Huawei ကနေ မကြာသေးခင်က P10 နဲ့ P10 Plus မော်ဒယ်တွေ မိတ်ဆက်ပြီး မကြာခင်မှာပဲ အခုလည်း နောက်ထပ် Smartwatch မော်ဒယ်သစ် နှစ်ခု ဖြစ်တဲ့ Watch 2 နဲ့ Watch 2 Classic ေတွေကို မိတ်ဆက်လာတာ တွေ့ရပါတယ်။ Hwawei ရဲ့ ပထမဆုံး Smartwatch တွေက လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက မိတ်ဆက် ရောင်းချထားနိုင်ခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်အတွင်း ကတော့ Wear OS စနစ်သစ် မရခဲ့တာကြောင့် မော်ဒယ်သစ် မထုတ်လုပ်ခဲ့ဘဲ အခုနှစ်ကျမှ မော်ဒယ်သစ် ၂ ခုကို ထုတ်လုပ်လာတာပါ။
ဒါပေမယ့် မူလမော်ဒယ်က အသုံးပြုရ အဆင်ပြေတာကြောင့် ဈေးကွက်မှာ စိတ်ကြိုက်တွေ့ခဲ့လို့ အခု မော်ဒယ်တွေလည်း ဈေးကွက် အောင်မြင်နိုင်ဖို့ ရှိနေတာပါ။ ထူးခြားချက် အနေနဲ့ အခု မော်ဒယ်သစ် ၂ ခုမှာ Nano အရွယ် Sim ကတ်ထည့် သုံးနိုင်မယ့် အားသာချက် ပါရှိလာတာပဲ ဖြစ်ပါတယ်။ ပြီးတော့ NFC စနစ်ကို ထည့်သွင်း ဖန်တီးထားလို့ Android Pay စနစ်ကိုလည်း သုံးနိုင်မှာပါ။ Android Wear 2.0 ကို သုံးထားတဲ့ အခု မော်ဒယ်သစ်တွေမှာ ဘက်ထရီ သက်တမ်း ၂၅ ရက်ထိအောင် သုံးနိုင်လာတာလည်း ဖြစ်ပါတယ်။
Watch 2 ကတော့ ပလက်စတစ် ကိုယ်ထည်နဲ့ ဖြစ်ပြီး Watch 2 Classic ကတော့ သတ္တု ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။ မော်ဒယ်တွေမှာ ၁ ဒသမ ၂ လက်မ အရွယ်ရှိ ပြသ မျက်နှာပြင်စနစ် ပါရှိပါတယ်။ ဘက်ထရီကတော့ 420 mAh ဆံ့ ဘက်ထရီပါ။ သုံးမယ်ဆ ိုရင်တော့ ၂ ရက် သုံးနိုင်ပါတယ်။ Standby ထားမယ် ဆိုရင်တော့ အထက်မှာ ပြောခဲ့သလို ၂၅ ရက်ခံမှာပါ။ နားကြပ်ပေါက်နဲ့ စပီကာ ဘေးမှာ ခလုတ် ၂ ခု ပါရှိပါတယ်။
Watch 2 မှာ iP6G ရေစိုခံ၊ ဖုန်ကာကွယ်ရေးစနစ် ပါရှိပြီး 2 Classic မှာတော့ ချွေးမဝင်အောင် ထိန်းပေးနိုင်မယ့် သားရေ အပြင်အဆင် တွေ့ရပါတယ်။ Fit Program စနစ် ထည့်ထားပြီး သူက အသုံးပြုသူ တဦးချင်းစီ အတွက် နေ့စဉ် လိုအပ်တဲ့ အားကစားချိန်နဲ့ ခန္ဒာကိုယ် ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်တွေကို ထောက်ပြ သတိပေးသွားမှာလည်း ဖြစ်ပါတယ်။
ဒီမော်ဒယ် ၂ခုလုံးကို မတ်လ အတွင်းကနေ စတင်ပြီး စပိန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ အီတလီ၊ ဂျာမနီနဲ့ တရုတ်နိုင်ငံ တွေမှာ ရောင်းချနေတာ ဖြစ်ပြီး အင်္ဂလန်၊ အမေရိကန်၊ ဟော်လန်၊ ဘယ်ဂျီယမ်၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ထိုင်း၊ သြစတြေးလျ၊ နယူးဇီလန်၊ ရုရှ၊ အိန္ဒိယ၊ တောင်အာဖရိက၊ ပိုလန်၊ သြစတီးယား၊ ဆော်ဒီအာရေဗျ၊ ဂျပန်၊ ယူအေအီးတွေကို ဧပြီမှာ ရောင်းချလာခဲ့ပြီး မလေးရှားမှာတော့ မေလ အတွင်း စတင်ရောင်းချခဲ့တာပါ။
မော်ဒယ်သစ် ၂ ခုလုံးကတော့ Android Wear စနစ်ကို အကောင်းဆုံး သုံးနိုင်အောင် ဖန်တီးထားသလို Smartwatch တခုလုံးကို ခြုံပြောရရင်တော့ ဖုန်းအစားထိုး သုံးနိုင်လောက်အောင် ကောင်းမွန်လာတဲ့ မော်ဒယ်တွေပဲ ဖြစ်ပါတယ်။
Ref: www.devs-lab.com