အခုနှစ်မှာမှ စတင် ထုတ်လုပ်လာတဲ့ မော်ဒယ်သစ်ပါ။ ၂၀၁၈ ခုနှစ် မော်ဒယ်အနေနဲ့ ဈေးကွက်ထဲ ရောက်လာ တာ တွေ့ရပါတယ်။ Tiguanမော်ဒယ်နဲ့ Touraegမော်ဒယ် အကြား အရည်အသွေးရော ဈေးနှုန်းပါ စိတ်ကြိုက် ရွေးချယ်နိုင် အောင်ဖန်တီးလာတဲ့ မော်ဒယ်ပါ။
ကိုယ်ထည်ပိုင်းမှာတော့ Touraeg ထက် ကြီးပါတယ်။ ဒါပေမယ့် နည်းပညာပိုင်းနဲ့ မော်ဒယ်ခွဲ ရွေးချယ်နိုင်မှုမှာတော့ ဒီ လောက် အားမကောင်းပါဘူး။ တန်ဖိုးသင့် ဇိမ်ခံ မော်ဒယ် အဖြစ် ထုတ်လုပ်ထာပေမယ့် ဇိမ်ခံစစ်စစ် အနေအထားတော့ ရှိပါတယ်။
တတိယထိုင်ခုံတန်း ထည့်သွင်း ဖန်တီးထားမှုက သဘောကျစရာပါ။ မိသားစုလိုက် ခရီးထွက်တတ်သူတွေအတွက် အ ဆင် ပြေပါလိမ့်မယ်။ အတွင်းခန်း အထူးပဲ ကျယ်ဝန်းပါတယ်။ နောက်ဆုံး တတိယ ထိုင်ခုံတန်းက အရွယ်ရောက် ခရီးသည် တွေ ထိအောင် လိုက်ပါနိုင်ပြီး ၇ ယောက်ဆံ့မော်ဒယ် ဖြစ်လာပါတယ်။
လက်ကိုင်ပိုင်း ပေါ့ပါးသွက်လက်သလို တည်ငြိမ်မှု အားကောင်းပြီး ဈေးကွက်ထဲက ပြိုင်ဖက်မော်ဒယ်တွေထက် ပိုမို သာ လွန်ကောင်းမွန်တယ်လို့ ခံစားရပါတယ်။ ကိုယ်ထည်ပိုင်း အချိုးအဆစ်က ပြေပြစ်ပြီး ပေါ်လွင်တယ်။
အတွင်းခန်းကျယ်ဝန်းသလို ဝန်များများနဲ့ တင်ဆောင် ရုန်းကန်နိုင်တယ်၊ ခရီးဝေးရော လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ပါ ကောင်းမွန်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။
အင်ဂျင်စနစ် ရွေးချယ်နိုင်စရာတွေ ထုတ်လုပ်မှု ရှိပေမယ့် စွမ်းဆောင်ရည်မြင့် V6 အင်ဂျင်တပ် မော်ဒယ်တွေထိအောင် အ မြန်နှုန်း မြှင့်တင်နိုင်မှုလို စွမ်းဆောင်ရည်ကောင်းကောင်း မတွေ့ရဘဲ ပြိုင်ဖက်မော်ဒယ်တွေထက် နှေးချင်နေပါတယ်။ Sport ဆန်အောင် ကိုယ်ထည်ကို ချိုးဆစ်ထားမှုက အမိုးပိုင်းမှာ နိမ့်နေစေပြီး အရပ်ရှည်သူတွေအတွက် စိတ်ကြိုက် မဖြစ်စေချင် ပါဘူး။
မော်ဒယ်ခွဲအနေနဲ့ကတော့ ၅မျိုး ရနိုင်ပါတယ်။ S, SE, SE w/technology, SELနဲ့ SEL Premiumတွေ ဖြစ်ပါတယ်။ ပ ထမ မော်ဒယ်ခွဲ ၄ မျိုးမှာ ပုံမှန် လေးလုံးထိုး အင်ဂျင်ကိုပဲ တပ်ဆင်ထားတာ တေ့ွရပြီး သူက ရုန်းအား ၂၅၈ပေါင်-ပေမှာ မြင်း ကောင်ရေ ၂၃၅ကောင်အား ထွက်ရှိပါတယ်။
နောက်ဆုံး Premium မော်ဒယ်ခွဲမှာတော့ အင်ဂျင်က V6နဲ့ ဖြစ်လာပြီး သူက ရုန်းအား ၂၅၈ပေါင်-ပေမှာပဲ စွမ်းအင် မြင်း ကောင်ရေ ၂၇၆ကောင်အား ဖြစ်လာပါတယ်။ ပုံမှန်ဆိုရင်တော့ ဆီစားနည်းတဲ့ ရှေ့ဘီးယက်စနစ်နဲ့ပဲ ရနိုင်ပြီး V6 အင်ဂျင် တပ်မော်ဒယ်မှာတော့ ဘီးစုံယက်စနစ်နဲ့ လိုချင်ရင်လည်း ရမှာပါ။
မော်ဒယ် အားလုံးက ၈ချက်သုံး Autoနဲ့ပဲ သွားပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်မှုမှာတော့ ဘီးစုံယက်နဲ့ V6 မော်ဒယ် ကိုပဲ တနာရီ မိုင် ၆၀နှုန်းအတွက် အချိန် ၇စက္ကန့်ဝန်းကျင်လောက်ထိအောင် ယူပြီး Sport ဆန်ဆန် SUV အဖြစ်တော့ စိတ် ကြိုက် မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ဝန်တင်ဆောင်ရုန်းကန်နိုင်မှု အားကောင်းတာကတော့ သဘောကျစရာပါ။
ပြည်တွင်းမှာတော့ VWရဲ့ SUV မော်ဒယ်အဖြစ် Touraeg မော်ဒယ်တွေ အစီးများပြီးတော့ ၂၀၀၅ခုနှစ် ဝန်းကျင်ထုတ်တွေ ဆိုရင် သိန်း ၄၇၀ခန့် ရှိပြီး မော်ဒယ်နှစ်အပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက် ရှိနိုင်ပါတယ်။
အခု မော်ဒယ်သစ် Atlas ကတော့ နိုင်ငံတကာဈေးကွက်မှာ ဒေါ်လာ ၃၁၄၂၅နဲ့ မော်ဒယ်ခွဲအပေါ်ကို မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Ref: www.edmunds.com