စီးပွားရေး

ရေစိမ်ခံနိုင်ပြီး ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ် ဆိုတဲ့ iPhone 8 ကို လေ့လာကြည့်ရအောင်

အမေရိကန် အခြစိုက် နာမည်ကျော် ဖုန်းထုတ်လုပ်သူ Apple ကုမ္ပဏိက ရေစိမ်လည်း ခံနိုင်ပြီး ကြိုးမဲ့စနစ်နဲ့လည်း အားသွင်းလာနိုင်မယ့် မော်ဒယ်သစ် iPhone 8 ဈေးကွက်ထဲ ရောက်လာဖို့ ရှိတဲ့ အကြောင်း အတည်ပြုပါတယ်။အမေရိကန် အခြစိုက် နာမည်ကျော် ဖုန်းထုတ်လုပ်သူ Apple ကုမ္ပဏိက ရေစိမ်လည်း ခံနိုင်ပြီး ကြိုးမဲ့စနစ်နဲ့လည်း အားသွင်းလာနိုင်မယ့် မော်ဒယ်သစ် iPhone 8 ဈေးကွက်ထဲ ရောက်လာဖို့ ရှိတဲ့ အကြောင်း အတည်ပြုပါတယ်။

Nikkei Asian ရဲ့ ဖော်ပြချက်အရ iPhone ထုတ်လုပ်ရာမျာ ပါဝင်သူ Wistron အနေနဲ့ အခုနှစ် အတွင်းမှာ iPhone 8 လည်း ဈေးကွက်ဝင်လာနိုင်သလို ဖုန်းမော်ဒယ်သစ် ၃ မျိုးလောက်ထိ မိတ်ဆက်ရောင်းချလာဖို့ ရှိနေပြီး အဆိုပါ ဖုန်းတွေ အနေနဲ့ ရေစိမ်လည်း ခံနိုင်မယ်၊ ကြိုးမဲ့အားသွင်း စနစ်လည်း သုံးနိုင်မယ် လို့ ဆိုထားတာပါ။ အထူးသဖြင့် ကြိုးမဲ့ အားသွင်း စနစ် အနေနဲ့ လက်ရှိ iPhone ရဲ့ အဓိက ပြိုင်ဖက် Samsung ရဲ့ ဖုန်းတွေလို သုံးနိုင်အောင် ဖန်တီး လာခြင်း ဖြစ်ပြီး အခု iPhone 8 အသစ်မှာတော့ ပိုမို မြန်ဆန် ကောင်းမွန်အောင် အားသွင်းနိုင်ဖို့ ဖန်တီးထားမယ် လို့ ဆိုပါတယ်။
Wistron ရဲ့ CEO ဖြစ်သူ Robert Hwang ကတော့ အခု ဖုန်းသစ်မှာ တပ်ဆင် ဖန်တီးပုံက အရင်ဖုန်းတွေနဲ့ သိပ် မကွာပဲ ရေစိမ်ခံဖို့နဲ့ ကြိုးမဲ့ ပုံစံ အားသွင်းနိုင်ဖို့ပဲ ဖန်တီး လာတယ် လို့ ဆိုပါတယ်။ Hwang က ဖုန်းသစ် အနေနဲ့ အများ ခန့်မှန်းသလို အခုနှစ်ထဲမှာလည်း ဈေးကွက်ထဲ ရောက်လာနိုင်သလို လာမယ့် ၂၀၁၈ ကျမှလည်း ရောင်းချမှု ဖြစ်သွားနိုင်တယ် လို့ ပြောပါတယ်။

ဒါပေမယ့် သူကတော့ ဘယ်အချိန်မှာပဲ စတင် ရောင်းချသည် ဖြစ်စေ…၊ အခု မော်ဒယ်သစ်နဲ့ ပတ်သတ်ပြီး အားသာချက် ကောင်းတွေကို သုံးနိုင်၊ မြင်တွေ့လာနိုင်မှာ ဖြစ်လို့ အရင်က iPhone မော်ဒယ်တွေထက် အခု iPhone 8 ဟာ ရောင်းအား ပိုကောင်းလိမ့်မယ် လို့လည်း ဆိုပါတယ်။
Wistron အနေနဲ့ ကတော့ Apple နဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး Hwang ရဲ့ ပြောကြားချက် တွေအရ ဖုန်းသစ်ဟာ နောက်နှစ်ထဲမှာ ဈေးကွက်ထဲ ရောက်လာနိုင်တယ် ဆိုပေမယ့် Apple ကတော့ iPhone ထုတ်လုပ်မှု ၁၀ နှစ်ပြည့် အနေနဲ့ အခုနှစ်ထဲမှာပဲ ဈေးကွက်တင်နိုင်အောင် ကြိုးစားနေတာ တွေ့ရပါတယ်။

iPhone 7 ကို 7 နဲ့ 7 Plus တွေ ထုတ်လုပ်သလို နောက်ဆက်တွဲ အနေနဲ့ iPhone 7s နဲ့ 7s Plus တွေ ဆက်ထွက်လာ သလိုပဲ iPhone 8 အနေနဲ့လည်း ကနဦး 8 နဲ့ 8 Plus တွေ ထွက်လာနိုင်ပြီး 8s နဲ့ 8s Plus မျိုးတွေလည်း ထွက်ရှိလာနိုင်တယ် လို့ ခန့်မှန်းရပါတယ်။

ဒါပေမယ့် တချို့ကလည်း Wistron အနေနဲ့ iPhone 7s Plus ကို အစမ်းတပ်ဆင် ကုမ္ပဏီ အဖြစ် တာဝန်ယူခဲ့တာ မှန်ပေမယ့် iPhone 8 အတွက်တော့ တာဝန်ပေးထားတာ မဖြစ်နိုင်ဘူးလို့လည်း ဆိုနေပြန်ပါတယ်။

ဒါအပြင် နောက်ဆက်တွဲ သတင်းတွေ အရ iPhone 8 ရဲ့ ကြိုးမဲ့ အားသွင်းနိုင်မှု ပုံစံဟာ Samsung ရဲ့ ကြိုးမဲ့ အားသွင်းနိုင်မှု ပုံစံနဲ့ မတူနိုင်ဘူး လို့ ဆိုပါတယ်။ လက်ရှိ Samsung ရဲ့ ကြိုးမဲ့ အားသွင်းစနစ်က ကြိုးနဲ့ ချိတ်ဆက် အားသွင်းစရာ မလိုပေမယ့် သတ်မှတ်တဲ့ နေရာ (အထိုင်အပြား) ပေါ်ကို ဖုန်းထားရှိပြီး အားသွင်းရတာပါ။

iPhone 8 မှာတော့ အဆိုပါ ပုံစံနဲ့ မတူတဲ့ စစ်မှန်တဲ့ ကြိုးမဲ့ အားသွင်းစနစ်နဲ့ လာနိုင်ပြီး ၁၅ ပေ အတွင်း စိတ်ကြိုက် နေရာကနေ ကြိုးမဲ့ အားသွင်းနိုင်အောင် ဖန်တီးနေတယ် လို့ သိရပါတယ်။

မော်ဒယ်သစ်ဟာ မျက်နှာပြင်ပြည့် ပြသမျက်နှာပြင် စနစ်နဲ့ True Tone OLED စနစ်ကို သုံးထားနိုင်တယ်၊ မှန်သားနည်းနည်းနဲ့ သတ္တု ကိုယ်ထည် ဦးစားပေး ဖန်တီးလာနိုင်တယ်၊ VR နားကြပ်နဲ့ ချိတ်ဆက်ဖို့ Smart Connector ပါလာနိုင်တယ်၊ 3D Touch စနစ် သုံးနိုင်လာတယ်၊ စတဲ့ အားသာချက်တွေနဲ့ ထွက်ရှိလာနိုင်တယ်လို့ ခန့်မှန်းနေကြကြောင်းပါ။ ။

Ref: www.indiatoday.intoday.in

Loading