အခု ဆောင်းပါးကို ဖတ်နေချိန်မှာ Apple ကနေ iPad Pro 10.5 လို ပစ္စည်းသစ်တွေ မိတ်ဆက်ပြီးနေပါပြီ။ iPad ရဲ့ မော်ဒယ်သစ်က ကွန်ပျူတာ တလုံးနဲ့ ဆင်တူလောက်အောင် စွမ်ေးဆာင်ရည် တွေ ကောင်း လာတာ တွေ့ရပါတယ်။ အသုံးပြုရတာလည်း အရမ်းပဲ ကောင်းမွန် လွယ်ကူလာပါတယ်။ ဒါဆိုရင်တော့ Apple အနေနဲ့ iPad လို Tablet ကို ကွန်ပျူတာ အဖြစ် သုံးနိုင်အောင် နောက်ထပ် အဆင့်မြှင့်လာဖို့ ရှိတော့မှာပါ။
ဒီလို Apple ရဲ့ မော်ဒယ်တွေ စွမ်းဆောင်ရည် မြင့်လာတာကို ဘာကြောင့်လဲ ဆိုတော့ လက်ရှိမှာ လူသုံးများနေတဲ့ ကွန်ပျူတာတွေရဲ့ နေရာကို Tablet တွေ နေရာဝင်ယူလာ နိုင်တာကြောင့်ပါ။ Google ရဲ့ Chromebook က ကောင်းမွန်တဲ့ အထဲမှာ ပါပါတယ်။ လက်ရှိမှာလည်း အရေအတွက် အများအပြား အသုံးပြုနေကြတယ်၊ ရောင်းချနေရပါတယ်၊ ဒါပေမယ့် အနာဂတ်မှာတော့ Tablet တွေ အသုံး တွင်ကျယ်လာရင် ကွန်ပျူတာတွေ နေရာ ဖယ်ပေးလိုက်ရ ပါလိမ့်မယ်။
Chromebook မှာ သုံးထားတဲ့ Chrome OS စနစ်က Tablet မှာလည်း ထည့်လို့ ရပါတယ်။ Chromebook Flip ဟာ အကောင်းဆုံး Tablet ပုံစံလည်း သုံးနိုင်တဲ့ မော်ဒယ်တွေထဲက တခုပါ။ Web Browser တွေကိုလည်း သုံးနိုင်တယ်၊ App တွေကိုလည်း စိတ်ကြိုက် သုံးနိုင်တယ်၊ ရုပ်ထွက်ပိုင်းမှာ Samsung ရဲ့ မော်ဒယ်တွေနဲ့ Pixel C လောက် မကောင်း ပေမယ့် ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်က မျှတ ကောင်းမွန်နေတာပါ။ ဒီတော့ အဲဒီ Flip လို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်တဲ့ Chromebook တွေဟာ လူကြိုက်များ အောင်မြင်နိုင်ပါတယ်။
ဒီလိုပါပဲ Microsoft နဲ့ Apple ကုမ္ပဏီတွေကလည်း ပုံမှန်ဆိုရင် Tablet လို သုံးနိုင်မယ်၊ လိုအပ်ရင် Keyboard နဲ့ ချိတ်ဆက်ပြီး ကွန်ပျူတာလို သုံးနိုင်မယ့် မော်ဒယ်တွေကို ဖန်တီးဖို့ အားထည့်နေတာ တွေ့ရပါတယ်။ Asus ရဲ့ Transformer တန်းဝင် မော်ဒယ်တွေကိုပဲ ကြည့်ပါ။ သဘောတရားချင်း အတူတူပါပဲ။ ထုတ်လုပ်မှု စရိတ် နည်းနည်းနဲ့ ထုတ်နိုင်မယ်၊ ဒါဆို ဈေးချိုချိုနဲ့ ရောင်းနိုင်မှာပါ။ လူတွေကလည်း Tablet လိုမျိုး ပစ္စည်းသစ်ကို လိုချင်နေကြပါတယ်။ ပုံမှန်ဆို သယ်ဆောင်ရလွယ်တဲ့ Tablet တလုံးပဲ ဖြစ်ပေမယ့် လိုအပ်ချိန်မှာ Keyboard လို စနစ်နဲ့ အခြား ကွန်ပျူတာနဲ့ ချိတ်ဆက် သုံးချင်နေကြပါတယ်။
၁၀ လက်မ အရွယ် ပြသ မျက်နှာပြင်လေက်၊ Processor မြန်မြန်ကောင်းကောင်း၊ ဈေးချိုချို၊ App အစုံသုံးနိုင်ပြီး 128 GB လောက် ပါတဲ့ မော်ဒယ်တွေ ဆိုရင် ဈေးကွက်မှာ ချက်ချင်း အောင်မြင်မှု ရနိုင်ပါတယ်။ ဒီလို အနေအထားနဲ့ ကွန်ပျူတာ လိုသာ သုံးနိုင်တဲ့ Tablet တွေ ထွက်ရှိလာရင်တော့ Laptop အသုံးပြုမှုဟာ ချက်ချင်းပဲ လျော့ကျသွားပါလိမ့်မယ်။
ဒီလို ကွန်ပျူတာလို သုံးနိုင်တဲ့ Tablet ကို ဖန်တီးနိုင်မယ့် ကုမ္ပဏီက ကမ္ဘာပေါ်မှာ ခပ်ရှားရှားပါ။ Microsoft, Apple နဲ့ Google တွေပဲ ရှိပါတယ်။ Apple က iOS ကြောင့် ဈေးမြင့်နေတယ်၊ Microsoft က ဖုန်းဈေးကွက်မှာတောင် နေရာ ကောင်းကောင်း မရချင်ဘူး၊ Google ကတော့ Chrome စနစ် ရှိနေလို့ အခွင့်ကောင်း တခုပါ။ Samsung အနေနဲ့ ဖန်တီးနိုင်မှု နည်းပညာ မြင့်မားပေမယ့် သူ ကျွမ်းကျင်တဲ့ Android စနစ်နဲ့ ကွန်ပျူတာလို သုံးနိုင်ဖို့ ထုတ်မယ် ဆိုရင် ထုတ်လုပ်မှု စရိတ် များလာမှာ ပါ။ ဒါဆို သူ့ ပစ္စည်းက ဈေးကွက် အောင်မြင်ဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် Google အနေနဲ့ Chrome မော်ဒယ် Tablet ထုတ်သင့်တယ် လို့ ပြောတာပါ။
သိရသလောက် Google မှာ Tablet ထုတ်နိုင်လောက်တဲ့ နည်းပညာနဲ့ ပညာရှင်တွေ၊ ဖန်တီးနိုင်မှုတွေ ရှိနေပါတယ်။ Android စနစ်ဘက်ကလည်း ပြီးပြည့်စုံမှု ရှိသည်ထက် ရှိလာနေပါတယ်၊ Version သစ်တွေ ထွက်လာနိုင်ဖို့ ရှိနေပြီး OS စနစ်ချင်း မတူပေမယ့် ဖန်တီးပုံချင်း ဆင်တူအောင် ရယူပြီး Chrome Tablet တွေကို အကောင်းဆုံး ဖန်တီးနိုင်မယ့် အနေအထားပါ။ Chrome Tablet သာ ထွက်လာရင် Google ဟာ ကွန်ပျူတာ ရပ်ဝန်းမှာပါ ရှေ့ဆောင် ကုမ္ပဏီ တခု ဖြစ်လာနိုင်ပါတယ်။ ။
Ref: www.m.androidcentral.com