အခုနှစ်အတွက် စိတ်ချရမှု အကောင်းဆုံးကားတွေကို အင်္ဂလန်အခြေစိုက် Auto Expressကနေ ဖော်ပြထားတာ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာလည်း ရနိုင်နေတဲ့မော်ဒယ်တွေ ပါရှိတာကြောင့် အကောင်းဆုံးကို ရွေးချယ်နိုင်အောင် ပြောပြချင်ပါတယ်။
(၁) Toyota RAV-4 (96.21%)
ရာခိုင်နှုန်း ၉၆ ကျော် ရခဲ့တဲ့ ဂျပန်အခြေစိုက် မော်ဒယ်က ရမှတ်အမြင့်ဆုံး ဖြစ်လာပါတယ်။ ဒီဇိုင်းဆန်းတယ်၊ ကိုယ်ထည် မာတယ်၊ အင်ဂျင်ပိုင်း စွမ်းဆောင်ရည် ကောင်းလို့ လူကြိုက်များပါတယ်။ အင်ဂျင်ပိုင်းမှာ အခုထက် ပိုမို ကောင်းမွန်လာဖို့ ဈေးကွက် က လိုချင်နေကြတာလည်း တွေ့ရပါတယ်။
(၂) Skoda Yeti (95.71%)
ပြည်တွင်းမှာတော့ Skoda ဈေးကွက် မရှိပါဘူး။ ဒီဇိုင်းဆန်းတယ်၊ အင်ဂျင် စွမ်းဆောင်ရည် ကောင်းတယ်၊ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ကောင်းတဲ့မော်ဒယ်ပါ။ တံခါးရွက်ပိုင်းတပ်ဆင်မှု အားနည်းချက်ရှိတာကလွဲရင် အားလုံးက ကြိုက်ကြပါ တယ်။
(၃) Audi Q3 (95.71%)
ရမှတ်တူပေမယ့် တစီးလုံးအပိုင်းမှာ Yeti က အသာရသွားပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းကနေ စပြီး ထုတ်လုပ်မှုပုံစံ အကောင်းဆုံး ဖြစ်လာတဲ့မော်ဒယ်ပါ။ ကိုုယ်ထည်ပိုင်းအရည်အသွေးကို လူကြိုက်များပါတယ်။ အားနည်းချက် အသေး လေးတွေပဲ တွေ့ရတယ်လို့ သိရပါတယ်။
(၄) SEAT Leon (95.57%)
ပြည်တွင်းမှာ SEATရဲ့ဈေးကွက် မရှိပါဘူး။ ၂၀၁၃ ခုနှစ်ရဲ့Car of the Year ဆု ရထားတဲ့မော်ဒယ်ပါ။ လျှပ်စစ်ပိုင်းမှာ အား နည်းချက် ရှိတယ်လို့ ဈေးကွက်က ဆိုပေမယ့် တစီးလုံး အတိုင်းအတာမှာတော့ ရလဒ်ကောင်းနေပါတယ်။
(၅) Lexus RX (95.37%)
ထိပ်ဆုံးတန်းဝင်မော်ဒယ်တွေထဲမှာ ကိုယ်ထည် အကြီးဆုံးမော်ဒယ်ပါ။ စွမ်းဆောင်ရည် အထူးကောင်းမွန်လာပါတယ်။ ကိုယ်ထည်ပိုင်း မာကျောတယ်၊ နည်းပညာပိုင်းမှာထက် ကိုယ်ထည်သားကို အခုထက် ပိုမာဖို့ ဈေးကွက်က လိုချင်နေပါ တယ်။
(၆) Kia Ceed/Pro-cee’d (95.32%)
တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီအတွက် အားရစရာ ရလဒ်ပါ။ Hatchback မော်ဒယ်အနေနဲ့ အမြင့်ဆုံး အဆင့်ရလာ တာပါ။ တပ်ဆင် နည်းပညာအားကောင်းတယ်၊ အင်ဂျင်ပိုင်း သင့်တယ်၊ ဆီစားနှုန်း ချိုတယ်၊ အတွင်းခန်း ကျယ်ဝန်းလို့ လူ ကြိုက်များကြပါတယ်။
(၇) Lexus CT (95.29%)
Hybrid စနစ်နဲ့ မော်ဒယ်ထဲက အမြင့်ဆုံး အောင်မြင်မှု ဖြစ်လာပါတယ်။ ဆီစားနှုန်း အထူးပဲ ချိုသာပါတယ်။ Prius မော်ဒယ် က အင်ဂျင်နဲ့ ဖန်တီးပုံချင်း တူပါတယ်။ ကိုယ်ထည်မာကျောမှု အားကောင်းပြီး အားနည်းချက် သိပ်မတွေ့ရဘူးလို့ ဈေး ကွက်က ဆိုပါတယ်။
(၈) Suzuki Vitara (94.95%)
အင်ဂျင်စနစ် ကောင်းမွန်တယ်၊ ဈေးနှုန်း ချိုသာတယ်၊ ကိုယ်ထည်ပိုင်း အရည်အသွေး ကောင်းမွန်လာလို့ လူကြိုက်များလာ ပါတယ်။ လျှပ်စစ်စနစ်အပိုင်းမှာ အားနည်းချက်တချို့ ရှိတယ်လို့ ဈေးကွက်က သိရတာကလွဲရင် အားလုံး စိတ်ကြိုက်ပါပဲ။
(၉) Lexus NX (94.92%)
၂၀၁၄ ခုနှစ်ကနေ မိတ်ဆက်ရောင်းချကတည်းက လူကြိုက်များလာခဲ့တာပါ။ ဆီအင်ဂျင်ရော Hybrid အနေနဲ့ပါ ရနိုင်ပါ တယ်။ စွမ်းဆောင်ရည်လည်း ကောင်းပါတယ်။ ဘရိတ်ပိုင်းမှာ အခုထက် ပိုပြီး ကောင်းမွန်ဖို့ ဈေးကွက်က လိုချင်နေတာ ဖြစ်ပါတယ်။
(၁၀) Volvo XC60 (94.86%)
အခုနှစ် မော်ဒယ်က အားလုံးအသစ်အနေနဲ့ ဖန်တီးထုတ်လုပ်လာတဲ့ မော်ဒယ်ပါ။ ကိုယ်ထည်ပိုင်း မာကျောမှုကို လူကြိုက် များတာ တွေ့ရပါတယ်။ လျှပ်စစ်စနစ်အပိုင်းမှာ အားနည်းချက် အနည်းငယ် တွေ့ရတယ်လို့ ဈေးကွက်ကနေ သိရပါတယ်။
Ref: www.autoexpress.co.uk