ခေတ်သစ် ရုံးခန်းတွေရဲ့ အပြင်အဆင်ကတော့ နည်းနည်း ဆန်းလာပါတယ်။ အရင်က ဝန်ထမ်းတွေ အနေနဲ့ အစည်းအဝေး တခုအတွက် အချိန်နာရီ အများအပြား အချိန်ပေး ပြင်ဆင်ခဲ့ရတာပါ။ အခုတော့ Chat လုပ်နိုင်တဲ့ App တွေ သုံးပြီး ပြောနေတဲ့ အချင်းချင်း မျက်နှာကိုပါ ကြည့်ပြီး Chat နိုင်လာကြပါပြီ။ အခုနှစ် အတွက် ထူးခြားတဲ့ ရုံးသုံး ပစ္စည်း တခုကို Google ကနေ မိတ်ဆက်လာပါပြီ။ အဲဒါက ကတော့ Jamboard လို့ ခေါ်တဲ့ Digital Whiteboard တခုပါ။
လက်ရှိ ဈေးကွက်ထဲမှာ လူကြိုက်များ အောင်မြင်နေတဲ့ Microsoft ရဲ့ Surface Hub ကို ဈေးကွက် ပြိုင်ဆိုင်ဖို့ ထွက်ရှိလာတာပါ။ ဈေးနှုန်း အရ အခု Jamboard မော်ဒယ်က ဒေါ်လာ ၅၀၀၀ ပဲ ရှိမှာ ဖြစ်ပြီး Surface Hub ကတော့ ဒေါ်လာ ၂၁၀၀၀ ရှိလို့ စဉ်းစားစရာ ဖြစ်ပါတယ်။ ပြီးတော့ Jamboard ဟာ အင်တာနက် တိုက်ရိုက် ချိတ်ဆက်နိုင်မှု စွမ်းဆောင်ရည်ကို ကြည့်ရပါဦးမယ်။
အခု Jamboard မှာ App တခုတည်း ပါရှိပြီး အသုံးတွေ အားလုံးကို ဒီApp ထဲမှာ ထည့်သွင်း ဖန်တီးထားတာပါ။ အခု မော်ဒယ်က ကွန်ပျူတာ တလုံးလို အလုပ် လုပ်မှာတော့ မဟုတ်ပါဘူး။ Whiteboard အနေနဲ့ပဲ သုံးနိုင်မှာပါ။ နောက်ပိုင်းမှာ App တွေ ထပ်ထည့်နိုင်လိမ့်မယ် လိုု့ Google ရဲ့ အင်ဂျင်နီယာ T J Varghese က ပြောပါတယ်။ ဒါဆိုရင်တော့ နောက်ပိုင်း မော်ဒယ်ဟာ ကွန်ပျူတာလို အသုံးချနိုင်လာဖို့ ရှိနေတာပါ။ အခု မော်ဒယ်က အစည်းအဝေး အတွင်း မရှိနေတဲ့ အခြား အစည်းအဝေး တက်ရောက်လိုသူတွေ အတွက် အင်တာနက်ကနေ အလွယ်တကူ ချိတ်ဆက် စည်းဝေးစေနိုင်မယ့် အကူ ပစ္စည်းပါ။
Jamboard ရဲ့ ပြသ မျက်နှာပြင်က ၅၅ လက်မ အရွယ်ရှိပါတယ်။ 4K ရုပ်ထွက် ထိအောင် ကြည်လင် ပြတ်သွားစွာ ပြသပေးနိုင်မှုာ ဖြစ်ပါတယ်။ ပြီးတော့ မျက်နှာပြင်မှာ တဦးထက် ပိုတဲ့ အစည်းအဝေး တက်ရောက်နေသူတွေရဲ့ ရုပ်တွေ ကိုလည်း အပိုင်း၊ အကန့်တွေ ခွဲပြီး ပြသပေးနိုင်မှာပါ။ ပြီးတော့ Jamboard ကနေ အင်တာနက် ချိတ်ဆက်မှုကို အခြား ကွန်ပျူတာနဲ့ Tablet တွေကိုလည်း ဆင့်ကဲ ချိတ်ဆက်နိုင်မှာပါ။ ဒါကြောင့် တကယ့် လက်တွေ့ ဘဝထဲကလိုပဲ အစည်းအဝေး လုပ်နိုင်စေမှာ ပါ။ ပြီးတော့ ဒီမော်ဒယ်ရဲ့ မျက်နှာပြင်ပေါ်မှာ ပုံတွေ ဆွဲပြနိုင်မယ်၊ အရောင်တွေ စိတ်ကြိုက် ရွေးချယ်နိုင်စေဦးမှာပါ။ ရုံးအလုပ်တွေ အတွက် ဖိုင်တွေကို စုစည်း သိမ်းဆည်းမှု ပုံစံလည်း ရပါမယ်။
ပြီးတော့ ဓာတ်ပုံတွေကိုလည်း အလွယ်တကူ Upload လုပ်ပြီး ပို့နိုင်၊ မျက်နှာပြင်ပေါ်မှာ ဖော်ပြပေးနိုင်သလို Screenshot လည်း ရမှာပါ။ emoji နဲ့ လူမှုကွန်ရက်သုံး Sticker တွေလည်း ပို့နိုင်မှာပါ။ Webcam လည်း ထည့်သွင်း ဖန်တီးထားလို့ ပုံတွေလည်း ရိုက်နိုင်မယ်၊ Selfie လည်း ဆွဲနိုင်မှာပါ။
အမေရိကန် ဈေးကွက်မှာတော့ မော်ဒယ်ကို ၄၉၉၉ ဒေါ်လာနဲ့ စတင်ရောင်းချဖို့ ရှိနေပြီး နောက်ထပ် ဒေါ်လာ ၆၀၀ ကိုတော့ ဝန်ဆောင်ခ အဖြစ် ပေးချေရဖို့ ရှိနေပါတယ်။ ပြီးတော့ Jamboard က ခေါက်သိမ်းနိုင်တဲ့ စနစ် ဖြစ်ပြီး သူ့အတွက် တပ်ဆင် ထိန်းချုပ် ဘောင်ကိုတော့ ဒေါ်လာ ၁၃၄၉ နဲ့ ရောင်းချပါလိမ့်မယ်။
စက်တင်ဘာအထိပဲ ရောင်းချမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ထုတ်လုပ်မှု ကန့်သတ်သွားမယ် လို့လည်း သိရပါတယ်။
Ref: www.techpluto.com