ဂျာမနီအခြေစိုက် ကမ္ဘာကျော် ဇိမ်ခံကားထုတ်လုပ်တဲ့ ကုမ္ပဏီ BMWကနေ သူ့ရဲ့လျှပ်စစ်စနစ်သုံး လျှပ်စစ်ဆိုင် ကယ် အမျိုးအစားသစ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ဖော်ပြသခဲ့ပြီး လာမယ့် ဆယ်စုနှစ်အတွင်း ဈေးကွက်မှာ အဆိုပါ မော်ဒယ်အစီးရေ အများအပြား ရောင်းချနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုလာပါတယ်။
အဆိုပါ မော်ဒယ်သစ်ကို အီတလီကားပြပွဲအတွင်း ထည့်သွင်းပြသခဲ့တာ ဖြစ်ပြီး BMW ကတော့ Motorrad Concept Link လို့ အမည်ပေးထားတာတွေ့ရပါတယ်။ မော်ဒယ်က ကိုယ်ထည် နိမ့်နိမ့်၊ ထိုင်ခုံတန်းက ပြင်ညီတတန်းတည်းပုံစံ ဖြစ်ပြီး ကိုယ်ထည်ရဲ့အတွင်းပိုင်းမှာ ကုမ္ပဏီကနေ Bike Energy Pack ဆိုတဲ့ အားထိန်းစနစ်ကို ထည့်သွင်းထားတာလည်း ဖြစ်ပါ တယ်။
လက်ရှိအချိန်ထိအောင်တော့ ကုမ္ပဏီက မော်ဒယ်ရဲ့အင်ဂျင်ပိုင်းစွမ်းဆောင်ရည်၊ လျှပ်စစ်စွမ်းအင်နဲ့ ဘယ်လောက်ထိ အောင် မောင်းနှင်နိုင်မယ်ဆိုတာတွေ မပြောသေးပေမယ့် နောက်ဘီးယက်စနစ်နဲ့ ဖန်တီးထားတာလောက်ပဲ တွေ့ ရပါ တယ်။
ခေါင်းပိုင်းဒိုင်ခွက်က ပုံမှန်လို ပင်မတခုတည်းမဟုတ်ဘဲ Digital ပုံစံနဲ့ ၂ ခု ထည့်ထားတာ တွေ့ရပါတယ်။ လက်ကိုင်ကိုင်း ရဲ့အလယ်တည့်တည့်မှာ ထိုင်ထားတဲ့ အနက်ရောင်နောက်ခံနဲ့ ပြသမျက်နှာပြင်စနစ်က ဂြိုလ်တုအခြေပြု မြေပုံစနစ်ကို ဖော်ပြ ပေးမယ်၊ ဘက်ထရီစွမ်းအင် လက်ကျန်အခြေအနေကို ဖော်ပြမယ်၊ ပြီးတော့ ဆိုင်ကယ်ရဲ့လက်ရှိ မြန်နှုန်းတွေကို ပြသပေးမှာ ပါ။
အဆိုပါ ပြသမျက်နှာပြင်စနစ်ရဲ့ အောက်ဘက်မှာ ကပ်ပြီး ထပ်မံထည့်သွင်းထားတဲ့ ဒုတိယမြောက် ပြသမျက်နှာပြင်စနစ်က တော့ Touch စနစ်နဲ့ သုံးနိုင်မှာ ဖြစ်ပြီး သီချင်းဖွင့်ခြင်းလို ဖျော်ဖြေရေးအပိုင်းတွေကို ပြသပေးမယ့်စနစ်ပဲ ဖြစ်ပါတယ်။
ဆိုင်ကယ်မှာ မှတ်ဉာဏ်စနစ်ထည့်ထားပြီး သူက ပြက္ခဒိန် အပေါ်ကို အခြေခံပြီး ဆိုင်ကယ်မောင်းနှင်နေသူကို ခရီးသွား လမ်းညွှန်ချက်တွေ၊ နောက်ထပ် သွားရမယ့်ခရီးစဉ်တွေကို ဖော်ပြပေးနေမှာလည်း ဖြစ်ပါတယ်။ Toolbox လို ပစ္စည်းထည့် ခန်းကိုလည်း ပုံမှန် ထိုင်ခုံအောက်ဘက်မှာ မဟုတ်ဘဲ လျှို့ဝှက်ပုံစံနဲ့ ဆိုင်ကယ်ရဲ့ကိုယ်ထည်တနေရာမှာ ထည့်သွင်းဖန်တီး ထားမှာပါ။
ကားတွေမှာလိုပဲ ပတ်ဝန်းကျင်ကို အာရုံခံပြီး အန္တရာယ်အချက်ပြစနစ် ပါရှိလာပြီး မိမိရဲ့ဆိုင်ကယ်အနီးကို အခြားယာဉ် တစီး စီး နီးကပ်လာမယ်ဆိုရင် လက်ကိုင်ကနေ တုန်ခါပြီး သတိပေးဖို့လည်း ရှိပါတယ်။
ဒီဆိုင်ကယ်ဟာ BMWကနေ နောက်ပိုင်းမှာ ထုတ်လုပ်ဖို့ ရှိနေတဲ့ မောင်းသူမဲ့မော်ဒယ် Vision Next 100နဲ့ ဖန်တီးမှုချင်း ဆင်တူမယ့် မော်ဒယ်လည်း ဖြစ်ပြီး နည်းပညာလည်း ဆင်တူထုတ်လုပ်လာဖို့ ရှိနေပါတယ်။
အဆိုပါ ပြပွဲမှာBMW ကနေ အခုဆိုင်ကယ် မော်ဒယ်သစ်အပြင် mini ရဲ့မောင်းသူမဲ့မော်ဒယ်ကိုလည်း မိတ်ဆက်ခဲ့တာ တွေ့ ရပါတယ်။
သိရသလောက်တော့ BMW အနေနဲ့ အခုလို ဆိုင်ကယ်မော်ဒယ် အပါအဝင် ကားတွေမှာပါ မောင်းသူမဲ့စနစ်နဲ့ လျှပ်စစ် အင် ဂျင်တပ် မော်ဒယ် ၅ ခုလောက်ထိ အမြန်ဆုံး အောင်မြင်အောင် ဖန်တီးဈေးကွက်တင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
Ref: www.businessinsider.com