မော်ဒယ်ကတော့ ပြည်တွင်း ဈေးကွက်မှာပါ ရနိုင်နေတဲ့ မော်ဒယ်ပါ။ မိသားစု ၅ယောက်ထိအောင် ကျယ်ကျယ် ဝန်းဝန်း လိုက်ပါ စီးနင်းနိုင်စေမယ့် အတွင်းခန်း အားကောင်းတဲ့မော်ဒယ်ပါ။
အကူစနစ်တွေမှာ နောက်ဆုံးပေါ်နည်းပညာတွေ ထည့်ထားတာကြောင့် လိုက်ပါ စီးနင်းရမှု အကောင်းဆုံး အနေအထား ဖြစ်လာပါတယ်။ ဒါပေမယ့် အဆိုပါ နည်းပညာပိုင်း အနည်းငယ် အဆင့်မြှင့်တင်မှုကလွဲရင် အခြား ကြီးမားတဲ့ ပြင်ဆင်မှု တွေ လုပ်ထားတာမျိုးတော့ မတွေ့ရပါဘူး။
မော်ဒယ်ခွဲအနေနဲ့ကတော့ အခုနှစ် မော်ဒယ်မှာ ၄မျိုး ထိအောင် ရနိုင်ပါတယ်။ SE, SL, Titaniumနဲ့ Sport တွေ ဖြစ် ပါတယ်။ ၁၈ လက်မအရွယ် ဘီးတွေကို တပ်ဆင်ထားပါတယ်။ ရှေ့မီးကြီးတွေက အလိုအလျောက်စနစ်နဲ့ ဖြစ်လာပါတယ်။ အောက်ဘက် အိတ်ဇောက ပိုက်နှစ်ချောင်းပုံစံနဲ့ ဖြစ်ပါတယ်။
ရှေ့ဘက် လေဝင်ပေါက်တွေက Auto နဲ့ ဖြစ်လာပါတယ်။ နောက်ဘက်မှန်သားက Private ပုံစံနဲ့ပါ။ နောက်ဘက်ဆုံး မီး သီးတွေကိုပါ LEDနဲ့ ဖန်တီးလာပါတယ်။ နောက်ဘက်ထိုင်ခုံတန်းက ခေါက်သိမ်းနိုင်အောင် ဖန်တီးထားပါတယ်။

လက်ကိုင်ဘီးစနစ်က ချိန်ညှိနိုင်သလို Sport ဆန်တဲ့ ဒီဇိုင်းနဲ့ပါ။ အလယ်မှာ ၄.၂ လက်မ အရွယ်ရှိ ပြသမျက်နှာပြင်စနစ် ထည့်ထားတာ တွေ့ရပါတယ်။
နောက်ဘက် ရိုက်ကူး ကင်မရာနဲ့ ချိတ်ဆက်ထားတာပါ။ ယာဉ်မောင်းရဲ့ထိုင်ခုံက စိတ်ကြိုက် အနိမ့်၊ အမြင့်ချိန်နိုင်ပါတယ်။ CDစက် ထည့်ထားပြီး အသံပိုင်းအတွက် စပီကာ ၆လုံး ပါရှိပါတယ်။ USB နဲ့လည်း ချိတ်ဆက်နိုင်အောင် ဖန်တီးထားတာပါ။
နောက်ဘက် ပါကင်ထိုးချိန်အတွက် အကူပေးမယ့် ပါကင်အာရုံခံ စနစ်ကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။ Keyless အနေနဲ့ သုံးနိုင်မှာပါ။
သားရေသား ဖန်တီးမှုတွေနဲ့ အပြင်အဆင်မျိုးလည်း မော်ဒယ်ခွဲ အပေါ်ကို မူတည်ပြီး ရနိုင်ပါတယ်။ တကယ်လို့ ပြသမျက် နှာပြင် အရွယ်ကြီးကြီးနဲ့ လိုချင်တယ် ဆိုရင်လည်း ရနိုင်ပါတယ်။
အင်ဂျင်စနစ်မှာတော့ ရွေးချယ်နိုင်စရာ ၃ မျိုး ရှိပါတယ်။ ၆ ချက်သုံး Auto နဲ့ ဖြစ်ပါတယ်။ ၂.၀ လီတာသုံး လေးလုံးထိုး အင်ဂျင်က ရုန်းအား ၂၇၅ ပေါင်-ပေရှိပြီး မြင်းကောင်ရေ ၂၄၅ ကောင်အား ထွက်ရှိတာပါ။
ရှေ့ဘီးယက်စနစ်နဲ့ရော ဘီးစုံယက်စနစ်နဲ့ပါ ရနိုင်ပါတယ်။ အခြား အင်ဂျင်တွေကတော့ ၃.၅လီတာသုံး V6 အင်ဂျင်နဲ့ ၂.၇ လီတာသုံး V6 တွေ ဖြစ်ပြီး စွမ်းဆောင်ရည် ဦးစားပေး ဖန်တီးထားတာပါ။
ဆီတဂါလံကို ပျမ်းမျှ မိုင် ၂၀ ကျော်အောင် မောင်းနှင်နိုင်ပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ Fordက SUV အနေနဲ့ ဆိုရင် Everestလို မော်ဒယ်ကို ဈေးကွက်တင် ရောင်းချနေတာ တွေ့နိုင်ပြီး အခု ပြောတဲ့ Edge ကိုလည်း စုံစမ်းလို့ ရနိုင် မယ့်အနေအထားမှာပါ။
ပြည်တွင်းမှာ SKD နဲ့ ထုတ်လုပ်လာတဲ့ Ranger လို မော်ဒယ်တွေ ရန်ကုန်လိုင်စင်နဲ့ ရနိုင်လာလို့ Fordရဲ့ မော်ဒယ်တွေ အဝယ်ပြန်လိုက်နေပြီး Edge လည်း မှာရင် ရနိုင်မယ့် အနေအထားပါ။
နိုင်ငံတကာဈေးကွက်မှာတော့ ၂၀၁၇ ခုနှစ်အတွက် Edge ကို ဒေါ်လာ ၃၀၀၀၀ ကနေ စပြီး မော်ဒယ်ခွဲအပေါ်ကို မူတည်ပြီး တော့ ၄၁၃၀၀ ထိအောင် ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Ref: www.edmunds.com