Samsung Myanmar မှ Galaxy J Pro (2017) series စမတ်ဖုန်းများဖြစ်ကြတဲ့ J5 Pro နဲ့ J7 Pro စမတ်ဖုန်းတို့ကို မြန်မာနိုင်ငံမှာ စတင် မိတ်ဆက်လိုက်ပါပြီ။
Galaxy J Pro series မှာ ထူးခြားချက်အနေနဲ့ Social Media အကောင့်နဲ့ Chatting Application တို့ကို အကောင့် ၂ ခု ခွဲပြီး ဖုန်းထဲမှာ တပြိုင်တည်း အသုံးပြုနိုင်တဲ့ Dual Messenger solutions လုပ်ဆောင်ချက်အသစ် ပါဝင်တယ်လို့ သိရပါတယ်။
ကျစ်လစ်သပ်ရပ်တဲ့ သတ္တုကိုယ်ထည်နဲ့အတူ Galaxy J5 Pro နဲ့ J7 Pro တို့မှာ အရည်အသွေး မြှင့်တင်ထားတဲ့ စွမ်းဆောင်ရည်၊ ကင်မရာနဲ့ အသစ်တိုးမြှင့်ထားတဲ့ လုံခြုံရေးစနစ်တို့ ပါဝင်ပါတယ်။
“Samsung J Series မှာ ထူးခြားချက်ကတော့ ဖုန်းတလုံးနဲ့ နေထိုင်မှုနှစ်မျိုး ဆိုတဲ့အတိုင်း Dual Messenger လုပ်ဆောင်ချက် ပါဝင်တယ်။ ဖုန်းတလုံးတည်းမှာ Dual Sim နဲ့ Viber အကောင့် ၂ ခု၊ Messenger အကောင့် ၂ ခု ကို တပြိုင်တည်း သုံးနိုင်တယ်။ အကောင့်တခုပြီး တခုလည်း Log in, Log out လုပ်စရာ မလိုဘူး။ အလုပ်နဲ့ Personal ကို ခွဲပြီး သုံးနိုင်တယ်” လို့ Samsung Myanmar ရဲ့Head of IT ကိုဇာနည်ဝင်းထက်က ပြောပါတယ်။
J5 Pro နဲ့ J7 Pro စမတ်ဖုန်းများမှာ စွမ်းဆောင်ရည်မြင့် 1.6GHz octa-core processor အသုံးပြုထားပြီး 3GB RAM နဲ့အတူ ဖုန်းတွင်းမှတ်ဉာဏ် 32GB၊ Andriod 7.0 Nougat ပါဝင်တယ်လို့ သိရပါတယ်။ ကင်မရာ အရည်အသွေး 13 Megapixel အရည်အသွေးများရှိကြတဲ့ F 1.9 အရှေ့ကင်မရာနဲ့ F 1.7 အနောက်ကင်မရာတို့ ပါဝင်ပါတယ်။
“ကင်မရာ အရည်အသွေးအနေနဲ့ J Series စမတ်ဖုန်းတွေမှာ ရှေ့နောက် 13 Megapixel နဲ့ အလင်းအားနည်းတဲ့ နေရာတွေမှာ ပုံကောင်းကောင်းရိုက်ကူးနိုင်တဲ့ Low-Light ကင်မရာ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ LED Flash နဲ့ Display Screen Flash တို့ ပါဝင်တဲ့ အကောင်းဆုံး Selfie ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်” လို့ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။
Galaxy J7 Pro စမတ်ဖုန်းဟာ မျက်နှာပြင်အရွယ်အစား ၅.၅ လက်မရှိ Super AMOLED Full HD မျက်နှာပြင်နဲ့ ဘက်ထရီအား ပမာဏ 3600 mAH ပါဝင်ပါတယ်။ Galaxy J5 Pro စမတ်ဖုန်းက မျက်နှာပြင်အရွယ်အစား ၅.၂ လက်မရှိ HD Super AMOLED မျက်နှာပြင်နဲ့ ဘက်ထရီအား ပမာဏ 3000 mAH ပါဝင်တယ်လို့ သိရပါတယ်။
Galaxy J Pro (2017) စမတ်ဖုန်းသစ်များကို အရောင်အားဖြင့် အနက်ရောင်၊ ရွှေရောင်၊ ပန်းရောင်နဲ့ ငွေပြာရောင် စတဲ့ အရောင် ၄ မျိုးနဲ့ ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းအားအနေနဲ့ J7 Pro ကို ကျပ် ၄၂၅၀၀၀၊ J5 Pro ကို ကျပ် ၃၅၉၀၀၀ တို့နဲ့ တနိုင်ငံလုံး ရောင်းချသွားမယ်လို့ သိရပါတယ်။
Galaxy J Series စမတ်ဖုန်းသစ်များ မိတ်ဆက်မှုနဲ့အတူ Samsung Myanmar မှ Ooredoo Myanmar နဲ့ ပူးပေါင်းပြီး Galaxy J Pro (2017) စမတ်ဖုန်း ဝယ်ယူသူများအတွက် လစဉ် အနည်းဆုံး ဖုန်းငွေဖြည့်ကဒ် ၅၀၀၀ ကျပ် ထည့်သွင်းရုံနဲ့ အထူးလက်ဆောင် 2GB ဒေတာ သုံးစွဲခွင့် ၆ လ ဆက်တိုက် ရရှိခံစားနိုင်မယ်လို့ သိရပါတယ်။