လက်ရှိမှာတော့ ပြင်သစ် အခြေစိုက် Bugattiရဲ့ နောက်ဆုံးထွက်မော်ဒယ် Chironက အရောင်းပြခန်းတွေ ထက်မှာ ရောက်ရှိ ရနိုင်နေပြီ ဖြစ်သလို ပျမ်းမျှဈေးနှုန်းကတော့ ဒေါ်လာ ၃သန်းလောက် တန်ဖိုးရှိပါတယ်။ ဒါပေမယ့် အဆိုပါ ကားရဲ့ အမြင့်ဆုံးဆိုတဲ့ တန်ဖိုးက မကြာခင် နိဂုံးချုပ်ရဖို့ ရှိနေပါတယ်။
အကြောင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Rolls-Royce ကနေ မော်ဒယ်သစ်တခုကို ထုတ်ဖော်ပြသလာလို့ ဖြစ်ပြီး ဒီမော် ဒယ်ရဲ့နာမည်က Sweptail ဖြစ်ကာ သူက တန်ဖိုး ဒေါ်လာ ၁၃ သန်းနဲ့ ရောင်းချဖို့ ပြင်ဆင်နေတာကြောင့် ဖြစ်ပါတယ်။
ဒါဆိုရင်တော့ ထုတ်လုပ်ရောင်းချသမျှ မော်ဒယ်တွေထဲမှာ ဈေးအကြီးဆုံးကားအဖြစ် မှတ်တမ်းအသစ် ဝင်လာမှာပါ။ ဒါ ပေမယ့် အသစ်အနေနဲ့ ထုတ်လုပ်ရောင်းချသမျှ မော်ဒယ်တွေထဲမှာတော့ အခု Sweptail အနေနဲ့ ဈေးအမြင့်ဆုံး ဖြစ်လာ နိုင်ပြီး မှတ်တမ်းဝင်လာမှာ ဖြစ်ပေမယ့် လက်ရှိ ကမ္ဘာ့ဈေးအကြီးဆုံးကားတွေထဲမှာတော့ မော်ဒယ်သစ်က တန်ဖိုးအကြီး ဆုံးဖြစ်မှာ မဟုတ်သေးပါဘူး။
အကြောင်းကတော့ Ferrari ကနေ ထုတ်လုပ်ထားတဲ့ မော်ဒယ် 250 GTO က လက်ရှိမှာ နောက်ဆုံး လေလံဈေးတွေအရ ဒေါ်လာ ၃၈သန်းနဲ့ ရောင်းချထားရလို့ ဖြစ်ပါတယ်။
ကားသစ်တွေ အချင်းချင်း ပြန်ကြည့်ရင်တော့ လက်ရှိ ကမ္ဘာ့ဈေးအကြီးဆုံး ဖြစ်နေတဲ့ Chironရဲ့ ကား ၄ စီးဖိုးလောက်ထိ အောင် ဈေးနဲ့ Rolls-Royceကနေ သူ့ရဲ့ မော်ဒယ်ကို ရောင်းချဖို့ ပြင်ဆင်နေတာပါ။
ကုမ္ပဏီရဲ့ဒီဇိုင်း ဒါရိုက်တာ Giles Taylor ကတော့ မော်ဒယ်သစ်ကို လက်ဖြစ်မော်ဒယ်အနေနဲ့ အစကနေ အဆုံးထိအောင် စက်မသုံးဘဲ တပ်ဆင်ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပြီး အကောင်းဆုံးဒီဇိုင်းနဲ့ ဈေးကွက်ထဲ ရောက်လာမယ်လို့ ပြောပါ တယ်။
ဒါဟာ ၂၀၁၃ခုနှစ် အတွင်းက ကုမ္ပဏီကနေ ပြောခဲ့တဲ့ ၁၉၂၀ခုနှစ်နဲ့ ၁၉၃၀ခုနှစ်တွေက ဒီဇိုင်းမျိုးနဲ့ ကားမော်ဒယ်တခု ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ ပြောကြားချက်တွေထဲက မော်ဒယ်လည်း ဖြစ်နိုင်ပါတယ်။
အခုထိတော့ ကားရဲ့ အချက်အလက်တွေကို အသေးစိပ်မပြောသေးဘဲ အမိုးမှာ မှန်သား တထပ်တည်းနဲ့ ဖန်တီးထားတဲ့ အမိုး ကို သုံးထားမယ်၊ Fastback ပုံစံ အမိုးကို သိမ်းချင်ရင် သိမ်းနိုင်အောင် ဖန်တီးထားမယ်။
လက်ရှိ ဈေးကွက်ထဲက Phantomရဲ့အခြေခံဒီဇိုင်းကို ယူပြီး ဖန်တီးလာဖို့ ရှိနေသလို အင်ဂျင်စနစ်က ၆.၇၅ လီတာသုံး V12 အင်ဂျင်နဲ့ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
Ref: www.businessinsider.com