• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

သက်တမ်းကုန်ကျောက်မျက် လုပ်ကွက်နှင့် အသစ် ချပေးရန် ပြန်လည် စိစစ်မည်

by မျိုးပပစန်း
24 June 2017
in စီးပွားရေး
A A
သက်တမ်းကုန်ကျောက်မျက် လုပ်ကွက်နှင့် အသစ် ချပေးရန် ပြန်လည် စိစစ်မည်

သက်တမ်းကုန်သည့် ကျောက်မျက်တူးဖော်မှုများကို ပြန်လည်ခွင့်ပြုရန် အစီအစဉ်မရှိသေးပေ။

6.4k
VIEWS
Share on FacebookShare on Twitter

လွှတ်တော်သို့ တင်ပြထားသော ၂၀၁၇ ကျောက်မျက်ရတနာ ဥပဒေကြမ်းကို လွတ်တော်က အတည်ပြု ဆုံးဖြတ်ပြီးပါက ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စ၍ သက်တမ်းကုန်ထားသော ကျောက်မျက် လုပ်ကွက်များနှင့် အသစ်များချထားပေးမှုကို ပြန်လည် စိစစ် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

ဇွန် ၂၃ ရက်နေ့က UMFCCI တွင် ပြုလုပ်သော သတ္တမအကြိမ်မြောက် နိုင်ငံတော် ဒုတိယသမ္မ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန် ကြီး ဦးအုန်းဝင်းက “၂၀၁၇ ကျောက်မျက် ရတနာ ဥပဒေကြမ်းကို ဖြည့်စွက် တင်ထားပါတယ်။ ဒါကို လွှတ်တော်က ဆုံးဖြတ်ပေးမယ်ဆိုရင် ကျောက်မျက် လုပ်ကွက်တွေကို သက်တမ်းတိုး ပေးတာတွေ၊ အသစ်ချပေးတာတွေ ပြန်လည် စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ဘာလု့ိလည်းဆိုတော့ ဥပဒေသစ်မှာ ပြည်ထောင်စု အစိုးရရယ်၊ တိုင်းဒေသကြီးအစိုးရရယ် လုပ်ကိုင်ခွင့်ကို သီးသီးခြားခြား ပေးထားတာ ပါပါတယ်။ ဒီလိုသိရင် လုပ်ငန်းတွေ လုပ်ကိုင်တဲ့ ကျောက်မျက် ရတနာ လုပ်ငန်းပိုင်ရှင်၊ ကျောက်စိမ်း လုပ်ငန်းပိုင်ရှင်၊ ရွှေလုပ်ငန်းပိုင်ရှင် လုပ်ငန်းတွေ အားလုံးကို ခုနက ပိတ်ထားတာတွေ၊ ရပ်စဲထားတာတွေကို ကျနော်တို့ ပြန်လည် သုံးသပ်ပြီး လုပ်ပေးပါမယ်’’ဟု ပြောသည်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
501
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.3k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.6k

လတ်တလောတွင် ဥပဒေ တင်ပြပေးရန် ရေးဆွဲ လုပ်ဆောင်နေသောကြောင့် ကျောက်မျက်ရတနာ လုပ်ငန်းလုပ်ကွက် အဟောင်းများနှင့် လုပ်ကွက်သစ်များကို ရပ်နားထားခြင်းဖြစ်ပြီး ဥပဒေကို လွှတ်တော်မှအတည်ပြု ပြီးပါက လုပ်ငန်းရှင်များ နှင့် ညှိနှိုင်း၍ လုပ်ငန်းလည်ပတ်မှု အသေးစိတ် ဖြစ်သည့် မည်သည့်နေရာတွင် ဧရိယာ မည်မျှ ဟူသည့် လုပ်ငန်းလုုပ်ကိုင်မှု အပေါ်မူတည်ကာ ခွဲဝေချထားပေးမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီး ဦးအုန်းဝင်းက “လုပ်ငန်းကို ခေတ္တ ရပ်ထားမှ နောက်လာမယ့် ပြည်နယ်၊ တိုင်းဒေသကြီးနဲ့ ကျနော်တို့ အစိုးရအဖွဲ့ လုပ်ကိုင် ဆွေးနွေးတဲ့ အပိုင်းမှာ အဆင်ပြေမှာ ဖြစ်ပါတယ်’’ ဟု ပြောသည်။

ထို့ပြင် ကုန်စည်ခွန်နှင့် ပတ်သက်သည့် လုပ်ငန်းများတွင်လည်း အစိုးရမှ ဖြေလျော့ပေးနိုင်ရန်လည်း ဆွေးနွေးနေပြီး ကျောက်မျက်ရတနာ တန်ဖိုးမြင့် အချောထည်များ၊ လက်ဝတ်ရတနာများကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော် နှင့် မြစ်ကြီးနား တို့တွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စင်တာများ ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အခက်အခဲများကို စီးပွားရေးနှင့် ကူူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကာ အထူးသဖြင့် မြေအောက်သယံဇာတနှင့် မြေပေါ် သယံဇာတများ ပေါများသည့် နေရာများတွင် ငြိမ်းချမ်းရေး နှင့် ဆက်စပ်သည့်အတွက် အခက်အခဲများ များစွာရှိနေကြောင်း ပြည်ထောင်စု ဝန်ကြီးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ‘‘ကျနော်တို့သတ္တုမှာ ကျောက်မျက်ရော ရွှေရော လုပ်ငန်း၊ လုပ်ကွက်က အမျိုးစုံရှိပါတယ်။ ဥပဒေအရဆိုရင်လဲ ၁၉၉၄ ဥပဒေနဲ့ အခုထွက်မယ့် ဥပဒေနဲ့ မတူပါဘူး။ အရင်တုန်းက ရှာဖွေမယ်၊ စမ်းသပ်မယ်၊ ထုတ်လုပ်မယ် ဒါပဲ ပါပါတယ်။ အခုနောက်ပိုင်းထွက်လာမယ့် နည်းဥပဒေမှာ ပထမဆုံး စမ်းသပ်ရှာဖွေတိုင်းတာမယ်။ သန့်စင်ထုတ်လုပ်မယ်။ အရိုင်းတုန်းတွေကို ရွှေပဲဖြစ်ဖြစ်၊ ကျောက်ပဲဖြစ်ဖြစ် သန့်စင်မှုဆိုတဲ့ လုပ်ငန်းတခု ပိုလာပါတယ်။ ဒီလုပ်ငန်းကထွက်လာရင် ရောင်းဝယ်မှုမှာ ပြည်တွင်းရောင်းဝယ်မှုနဲ့ ပြည်ပရောင်းဝယ်မှု ပြုလုပ်လာရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဈေးကွက်က ပိုကောင်းမှာ ဖြစ်တယ်’’ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် သစ်တော သယံဇာတများ ပြန်လည်ဖွံ့ဖြိုးရေးတွင် ကျောက်မျက်၊ ရွှေလုပ်ငန်းများမှာ ကုန်ကြမ်းအဖြစ်သာ ထုတ်ယူ သုံးစွဲနေသောကြောင့် ကုန်ချောအဖြစ် ထုတ်ယူ သုံးစွဲရောင်းချနိုင်ရန် ဥပဒေထွက်ရှိလျှင် ညိုနိူင်းပြီး လုပ်ငန်းရှင်များနှင့် သေချာစွာ ညိုနိူင်းပြီး ကျောက်မျက်လုပ်ကွက်များ ချထားပေးခြင်းကို လုပ်ဆောင်သွားမည် ဖြစ်သည်။

အဆိုပါ ကျောက်မျက်ရတနာ ဥပဒေအား ပြန်လည်ပြင်ဆင် ရေးဆွဲရာတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲခြင်း ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကချင်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့ရှိ လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညုင်း၊ မိုးကုတ်နှင့် မိုင်းရူး အစရှိသည့် ရတနာမြေရှိ လုပ်ငန်းပေါင်း ၄၂၇ ကွက်မှာ ယခုနှစ် ဧပြီလမှ သက်တမ်းကုန်ဆုံးခဲ့ပြီး လုပ်ကွက် ၆၀၉ ကွက်မှာ ပြီးခဲ့သည့်မေလတွင် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်ကာ လုပ်ကွက် ၂၉၁ ကွက်မှာ ယခု ဇွန်လတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ လုပ်ကွက်သစ်လျှောက်ထားမှုကို ရပ်ဆိုင်းထားပြီး ကျောက်မျက် ရတနာ ကဏ္ဍတွင် တနိုင်ငံလုံးအနေဖြင့် ကျောက်မျက် လုပ်ကွက် ၁၆၀၀၀ ကျော် ရှိသည့် အနက် လိုင်စင် သက်တမ်းတိုးပေးခြင်း မရှိသည့် လုပ်ကွက်ပေါင်း ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

Your Thoughts …
Tags: ကျောက်မျက်ရတနာ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ

မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ

by အောင်သူရ
31 July 2024
3.3k

မိုးကုတ်နှင့်ပတ်သက်၍ နောက်ထပ် ကြီးပွားသွားသူတဦးမှာ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ဖြစ်သည်။

တန်ဖိုးကြီးသည့် မိုးကုတ် ပတ္တမြား / AFP

စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ရေး မြန်မာ့ကျောက်မျက်လုပ်ငန်း ပစ်မှတ်ဖြစ်လာ

by ဧရာဝတီ
16 December 2021
6.6k

“ကျင့်ဝတ်နဲ့အညီ ထုတ်လုပ်တဲ့ မြန်မာ့ပတ္တမြားဆိုတာ မရှိဘူး” ဟု Global Witness အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဝါရင့် တက်ကြွလှုပ်ရှားသူ ကလဲ ဟန်မွန်း ပြောသည်။

မန္တလေး ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်နေသည့် ကျောက်မျက်ပြပွဲ  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးကို နိုင်ငံ၏ အဓိက ကျောက်စိမ်းဈေးကွက်ဖြစ်ရေး ဝန်ကြီးချုပ် တိုက်တွန်း

by မြတ်ပြည့်ဖြိုး
23 October 2019
12.1k

မန္တလေးတိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက “မန္တလေးရဲ့စီးပွားရေးက ကျောက်စိမ်း နဲ့ အဓိက ဆက်စပ်နေတယ်။ ကျောက်စိမ်းလုပ်ငန်း မကောင်းရင် အိမ်ခြံမြေ၊ ရွှေ၊ ဟိုတယ်စတဲ့ လုပ်ငန်းတွေ ပါ လိုက်ကျ ဆင်းသွားတယ်”...

ဖားကန့် ကျောက်စိမ်းမြေ မြင်ကွင်း  / ဧရာဝတီ

ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်

by မိုးမိုး
2 October 2019
7.9k

အကြီးအကျယ် လုပ်လာကြတဲ့ သူတွေက ၅ ဧက ပဲ လုပ်ရမယ်ဆိုတော့  သူတို့ အနေနဲ့ ထိရောက်မှု၊ အောင်မြင်နိုင်မှု ရှိ မရှိ စဉ်းစားရတော့မယ်။ နားမယ့် ကုမ္ပဏီတွေက များမယ်လို့ ခန့်မှန်းရပါတယ်။ တချို့လည်း မလုပ်တော့ဘူး။

ရွှေရည်ထွန်း ၂ ကို တူးဖော် နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2) / Ministry of Electricity and Energy,Myanmar

သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း

by ဧရာဝတီ
23 March 2021
37.2k

ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ ရရှိသည့် နိုင်ငံတော်၏ အသားတင်ဝင်ငွေမှာ လစဉ် အမေရိကန် ဒေါ်လာ ၇၅ သန်းမှ သန်း ၉၀ ခန့်အထိ ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ရောင်းချနေသည့် ရွှေထည် လက်ဝတ်ရတနာများ / ဧရာဝတီ

ရွှေ၊ ကျောက်မျက်ရတနာ နှင့် သတ္တု စင်တာ တည်ဆောက်မည်

by မျိုးပပစန်း
5 September 2017
7.7k

ပြည်ပသို့ တရားဝင် ရောင်းဝယ်ဖောက်ကားနိုင်သော ရွှေ၊ ကျောက်မျက်ရတနာ နှင့် သတ္တု စင်တာကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Next Post
ချက်နိုင်ငံထုတ် ကြွေထည်နဲ့ ခရစ်စတယ် ပစ္စည်းများ / သီဟတိုး / ဧရာဝတီ

ဥရောပ၊ မြန်မာ လက်ရာဒီဇိုင်းများနဲ့ Czech Crystal ပစ္စည်းများ

ဒီဇိုင်း / ကျော်မျိုးထိုက် / ဧရာဝတီ

တနှစ်အောက် ကလေးလေးတွေရဲ့အစွမ်းအစများ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

7 days ago
3.9k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 day ago
3.7k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate