စီးပွားရေး

အာကာသ အချက်ပြလှိုင်းတွေကို ဂြိုဟ်သားတွေ ပို့လာခဲ့သလား

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ တုန်း၊ တနည်းအားဖြင့် ၁၉၇၇ ခုနှစ်က အမေရိကန်နိုင်ငံ၊ အိုဟိုင်းရိုး တက္ကသိုလ်၊ ရေဒီယို လေ့လာရေး ဌာနက ထူးဆန်းတဲ့ အချက်ပြ လှိုင်းတွေကို လက်ခံရရှိခဲ့ပြီး အဆိုပါ လှိုင်းတွေ ဘယ်ကနေ လာသလဲ ဆိုတာကို လေ့လာ စောင့်ကြည့် လိုက်တော့ တည်နေရာ အတည်ပြုနိုင်ဖို့ ခက်ခဲတဲ့ အာကာသ တနေရာကနေ ရောက်ရှိ ဖမ်းမိတယ် လို့ ဆိုပါတယ်။

အဆိုပါ အချက်ပြ လှိုင်းတွေကို ပုံဖော်ပြီး စကားလုံး အဖြစ် ဖန်တီးကြည့်ခဲ့ရာ မှာတော့ Wow ဆိုတဲ့ စကားလုံး ရရှိလာပါ တယ်။ ဒါဟာ ဂြိုဟ်သားတွေကနေ ထုတ်လွှတ်လိုက်တဲ့ အချက်ပြလှိုင်းလို့ ယူဆ သတ်မှတ်ထားခဲ့ကြတာလည်း တွေ့ရ ပါတယ်။

ဒါပေမယ့် အခုတော့ အဆိုပါ အသံလှိုင်းနဲ့ အချက်ပြစနစ်တွေဟာ ဂြိုဟ်သားတွေရဲ့ ထုတ်လွှတ်မှု မဟုတ်ဘူး လို့ အတည်ပြု လိုက်ပါပြီ။ ဒီလို အတည်ပြုချက်ကို ဂြိုဟ်ကမ္ဘာ ဆိုင်ရာ လေ့လာစောင့်ကြည့်ရေး ဗဟိုအဖွ့ဲမှ လေ့လာသူတွေက အတည်ပြု ပြောကြားလာတာပါ။ လေ့လာသူတွေရဲ့ အဆိုအရ အဆိုပါ အာကာသ အတွင်းကနေ အသံလှိုင်းတွေ လက်ခံရရှိတယ်၊ Wow ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြချက်တွေဟာ ဝါရှင်တန် သိပ္ပံကျောင်းရဲ့ ထုတ်ဖော်ပြောဆိုမှု ဖြစ်ပြီး အမှန်တကယ် အချက်ပြလှိုင်းတွေ လက်ခံရရှိခဲ့ခြင်း ဖြစ်နိုင်ခြေလည်း နည်းသလို ရေဒီယိုလှိုင်း ထုတ်လွှတ်မှု ဆိုင်ရာ အားနည်းချက် တခုခုကြောင့် အသံလှိုင်း ရောထွေး ဖမ်းမိခဲ့မှုလည်း ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။

လေ့လာသူတွေက အဆိုပါ ဖမ်းယူမိတယ် ဆိုတဲ့ ရေဒီယိုလှိုင်း အသံတွေကို အကဲဖြတ် နားထောင် လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပြီး အဆိုပါ လှိုင်းတွေဟာ ပုံမှန် ဟိုက်ဒရိုဂျင် အက်တမ်တွေ ကနေ ထုတ်လွှတ်တဲ့ အသံနဲ့ ဆင်တူနေတယ် လို့လည်း ထောက်ပြပါတယ်။ ဟိုက်ဒရိုဂျင် စုဖွဲ့မှု များရင် ထုတ်လွှတ်လာတဲ့ အသံလှိုင်းတွေကို ဖမ်းယူပြီး ဂြိုဟ်သားတွေရဲ့ ထုတ်လွှင်ချက်လို့ ယူဆတဲ့ အသံလှိုင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ရာမှာလည်း ဆင်တူနေတာ တွေ့ရပါတယ်။ ဒါဆိုရင် ၁၉၇၇ ခုနှစ်က ဖမ်းယူမိခဲ့တဲ့ အသံလှိုင်းနဲ့ အဆိုပါ အသံကို ဂြိုဟ်သားတွေရဲ့ ထုတ်လွှတ်မှုလို့ ထင်နေသူတွေ အတွက် တကယ်ကို ဟာသ ဖြစ်စေခဲ့ပါပြီ။

ဒါပေမယ့် လေ့လာသူတွေ ကတော့ လွန်ခဲ့တဲ့ နှစ် ၄၀ က ဖမ်းမိခဲ့တဲ့ အသံလှိုင်းတွေဟာ ဟိုက်ဒရိုဂျင် စုဖွဲ့မှုကနေ ထွက်လာတဲ့ အသံလို့ ဆိုနိုင်ပေမယ့် အဆိုပါ ဖမ်းမိ လှိုင်းတွေဟာ အာကာသထဲက လာတာ ဖြစ်တဲ့ အတွက် ဂြိုဟ်သား တွေ ထုတ်လွှင့်မှု မဟုတ်ပေမယ့် ဂြိုဟ်သားတွေ ရှိတယ်၊ မရှိဘူး ဆိုတာတော့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

လေ့လာသူတွေ ကတော့ အာကာသ အတွင်း အမှန်တကယ် ဂြိုဟ်သားတွေ ရှိနိုင်ဖို့ များတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရှာဖွေမှုတွေ မလုပ်ဆောင်နိုင်သေးတာ ကြောင့် လက်တွေ့ ပြနိုင်အောင် ကြိုးစား ရှာဖွေမှုတွေ လုပ်ဆောင်ရမှာ ဖြစ်တယ် လိ့ု ဆိုပါတယ်။ ။

Ref: www.edgadget.com 

Did you find apk for android? You can find new Free Android Games and apps.
Loading