ ၁ ရက် ကောင်းကောင်း သုံးနိုင်မှာပါ။ ဖုန်းပြော၊ စာပို့ အနေအထားနဲ့ ၁၂ နာရီ သုံးပြီးချိန်မှာတော့ အား ၃၅ ရာခိုင်နှုန်းလောက် ကျန်သေးတာ တွေ့ရပါတယ်။ ပြသ မျက်နှာပြင်စနစ်က 1080 p နှုန်းနဲ့ ပြသပေးနိုင် ပါတယ်။ 2K ရုပ်ထွက်ပါ။ အားလုံးကို ခြုံပြောရရင်တော့ အရည်သွေးကောင်း ဖုန်းတလုံးပါ။ ပိုကောင်းတဲ့ ဓာတ်ပုံတွေကို ဖုန်းနဲ့ ရိုက်ကူးချင်သူတွေ အတွက် အဆင်ပြေမှာပါ။ အနောက်နိုင်ငံတွေကလို အသုံးပြုသူတွေ စိတ်ကြိုက် ဖြစ်လာနိုင်စေမယ့် ဖုန်းသစ်ပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၇၈ ပဲ ရှိပြီး လက်ခံနိုင်စရာ အနေအထား ပါပဲ။

Ref: www.forbes.com

Your Thoughts …
Tags: Gionee S10
သက်နိုင်ဦး (UCSL)

သက်နိုင်ဦး (UCSL)

Similar Picks:

No Content Available
Next Post
သက်တမ်းကုန်သည့် ကျောက်မျက်တူးဖော်မှုများကို ပြန်လည်ခွင့်ပြုရန် အစီအစဉ်မရှိသေးပေ။

သက်တမ်းကုန် ကျောက်မျက်တူးဖော်မှု ပြန်လည်ခွင့်ပြုရန် အစီအစဉ်မရှိသေး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သော UNFC အစည်းအဝေး / ကျော်ခ / ဧရာဝတီ

အစိုးရနှင့် UNFC တွေ့ဆုံ ဦးမည်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 day ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate