• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

FZ တွေ ရိုးနေရင် TYS Apache RTR 180 ရှိတယ်

by လင်းထက်(IA)
30 June 2017
in စီးပွားရေး
A A
TYS Apache RTR 180 ဆိုင်ကယ်

TYS Apache RTR 180 ဆိုင်ကယ်

10.4k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းမှာ လူကြိုက် အများဆုံး Sport မော်ဒယ်ကိုပြောပါဆိုရင်တော့ အရည်အသွေးလည်းသင့်ပြီး ဈေးနှုန်း လည်းချိုသာတဲ့ Yamaha FZနဲ့ Honda CBR မော်ဒယ်တွေကို ပြရမှာပါ။ ဒါပေမယ့် CBR တွေကတော့ ဈေးနှုန်းမြင့်လို့ လူတိုင်း လက်လှမ်းမမီချင်ပါဘူး။

FZတွေကတော့ လူငယ်တွေ အကြားမှာ အရမ်းရေပန်းစားခဲ့ပြီး လွန်ခဲ့တဲ့ ၅နှစ် အတွင်းကနေ စတင်လို့ နေရာအများစုမှာ စီး နင်းမှု များလာတာပါ။ ဒီနေ့ခေတ် ပြည်တွင်းက Sport တွေထဲက ၁၀စီးမှာ ၄စီး လောက်ထိအောင် FZတွေ ဖြစ်နိုင်လောက် အောင် အရေအတွက် များပါတယ်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
511
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.3k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.6k

ဒီတော့ လူစီးများတဲ့၊ စီးလာတာ ကြာနေပြီ ဖြစ်တဲ့ FZ တွေကို ရိုးနေပြီလား။ ဒါဆိုရင်တော့ နောက်ထပ် မော်ဒယ်သစ်တခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ TYS ရဲ့မော်ဒယ်ပါ။

အိန္ဒိယအခြေစိုက် ကုမ္ပဏီရဲ့ထုတ်လုပ်မှု ဖြစ်ပြီး Apache RTR 180 အနေနဲ့က အင်ဂျင်ပိုင်းမှာလည်း ၁၅၀ စီစီသုံးတွေ ထက် ပိုမို ကြီးမားလို့ စွမ်းဆောင်ရည် သိသိသာသာကောင်းမွန်လာတာလည်းတွေ့ရပါတယ်။

အရောင် ၄မျိုး ထိအောင် ထုတ်လုပ်တာတွေ့ရပါတယ်။ တနာရီ ၁၂၄ ကီလိုမီတာထိအောင် အမြန်ဆုံးမောင်းနှင်နိင်ပါတယ်။ ဒါဟာ ၁၈၀ စီစီသုံးအင်ဂျင်တခုအတွက် အနေတော်ပါပဲ။

ပြည်တွင်းလမ်းကြောင်းအနေအထားမှာလည်း ပုံမှန်အိမ်စီးဆိုရင် ၇၀ ကီလို၊ အခုလို Sport တွေဆိုရင် ကီလို ၁၀၀ထက် ပို မမောင်းသင့်ပါဘူး။

အင်ဂျင်က မြင်းကောင်ရေ ၁၇.၃ကောင်အား ထွက်ရှိပါတယ်။ Clutch စနစ်နဲ့ ဖြစ်ပြီး ဂီယာချက် ၅ချက် သုံးနိုင်ပါတယ်။

ကျနော့်အမြင်မှာတော့ ဂီယာချက်က ၆ချက်လောက်ဆိုရင် ပိုကောင်းမှာပါ။ အခုလို ၅ချက်တည်း ဖြစ်နေတာက မြန်နှုန်းမြင့် မောင်းနှင်လာရင် အင်ဂျင်သံ ဆူညံလာပါလိမ့်မယ်။

ဘီးတွေက ၁၇ လက်မအရွယ်၊ ရှေ့တာယာက 90/90 x17၊ နောက်ဘက် တာယာက 110/80 x 17တာယာ၊ ခရီးဝေး မောင်း နှင်နိုင်မှုရော လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်ပါ ကောင်းမွန်တယ်၊ Tubeless ပုံစံနဲ့ လာတယ်။

ဘရိတ်စနစ်က Disc၊ ခွေတွေက Alloyသား၊ Suspension မှာတော့ ပုံမှန် Telescopic Forks နဲ့ Monotube တွေကို ထိုင် ထားတယ်၊ မြေပြင်ကနေ ကိုယ်ထည်က ၁၆၅ မီလီမီတာ လွတ်တယ်၊ အလေးချိန် ၁၃၉ ဂရမ်ရှိတယ်၊ ပေါ့ပါးတယ်၊ စိတ် ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်မှု ပေးနိုင်မယ့်မော်ဒယ်ပါ။

ဆီတိုင်ကီက ၁၆လီတာ ဆံ့ပါတယ်။ ဆီစားနှုန်းက တလီတာကို ၄၅ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ တန်းတူအင်ဂျင် တပ် ဆိုင်ကယ်တွေထဲမှာ ဆီစားနှုန်း အချိုဆုံးလောက် ဖြစ်ပြီး စွမ်းဆောင်ရည်တော့ အသင့်ပဲရှိပါတယ်။

ဆီတိုင်ကီအပြည့်နဲ့ဆိုရင် ကီလိုမီတာ ၇၂၀ထိအောင် ရောက်နိုင်ပါတယ်။ သဘောကျစရာပါ။ ဒိုင်ခွက်မှာ မြန်နှုန်းပြစနစ်က Digital နဲ့ လာတယ်၊ ဆီဂိတ်၊ အင်ဂျင်လည်ပတ်နှုန်းပြစနစ်၊ ကီလိုပြစနစ်တွေနဲ့ ဒိုင်ခွက်က အစုံထည့်ထားတာ တွေ့ရပါ တယ်။

လျှပ်စစ်စနစ်နဲ့ အင်ဂျင်ကို စက်နှိုးဖို့ ပါရှိတယ်၊ Tripmeter ၂ လုံးပါပြီး သူလည်း Digitalနဲ့ပါ။ ဆီကုန်တော့မယ်ဆိုရင်လည်း အချက်ပြမယ်၊ အင်ဂျင်ဝိုင်မကောင်းတော့ရင်လည်း အချက်ပြမယ်၊ ဘက်ထရီအားနည်းနေရင်လည်းအချက်ပြမယ်။

ဘရိတ်က ABS စနစ်၊ Disc တွေက ကီလို ၇၀ နှုန်းကနေ အမြန်ရပ်တန့်မယ်ဆိုရင်ကိုပဲ ပုံမှန်လမ်းမှာ ပေ ၂၀ ဝန်းကျင်နဲ့ ရပ် တန့်နိုင်တာ တွေ့ရပါတယ်။ ရှေ့မီးကြီးတွေက ဟေလိုဂျင် အမျိုးအစားတွေ ဖြစ်ပြီး အချက်ပြနဲ့ ဘရိတ်မီးတွေကတော့ LED တွေပါ။

စွမ်းဆောင်ရည်မြင့် မော်ဒယ်ထက် အလှစီးချင်သူတွေ အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ လက်ရှိ TVSက အထက် မြန် မာပြည်မှာ ဈေးကွက်ဝင်နေပြီး မန်းနဲ့ အတူ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံတွေမှာလူကြိုက်များပေမယ့် ပဲခူး၊ တောင်ငူ၊ ပြည်၊ မကွေးတွေမှာတော့ သိပ်မရောက်လာသေးပါဘူး။

ဈေးကွက်အတွင်းမှာတော့ ၂၀၁၅ခုနှစ် Apache RTR 180 ဆိုရင် အသစ်အနေနဲ့ ရနိုင်ပြီး ဈေးနှုန်းက ၁၈သိန်း ဝန်းကျင်ပဲ ရှိပါတယ်။

နောက်ပိုင်းထုတ် ၂၀၁၆တွေက ဈေးနှုန်း ၇သိန်းလောက် ပိုနိုင်ပြီး အခုနှစ် မော်ဒယ်တွေကတော့ အဝင်နည်းသေးတာ တွေ့ ရပြီး သိန်း ၃၀ ကျော်လောက်ထိအောင် ဈေးရှိနေတယ်လို့ သိရပါတယ်။

Your Thoughts …
Tags: Automobile
လင်းထက်(IA)

လင်းထက်(IA)

ဧရာဝတီ

Similar Picks:

Kawasaki Ninja H2R မော်တော်ဆိုင်ကယ်

ကမ္ဘာ့အမြန်ဆုံးလို့ဆိုတဲ့ Kawasaki Ninja H2R မော်တော်ဆိုင်ကယ်

by လင်းထက်(IA)
14 August 2017
12.6k

အင်ဂျင်စက်နှိုးဖို့အတွက် လျှပ်စစ်မော်တာ ထည့်ထားပြီး အလွယ်စက်နှိုးနိုင်အောင် ဖန်တီးထားတယ်၊ Free ရိုက်ချင်တဲ့ အချိန်မှာ စက်သတ်နိုင်မယ့်စနစ်ပါတယ်၊

ကားတစ်စီး မီးခိုးလိုက်နေပြီ ဆိုရင်

ကားတစ်စီး မီးခိုးလိုက်နေပြီ ဆိုရင်

by လင်းထက်(IA)
2 November 2016
17k

အင်ဂျင်ဝိုင် အရည်အသွေး မပြည့်တော့လို့လည်း မီးခိုး အနည်းငယ် လိုက်တတ်ပါတယ်။ ဒီအချက်က အင်ဂျင်ဝိုင် သက်တမ်းနဲ့ ပျစ်ရည် အနေအထားကို ကြည့်ပြီး ပြစ်ချက် ရှာနိုင်ပါတယ်

2016 ထုတ် Honda CBR 150R ဆိုင်ကယ်များ

ဈေးချိုချိုနဲ့ ရနိုင်လာတဲ့ 2016 Honda CBR 150R ဆိုင်ကယ်

by လင်းထက်(IA)
19 June 2017
27.7k

၂၀၁၇ခုနှစ် မော်ဒယ်တွေကတော့ ဈေးကွက်ထဲ ရောက်လာတာ မကြားသေးဘဲ ဈေးမြင့်ပြီး အရင်နှစ် ၂၀၁၆ အသစ်အနေအထား မော်ဒယ်တွေကတော့ ၃၅ သိန်းလောက်နဲ့ပဲ ရနိုင်နေတာ တွေ့ရပါတယ်။

သင်သိထားသင့်တဲ့ ကားတာယာအကြောင်း

သင်သိထားသင့်တဲ့ ကားတာယာအကြောင်း

by လင်းထက်(IA)
21 January 2017
17.8k

တာယာ အမြန်ဆုံး ပွင့်ထွက်စေတဲ့ အကြောင်းရင်းက သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းကြောင့် မဟုတ်ပါဘူး။ ဝန်တင်ဆောင်မှု ပိုများလို့ပါ။ နောက်ပြီး လေပေါင်ချိန် မမှန်လို့ပါ။

လုပ်ငန်းသုံးအတွက် တန်ကြေးနည်း Hyundai Porter II

လုပ်ငန်းသုံးအတွက် တန်ကြေးနည်း Hyundai Porter II

by လင်းထက်(IA)
14 January 2017
40.5k

Porter II တွေက လုပ်ငန်းသုံး မော်ဒယ်အနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် ၆၆၀ စီစီ သုံး မော်ဒယ်တွေက သိန်း ၁၀ဝ အောက်လောက်နဲ့ ရနိုင်တယ်

ကမ္ဘာ့လူစီးအများဆုံး ကားအမျိုးအစားများ

ကမ္ဘာ့လူစီးအများဆုံး ကားအမျိုးအစားများ

by လင်းထက်(IA)
6 December 2016
16.8k

ပွဲတက် မော်ဒယ်အဖြစ် အံမဝင်ပေမယ့် လုပ်ငန်းသုံး၊ မိသားစုသုံး မော်ဒယ်အဖြစ်နဲ့ ယနေ့ ကမ္ဘာရဲ့ ကား ၁၀ စီးမှာ ၂ စီးခွဲလောက်က Hatchback တွေ ဖြစ်နေပါတယ်။ သူ့ထက် ကိုယ်ထည်သေးတဲ့ Supermini တွေကလည်း...

Next Post
မလေးရှားနိုင်ငံ ထိန်သိမ်းရေးစခန်းများမှ ပြန်လည်ရောက်ရှိလာသော မြန်မာလုပ်သားများကို ၂၀၁၃ ခုနှစ်အတွင်းက ရန်ကုန်လေဆိပ်၌ တွေ့ရပုံ / ဧရာဝတီ

မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ပြန်လည်ခွင့်ပြု

ထိုင်းရောက် တရားမဝင် အလုပ်သမားများကို ဖမ်းဆီးချုပ်နှောင်မှုများ မလုပ်ရန် မြန်မာအစိုးရ ညှိနှိုင်းနေ

ထိုင်းရောက် တရားမဝင် အလုပ်သမားများကို ဖမ်းဆီးချုပ်နှောင်မှုများ မလုပ်ရန် မြန်မာအစိုးရ ညှိနှိုင်းနေ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate