စီးပွားရေး

ဈေးတက်သွားပေမယ့် လူကြိုက်များနေဆဲ Toyota Wish

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း ဈေးကွက်မှာတော့ လူကြိုက်အများဆုံး ကားအမှတ်တံဆိပ်က Toyota ဖြစ်လာပြီး ဘယ်လို မော်ဒယ် ကိုမဆို လက်ခံ စီးနင်းနေကြတာပါ။ Wish မော်ဒယ်ဆိုတာက ၂၀၀၃ ခုနှစ်ကနေ စတင် ထုတ်လုပ်လာခဲ့တဲ့ MPVတန်းဝင် မော်ဒယ် ဖြစ်ပြီး သူက တံခါး ၅ ပေါက်စနစ်နဲ့ပါ။

မလေးရှားနဲ့ စင်ကာပူ ဈေးကွက်အတွက် ထိုင်းမှာလည်း ထုတ်လုပ်တာ တွေ့ရတယ်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ် ဈေးကွက် တွေအတွက်လည်း ရောင်းချနေတာ တွေ့ရပါတယ်။

မျိုးဆက်ပြောင်းလဲ ထုတ်လုပ်မှုတွေလည်း ရှိပြီး ဒုတိယ မျိုးဆက်ကို ၂၀၀၉ ခုနှစ်ကနေ စတင် ထုတ်လုပ်နေခဲ့တာလည်း တွေ့ရပါတယ်။

အခု နောက်ပိုင်းထုတ် မော်ဒယ်မြင့်တွေမှာ ရှေ့ဘီးယက်စနစ်နဲ့ရော ဂျပန်အတွက်ဆိုရင် လေးဘီးယက်စနစ်နဲ့ပါ ရနိုင်တဲ့ မော်ဒယ်ပါ။ Allionနဲ့ရော Priusလို မော်ဒယ်တွေနဲ့ပါ ဖန်တီးပုံချင်း ဆင်ပါတယ်။

အင်ဂျင်စနစ်က ၂၀၀၉ ခုနှစ်နောက်ပိုင်းထုတ်ဆိုရင် ၁.၈လီတာသုံးနဲ့ ၂.၀ လီတာသုံး ၂မျိုးပဲ ရတော့တာ တွေ့ရပါတယ်။

Auto နဲ့ဆိုရင် ၄ချက်နဲ့ လာပြီး Super CVT-iနဲ့ ဆိုရင်တော့ ၇ချက်နဲ့ လာပါတယ်။ ဒါက မော်ဒယ်နဲ့ ပတ်သက်ပြီး သိ ကောင်းစရာလေး တချို့ပါ။

ပြည်တွင်းဈေးကွက်ကတော့ Used ကားတွေ နေရာအများဆုံး ရနေသေးတဲ့ အနေအထားမှာ Wish လည်း ၂၀၁၂ခုနှစ် နောက်ပိုင်းကနေ စတင်ပြီး လူကြိုက်များလာပြီး ရှေ့ပိုင်းမှာတော့ မော်ဒယ်နိမ့်တွေ အဝင်များပေမယ့် အခုတော့ မော်ဒယ် မြင့်တွေလည်း ဝင်လာပါတယ်။

အလွယ်ဆုံးအနေနဲ့ ရနိုင်နေတာကတော့ ၂၀၀၈ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေပါ။ အင်ဂျင်က ၁.၈ လီတာသုံးအနေနဲ့ ရနိုင်တယ်၊ မြို့တွင်းသုံးအတွက်ရော နယ်ဝေးမောင်းနှင်မှုအတွက်ပါ စိတ်ကြိုက် သွားလာနိုင်အောင် ဖန်တီးထားတယ်၊

အတွင်းခန်း ကျယ်ဝန်းတယ်၊ ခရီးဝေး လိုက်ပါစီးနင်းရမှုအတွက် ငြီးငွေ့မှု နည်းစေတယ်၊ နောက်ဘက် ဝန်တင်ခန်းလည်း ကျယ်ပြီး ပစ္စည်း တင်ဆောင်သွားလာနိုင်မှုမှာ တန်းတူ မော်ဒယ်တွေထက် အားကောင်းတယ်။

အင်ဂျင်စနစ်က ရုန်းအား ကောင်းပြီး ခရီးဝေး သွားချိန်တွေမှာ တခြား ၁.၈ လီတာသုံး မော်ဒယ်တွေက မိုင် ၁၂၀ လောက် ကို လေအေးပေးစနစ်နဲ့ တဆက်တည်း မောင်းပြီးရင် အင်ဂျင် ပူလာတက်ပေမယ့် Wishကတော့ မိုင် ၁၅၀ လောက်ထိအောင် စိတ်ကြိုက် သွားနိုင်တာ တွေ့ရပါတယ်။

ရုပ်ထွက်က မော်ဒယ်နိမ့်ပေမယ့် အဆင်ပြေနေတယ်၊ ဆီစားနှုန်း ချိုသာလို့ မြို့တွင်းသုံးအတွက်လည်း ပြေတယ်၊ အရောင် ရွေးချယ်နိုင်မှု အပိုင်းမှာလည်း လူကြိုက်များ အဖြူ၊ ပုလဲနှစ်ရောင်နဲ့ မိုးပြာရောင်လို အပူသက်သာတဲ့ အရောင်တွေ ရနိုင် တယ်။

TV ပါတယ်၊ နောက်ဘက် ကင်မရာ ပါတယ်၊ အာရုံခံစနစ် ပါတယ်၊ AirCon က Digital နဲ့ ဖြစ်လာတယ်၊ Ori ဘီးတွေ၊ Alloy သားတွေ၊ နောက်ဘက်မှန်အတွက်ပါ Wiper ပါတယ်၊ SmartKey နဲ့ သုံးနိုင်တယ်။

ဒီဇိုင်း၊ အပြင်အဆင်၊ ထိုင်ခုံ အားလုံးက ဇိမ်ခံ မော်ဒယ် မဟုတ်ပေမယ့် အဆင်ပြေတယ်။ သဘောကျစရာပါ။ ဈေးနှုန်း အနေနဲ့ကတော့ မော်ဒယ်ခွဲ၊ မောင်းနှင်ပြီး ကီလိုနဲ့ အရောင်အပေါ်မှာ မူတည်ပြီး သိန်း ၃၀၀နဲ့ အထက်မှာ ရှိပါတယ်။

တပိုင်တနိုင်ကား ပွဲစားတန်မှာတော့ အခုထက် ဈေးချိုချိုနဲ့ ရနိုင်ပေမယ့် အာမခံ နည်းလို့ သိပ်မကြိုက်ပါဘူး။ ကားအရောင် ပြခန်းတွေမှာတော့ အာမခံ ပါရှိလို့ စဉ်းစားစရာပါ။ မိသားစုသုံး မော်ဒယ်အတွက်ကတော့ အကောင်းဆုံး မော်ဒယ်တခုပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading