Apple ကနေ မကြာသေးခင်ကပဲ Business Chat အနေနဲ့ သုံးနိုင်မယ့် iMessage ဆိုတဲ့ စနစ်သစ်ကို မိတ်ဆက်လာ ပါတယ်။ သူက လက်ရှိမှာ လူသုံးအများဆုံး ဖြစ်နေတဲ့ Facebook ရဲ့ Messenger စနစ်ကို ပြိုင်ဆိုင်သွားဖို့ ရှိလာတာပါ။ အထူး သဖြင့်တော့ အခု iMessage စနစ်က လုပ်ငန်းခွင် သဘောမျိုး သုံးနိုင်လာမယ့် စနစ်ပါ။ iMessage အနေနဲ့ iOS 11 စနစ်ရဲ့ အစိတ်အပိုင်းသစ် အဖြစ် ပါရှိလာမှာ ဖြစ်ပြီး Safari, Sportlight, Siri လို စနစ်တွေကနေ ဝင်ပြီး သုံးနိုင်မှာလည်း ဖြစ်ပါတယ်။ စနစ်က ကြည့်လိုက်ရင်တော့ ပုံမှန် Messenger လိုပဲ စာတိုတွေ ပိ့ုပြီး Chat နိုင်အောင် ဖန်တီးထားတာ ဖြစ်ပေမယ့် Apple ကတော့ အခြား အသုံးတွေပါ သုံးနိုင်အောင် ထည့်သွင်း ဖန်တီးထားတာ တွေ့ရပါတယ်။ ဥပမာ အလုပ်အတွက် အချိန်ဇယား ဆွဲခြင်းမျိုးတွေပါ။
နောက်ပြီး အခြား App တခုကို ဝင်စရာ မလိုဘဲ သက်ဆိုင်တဲ့ သူ တဦးနဲ့ ပြောနေလိုက်ရုံနဲ့ လုပ်ငန်း တခါတည်း ပြီးအောင် ဆောင်ရွက်နိုင်မယ့် စနစ်လည်း သုံးနိုင်မှာပါ။ ဆိုလိုတာကတော့ မိမိက လေယာဉ်လက်မှတ် အရောင်းဌာနက အရောင်း ဝန်ထမ်းနဲ့ Chat လိုက်ရုံနဲ့ သီးသန့် လက်မှတ် ဝယ်ယူတဲ့ App ကို ဖွင့်စရာ မလိုတော့ဘဲ တဖက်က လက်မှတ် အရောင်း ဝန်ထမ်းကနေ လက်မှတ်နဲ့ ပတ်သတ်တဲ့ ခုံနေရာ ကျန်ရှိမှု၊ အချိန်၊ စသဖြင့် အားလုံးကို iMessage ကနေ ပြသ ပေးနိုင် သလို၊ ဝယ်သူကလည်း စိတ်ကြိုက် ရွေးချယ် ဝယ်နိုင်မှာပါ။ ဒါဟာ Chat အတွက် သုံးတဲ့ App တွေထက် ပိုကောင်း လာပြီး App နှစ်ခုကနေ အများအပြား သုံးရတာမျိုးကို လျော့ချလိုက်နိုင်တာ ဖြစ်ပါတယ်။
ပြီးတော့ iMessage မှာ LivePerson, Salesforce, Nuance နဲ့ Genesys လို ဝန်ဆောင်မှု ကုမဏီတွေနဲ့ ချိတ်ဆက်ထားပြီး အဆိုပါ ဝန်ဆောင်မှု ကုမ္ပဏီတွေကနေ ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို iMessage ကနေ မှာယူနိုင်မှာပါ။ နောက်ပိုင်းမှာ အသံစနစ်နဲ့ မှာယူ၊ ပေးချေမှုတွေပါ လုပ်ဆောင်နိုင်အောင် ဖန်တီးသွားမယ် လို့ LivePerson ရဲ့ CEO ကလည်း ပြောပါ တယ်။ Apple Pay နဲ့ ချိတ်ဆက်ပြီး ငွေပေးချေမှုတွေ ကိုလည်း ဝယ်ယူသူရဲ့ စာရင်းအပေါ်ကို မူတည်ပြီး iMessage မှာ ပြောလိုက်ရုံနဲ့ ပေးချေပြီး ဖြစ်မယ်၊ ပို့ဆောင်ပေးမယ် ဆိုတဲ့ တထိုင်တည်း ပြီးမယ့် စနစ်တွေ သုံးနိုင်လာဖို့ ရှိနေတာပါ။
နောက်ပိုင်းမှာ Apple ကနေ Chatbot ကို တပါတည်း ထည့်သွင်းလာနိုင်ပြီး လက်ရှိမှာ Chatbot မပါသေးတဲ့ iMessage စနစ်က အုပ်စုလိုက် Chat မယ် ဆိုရင် အရေအတွက် အကန့်အသတ်နဲ့ပဲ Chat နိုင်မှာ ဖြစ်ပြီး Chatbot ပါလာရင်တော့ ပိုပြီး များပြားတဲ့ လူတွေ ပါဝင် Chat လာနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Apple ကနေ iMessage ဖန်တီးသူတွေရော စီးပွားရေး သမားတွေကိုပါ iMessage ကို စမ်းသုံးဖို့ ခွင့်ပြုထားပြီး မကြာခင်မှာ ပြီးပြည့်စုံတဲ့ စနစ်ကို အားလုံး သုံးနိုင်လာဖို့ ရှိနေပါတယ်။
Ref: www.techcrunch.com