စီးပွားရေး

ရေဒဏ်၊ ဖုန်ဒဏ် အကြမ်းခံတဲ့ Galaxy XCover 4 စမတ်ဖုန်း

Want create site? Find Free WordPress Themes and plugins.

ဒီဇိုင်းဆန်းပြီး ရေဒဏ်၊ ဖုန်ဒဏ် အကြမ်းခံတဲ့ Samsung ရဲ့ နောက်ဆုံးပေါ် ရေစိုခံစမတ်ဖုန်း Galaxy XCover 4 စမတ်ဖုန်းသစ်ကို Samsung Myanmar မှ ဇွန်လ ၉ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။

Galaxy XCover 4 စမတ်ဖုန်းသစ်ဟာ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေများ၊ စမ်းသပ်မှုများ၊ အကြမ်းခံ စစ်ဆေးမှုများ၊ တုန်ခါမှုနှုန်းထားများ၊ ပင်လယ်ဆားငန်ရေ၊ မြူနှင်းများနဲ့ ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာ ကောင်းစွာအသုံးပြုနိုင်အောင် ဖန်တီးထားတယ်လို့ သိရပါတယ်။

အဆိုပါ XCover 4 စမတ်ဖုန်းသစ်ဟာ မနှစ်က ထွက်ရှိခဲ့တဲ့ XCover 3 စမတ်ဖုန်း အရွယ်အစားထက် ပိုကြီးမားတဲ့ မျက်နှာပြင်၊ ပိုကျဉ်းမြောင်းတဲ့ ဘေးဘောင်နဲ့အတူ တိုးမြှင့်ထားတဲ့ ဖုန်းတွင်းမှတ်ဉာဏ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် Galaxy ဒီဇိုင်းကို အခြေခံပြီး အသစ်ပြန်လည် ဆန်းသစ်ထားတဲ့ အနုစိပ် လက်ရာများနဲ့ XCover 4 စမတ်ဖုန်းသစ်ကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။

ဆင်းမ်ကတ် တကတ်ထိုး Galaxy Xcover 4 စမတ်ဖုန်းဟာ မျက်နှာပြင်အရွယ်အစား ၅ လက်မ HD နဲ့အတူ ကင်မရာ အရည်အသွေးအနောက်ဘက် Original ကင်မရာ 13 Mega pixel၊ အရှေ့ဘက် Selfie ကင်မရာ 5 Mega pixel တို့ ပါဝင်ပြီး ရေဒဏ်နဲ့ ဖုန်းဒဏ် ခံနိုင်စွမ်းအားပါဝင်တဲ့ IP68 နဲ့အတူ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

စွမ်းဆောင်ရည်မြင့် CPU အတွက် Exynos 7570 chipset နဲ့ 1.4 GHz Quad core processor တို့ အသုံးပြုထားပြီး Android OS (Marshmallow) ပါဝင်ပါတယ်။ RAM 2GB နဲ့အတူ ဖုန်းတွင်း Memory 16GB ပါဝင်ပြီး microSD card 64GB အထိ တိုးချဲ့အသုံးပြုနိုင်ပါတယ်။ ဘက်ထရီအား ပမာဏ 2400mAh ပါဝင်တယ်လို့ သိရပါတယ်။

Samsung Myanmar မှ Ooredoo Myanmar နဲ့ ပူးပေါင်းပြီး Galaxy XCover 4 ဝယ်ယူသူများကို လစဉ် အနည်းဆုံး ဖုန်းငွေဖြည့်ကဒ် ၅၀၀၀ ကျပ် ထည့်သွင်းရုံနဲ့ အထူးလက်ဆောင် 2GB အင်တာနက် ၆ လ ဆက်တိုက်ရရှိမှာဖြစ်ပြီး Galaxy XCover 4 စမတ်ဖုန်းကို အရောင်အားဖြင့် အနက်ရောင်၊ ဈေးနှုန်းအားဖြင့် ကျပ် ၃ သိန်း ၅ ထောင်နဲ့ ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးမှာ ဝယ်ယူ ရရှိနိုင်မယ်လို့ သိရပါတယ်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading