ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် အခြေစိုက် Apple ကနေ သူ့ရဲ့ Tablet မော်ဒယ်သစ် တခုကို ပြသ မျက်နှာပြင် အရွယ် ၁၀ ဒသမ ၅ လက်မနဲ့ အသစ် မိတ်ဆက်ရောင်းချလာတာ တွေ့ရပါတယ်။ သူက ရှေ့ထွက် ၉ ဒသမ ၇ လက်မ အရွယ် မော်ဒယ်ရဲ့ နေရာမှာ အစားထိုး အောင်မြင်မှု ရဖို့ မျှော်မှန်း ထားတာပါ။ A10X အထိုင်နဲ့ iPhone 7 က ကင်မရာ စနစ်တွေနဲ့ ဖြစ်ပါတယ်။ ဒီတော့ ရှေ့ထွက် 9 ဒသမ 7 မော်ဒယ်နဲ့ အသစ် ထွက်လာတဲ့ 10.5 မော်ဒယ်၊ ဘယ်မော်ဒယ်က ပိုကောင်းမလဲ ကြည့်ရအောင်ပါ။ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် အခြေစိုက် Apple ကနေ သူ့ရဲ့ Tablet မော်ဒယ်သစ် တခုကို ပြသ မျက်နှာပြင် အရွယ် ၁၀ ဒသမ ၅ လက်မနဲ့ အသစ် မိတ်ဆက်ရောင်းချလာတာ တွေ့ရပါတယ်။ သူက ရှေ့ထွက် ၉ ဒသမ ၇ လက်မ အရွယ် မော်ဒယ်ရဲ့ နေရာမှာ အစားထိုး အောင်မြင်မှု ရဖို့ မျှော်မှန်း ထားတာပါ။ A10X အထိုင်နဲ့ iPhone 7 က ကင်မရာ စနစ်တွေနဲ့ ဖြစ်ပါတယ်။ ဒီတော့ ရှေ့ထွက် 9 ဒသမ 7 မော်ဒယ်နဲ့ အသစ် ထွက်လာတဲ့ 10.5 မော်ဒယ်၊ ဘယ်မော်ဒယ်က ပိုကောင်းမလဲ ကြည့်ရအောင်ပါ။
အသံပိုင်း
မော်ဒယ် ၂ ခုစလုံးမှာ ထည့်ထားတဲ့ စပီကာ စနစ်က အတူတူပါပဲ။ ထည့်သွင်း နေရာပဲ မတူတာပါ။ မော်ဒယ် တခုမှာ Tablet ရဲ့ ဘယ်ဘက်မှာ ထည့်ထားပြီး နောက်တခုမှာတော့ ဘာဘက်ခြမ်းမှာ ပါရှိပါတယ်။ မော်ဒယ် ၂ ခုကို ယှဉ်ထားပြီး အသံထွက်ကို နားထောင်ကြည့်တော့ အတူတူပါပဲ၊
Processor
မော်ဒယ်သစ် 10.5 မှာ A10X Fusion စနစ် ပါလာပါတယ်။ သူက 9.7 မှာ ပါရှိတဲ့ A9X ထက် အသုံးပြုရမှု အပိုင်းမှာ သွက်လက်မှု ၃၀ ရာခိုင်နှုန်း ပိုမြန်လာစေသလို ရုပ်ထွက်ပိုင်းမှာ ၄၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်လာတာပါ။ Geekbench ကနေ ပေးထားတဲ့ အမှတ်တွေ အရ 10.5 က ရမှတ် ၆၅၈၈ ရှိပြီး 9.7 ကတော့ ၄၉၉၀ ပဲ ရှိတာပါ။ ပြီးတော့ A10X စနစ်ထဲမှာ M9 စနစ်ကို ပေါင်းစပ် ဖန်တီးထားတာပါ။ သူက စွမ်းဆောင်ရည် အထူး မြင့်မား မြန်ဆန်လာစေတာ ဖြစ်ပြီး အထိ စနစ်မှာ လျင်မြန်တဲ့ တုံ့ပြန်မှုကို ပေးလာပါတယ်။ ဒီအပိုင်းမှာတော့ မော်ဒယ်သစ် 10.5 က ပိုကောင်းမှာပါ။
အချက်အလက်သိမ်းဆည်းနိုင်မှု
မော်ဒယ်သစ်မှာ ပုံတွေ၊ ဖိုင်တွေ၊ App တွေ အတွက် သီးခြား သိမ်းဆည်းဖို့ အကန့်တွေ ပိုများ လာပါတယ်။ 9.7 မှာ 32GB အနည်းဆုံး ရနိုင်ခဲ့ ပေမယ့် အခု 10.5 မှာတော့ 64GB ကနေ အနိမ့်ဆုံး ဖြစ်လာသလို 256GB နဲ့ 512GB ထိအောင် ရနိုင်လာပါတယ်။ မော်ဒယ်သစ် 10.5 မှာ အသာရပါတယ်။
ဒီဇိုင်း
အရွယ်အစားမှာပဲ သိသာတဲ့ ကွာခြားချက် ရှိပါတယ်။ မော်ဒယ်သစ် 10.5 က 9.7 ထက် ဝ.၂၄ လက်မ ပိုထူပါတယ်။ အလျားမှာလည်း သုည ဒသမ ၄ လက်မ ပိုရှည်ပြီး ၉ ဒသမ ၈ လက်မ အရွယ် ရှိပါတယ်။ မျက်နှာစာ အကျယ်မှာ 9.7 မော်ဒယ်က ၆ ဒသမ ၆၇ လက်မရှိပြီး 10.5 မှာတော့ ၆ ဒသမ ၈ လက်မ ဖြစ်ပါတယ်။ ဒါပေမယ့် သတိ မထားမိလောက်တဲ့ ထူးခြားချက် တခုက မော်ဒယ်သစ် 10.5 ဟာ 9.7 မော်ဒယ်ထက် အရွယ် ပိုကြီးပေမယ့် အလေးချိန် သိပ်မကွာတာပဲ ဖြစ်ပါတယ်။ 9.7 မော်ဒယ်က သုည ဒသမ ၉၆ ပေါင်ရှိပြီး မော်ဒယ်သစ် 10.5 ကတော့ ၁ ဒသမ ၀၃ ပေါင်ပဲ ရှိပါတယ်။ အခြား Home ခလုတ်တွေနဲ့ Apple တံဆိပ်ထားမှုတွေမှာ သိပ်မကွာပါဘူး။ အရောင်းမှာလည်း မော်ဒယ် ၂ ခုလုံးက ငွေ၊ မီးခိုးနဲ့ ရွှေရောင်တွေ ရနိုင်ပါတယ်။ အရွယ်ကြီးပေမယ့် ပေါ့ပါးတဲ့ 10.5 မော်ဒယ်ကိုပဲ အသာပေးချင်ပါတယ်။
ပြသမျက်နှာပြင်စနစ်
မော်ဒယ်သစ်မှာ LED-backlt Retina ပြသမျက်နှာပြင် စနစ်ကို ထည့်ထားပါတယ်။ Pixel သိပ်သည်းနှုန်းကတော့ အတူတူ ပါပဲ။ တလက်မကို ၂၆၄ စက်ပါ။ ကြည်လင် ပြတ်သားနှုန်းလည်း သိပ်မကွာပါဘူး။ ဒါပေမယ့် နည်းပညာပိုင်းမှာတော့ 9.7 မော်ဒယ်မှာ ပြသ မျက်နှာပြင် စနစ်က Touch Sensor အကြား ကြားခံသား မပါပါဘူး။ ဒီ့အတွက် ရလဒ်ကတော့ ပိုပြီး တောက်ပတဲ့ ပြသ မျက်နှာပြင်စနစ်ကို ရလာပါတယ်။
ဒါပေမယ့် မော်ဒယ်သစ် 10.5 မှာတော့ True Tone နဲ့ Pro Motion စနစ်တွေကို ထည့်သွင်းဖန်တီးထားတာ တွေ့ရပါတယ်။ ပြင်ပ အလင်းရောင်ကို အလိုအလျောက် ချိန်ညှိပြသပေးမှုတွေ၊ အရောင် ချိန်ညှိပေးမှုတွေ၊ အလင်းထုတ်နှုန်း မြန်ဆန်စေမှု တွေမှာ 60Hzကနေ 120Hz အတွင်း အမြန်ဆုံး ပြောင်းလဲပေးနိုင်မှုတွေ ရှိလာပါတယ်။ နည်းပညာ ပိုကောင်းတဲ့ 10.5 ကိုပဲ အသာပေးချင်ပါတယ်။
Accessories
မော်ဒယ် ၂ ခုလုံးမှာ Smart Connector ပေါက် ပါရှိပါတယ်။ အားသွင်းဖို့ရော ချိတ်ဆက် အသုံးပြုနိုင်ဖို့ အတွက်ပါ ထည့်ထားတာပါ။ မော်ဒယ်တွေကို Apple ကနေ ထုတ်တဲ့ Smart Keyboard နဲ့ ချိတ်သုံးနိုင်ပါတယ်။ ဒီ Keyboard က ဒေါ်လာ ၁၅၀ ဈေးရှိပါတယ်။ ရေစိုခံ ဆီလီကွန်နဲ့ ဖန်တီးထားတာပါ၊ Keyboard နဲ့ ချိတ်ဆက်လိုက်ရင် Laptop လို သုံးနိုင် လာပါတယ်။ ဒီအပိုင်းမှာတော့ မော်ဒယ်နှစ်ခုကို အတူတူပဲ ထားရပါမယ်။
ဘက်ထရီသက်တမ်းနဲ့ အားသွင်းနိုင်မှု
10.5 မော်ဒယ်ရဲ့ Processor အားကောင်းလာမှုက မော်ဒယ်ကို ဘက်ထရီ သက်တမ်း ပိုကောင်းလာစေပါတယ်။ ဒါပေမယ့် ပြသ မျက်နှာပြင် အရွယ်ကြီးနေလို့ ဘက်ထရီ အသုံးခံချိန် ကတော့ မော်ဒယ် ၂ ခုစလုံးက ၁၀ နာရီလောက် ထိအောင် ရပါတယ်။ 12.9 အရွယ်ရှိ မော်ဒယ်နဲ့ စာရင်တေ့ာ အခု 10.5 မော်ဒယ်က အားသွင်းရ ပိုမြန်ပါတယ်။ 12.9 မော်ဒယ်ကို Apple ကနေ ထုတ်တဲ့ 29-watt အားသွင်းကြိုးနဲ့ အားရာခိုင်နှုန်း ၈၀ ရဖို့ ၉၃ မိနစ်လိုပါတယ်။ 9.7 မော်ဒယ်မှာတော့ အားအမြန်သွင်း စနစ် မပါလာပါဘူး။ 10.5 မှာတော့ အမြန်အားသွင်း ပုံစံ အပြင် ဘက်ထရီ သက်တမ်းလည်း ကောင်းလို့ အခု အပိုင်းမှာလည်း 10.5 ကို အသာပေးရပါမယ်။
ကင်မရာ
မော်ဒယ်သစ် 10.5 မှာ iPhone 7 က ကင်မရာစနစ်ကို ထည့်ထားတာပါ။ 9.7 မှာ ပါတဲ့ ကင်မရာစနစ်နဲ့ Pixel ကတော့ အတူတူပါပဲ။ HDR လည်း ရသလို ပုံရိပ် အလိုအလျောက် တည်ငြိမ်စနစ်တွေလည်း သုံးနိုင်ပါတယ်။ ရှေ့ဘက် ကင်မရာ မှာတော့ 10.5 က 7 MP ရှိလာပြီး 9.7 က 5MP ပဲ ရှိပါတယ်။ 10.5 မော်ဒယ်က HDR ရော 1080p နှုန်းနဲ့ ပုံတွေ ရိုက်နိုင်လာပြီး 9.7 မှာတော့ 720p နှုန်းပဲ ရိုက်နိုင်ပါတယ်။ ကင်မရာပိုင်း မှာလည်း 10.5 ကပဲ အသာရပါတယ်။
Software
မော်ဒယ်နှစ်ခုလုံးက iOS 10 ကိုပဲ သုံးထားတာပါ။ ဒါပေမယ် iOS 11 လာရင် အဆင့်မြှင့် သုံးနိုင်လာမှာပါ။ iOS 11 လာရင်တော့ Flick Keyboard စနစ် သုံးနိုင်လာမယ်၊ သူက ဘာသာစကား ၃၀ လောက်ကို ပြောင်းလဲ သုံးနိုင်မှာပါ။ App တွေကို အင်တာနက်နဲ့ တိုက်ရိုက်ချိတ်ဆက် သုံးနိုင်မှုတွေ ရှိလာမယ်၊ ပုံရိပ် ပြင်ဆင်ခြင်းတွေက အစပေါ့။
ဥပမာ ဓာတ်ပုံတွေကို လက်ရှိမှာ ရိုက်ပြီးမှာ ရှိတဲ့ Tool နဲ့ ပြင်ရပေမယ့် iOS 11 နဲ့ ဆိုရင်တော့ လက်တွေ့ ရိုက်နေရင်းနဲ့ စိတ်ကြိုက် ပြင်နိုင်လာမှာပါ။ Apple ကနေ ပုံရိပ် ရေးဆွဲရလွယ်အောင် Pencil လည်း မိတ်ဆက်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။ Files ဆိုတဲ့ App တခု အသစ် ထွက်လာမယ်၊ သူက Search စနစ်ကို ကွန်ပျူတာမှာလို ရိုက်ပြီး ရှာနိုင်လာမယ်၊ iCloud ထဲက ဖိုင်တွေကိုပါ ရှာပေးနိုင်မယ် လို့ သိရပါတယ်။ စာဖိုင်တွေကို AirPrint လုပ်နိုင်လာမယ်၊ Tablet ထဲမှာတင် PDF ဖိုင်ပြောင်းနိုင်လာမယ်၊ App တွေ အဆင့်မြင့်လာမှာပါ။ ဒီအပိုင်းမှာ မော်ဒယ် နှစ်ခု အတူတူပဲ လို့ ဆိုချင်ပါတယ်။
ဈေးနှုန်း
10.5 မော်ဒယ်က အနိမ့်ဆုံး ဒေါ်လာ ၆၅၀ ဖြစ်လို့ 9.7 ထက် ဈေးကြီးပါတယ်။ ဒါပေမယ့် 9.7 က ထပ် မထုတ်တော့ဘူး ဆိုတော့ 10.5 ပဲ ဝယ်ရတော့မှာပါ။ 9.7 က ဈေးချိုပေမယ့် မရနိုင်တော့လို့ 10.5 ကို အသာပေးလိုက်ရပါမယ်။
သုံးသပ်ချက်
ဘယ်အပိုင်းကနေပဲ ကြည့်ကြည့် 10.5 ဟာ ရှေ့ထွက် 9.7 ထက် အဘက်ဘက်က ပိုကောင်းပါတယ်။ မျက်နှာပြင် ပိုကြီး လာတယ်၊ အသုံးပြုရ ပိုမြန်လာတယ်၊ အားသွင်းချိန်လည်း သိပ်မကွာဘူး၊ သုံးနိုင်ချိန်လည်း အတူတူပဲ။ 9.7 က ထပ်မထုတ်တော့ဘူး ဆိုတော့ 10.5 ကိုပဲ ရွေးဖို့ ရှိပါတော့တယ်။
Ref: www.digitaltrends.com