စီးပွားရေး

2018 ထုတ် Toyota C-HR

Want create site? Find Free WordPress Themes and plugins.

Nissan Jukeနဲ့ ဆင်တူတဲ့ ပုံစံနဲ့ ပွဲထွက်လာတဲ့ SUV မော်ဒယ်ပါ။ မော်ဒယ်နှစ် တနှစ်ကြိုပြီး ၂၀၁၈ မော်ဒယ် အနေနဲ့ ထွက်ရှိလာပါတယ်။ မော်ဒယ်က SUV ကိုယ်ထည်နဲ့ ဖြစ်နေပေမယ့် Sport ကားတွေမှာ တွေ့ရတဲ့ လက်ကိုင်စ နစ်မျိုး တွေ့ရပါတယ်။

ပေါ့ပါးတယ်၊ သွက်လက်တယ်၊ အထူးသဖြင့် ကွေ့လမ်းကြောင်းမောင်းနှင်မှုမှာ အထူးကောင်းမွန်တာလည်း တွေ့ရပါတယ်။ ပြီးတော့ ဈေးကွက်မှာ နေရာရဖု့ိ ရည်ရွယ်ပြီး ထွက်ရှိလာတဲ့ မျက်နှာသစ် မော်ဒယ် ဖြစ်လို့ သူက နည်းပညာပိုင်းမှာ စုံလင် အောင် ထည့်သွင်းဖန်တီးထားတာ တွေ့ရပါတယ်။

အထူးသဖြင့်တော့ တန်ကြေးမြင့် မော်ဒယ်တွေမှာသာ ပါရှိလေ့ရှိတဲ့ မျက်ကွယ်ပိုင်း အချက်ပြစနစ်တို့လို စနစ်တွေ အပါအ ဝင် နောက်ဆုံးပေါ် အချက်ပြစနစ်တွေကို ထည့်သွင်း ဖန်တီးထားတာ တွေ့ရတာပဲ ဖြစ်ပါတယ်။

နောက်တချက်ကတော့ အထက်မှာ ပြောခဲ့သလို ရုပ်ထွက်ပိုင်း ဆန်းသစ်မှု ဖြစ်ပြီး ဆွဲဆောင်မှုကောင်းတာထက် သိသာ ပေါ်လွင်တဲ့ ရုပ်ထွက်ကို တွေ့ရပြီး မြင်လိုက်တာနဲ့ C-HR မှန်း သိသာအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

အတွင်းခန်း အပြင်အဆင်ကောင်းမွန်တယ်၊ ရုပ်ထွက်နဲ့ ကိုယ်ထည် ဒီဇိုင်း ဆန်းသစ်တယ်၊ ကိုယ်ထည်သား မာကျောတယ်၊ လက်ကိုင်စနစ်ကောင်းမွန်မှုတွေက စိတ်ကြိုက် ဖြစ်မှာပါ။

ဒါပေမယ့် ဥရောပနဲ့ အမေရိက ဈေးကွက် အကြိုက် ထုတ်လုပ်လာပေမယ့် ရုန်းအားယူ စနစ်မှာတော့ အဆိုပါ ဈေးကွက်တွေ အကြိုက် မရနိုင်ပါဘူး။

2018 ထုတ် Toyota C-HR နောက်ပိုင်းမြင်ကွင်း

ဆိုလိုတာကတော့ ဘီးစုံယက်စနစ်နဲ့ မရနိုင်ပါဘူး။ မော်ဒယ်ကို ဆီစားနှုန်း လျော့နည်းအောင် ဖန်တီးထားလို့ ဘီးစုံယက် စနစ်နဲ့ မရပေမယ့် လမ်းကြမ်းပိုင်းစွမ်းဆောင်ရည် သင့်အောင်တော့ ဖန်တီးထားတာ တွေ့ရပါတယ်။ ပြီးတော့ အဝေးပြေး လမ်းကြောင်းတွေမှာ မောင်းနှင်ရင် အရှိန်ရယူ မောင်းနှင်နိုင်မှုက အားနည်းတယ်လို့ ထင်ရစေပါတယ်။

ခရီးဝေး အချိန်ကြာ မောင်းနှင်မှုအတွက် ငြီးငွေ့စေချင်သလို ဖြစ်နေပါတယ်။ ပြီးတော့ ဂြိုဟ်တု အခြေပြု မြေပုံစနစ်၊ ဂြိုဟ်တု ရေဒီယိုနဲ့ Apple CarPlay ရော Android Auto လို နောက်ဆုံးပေါ်စနစ်တွေကို မသုံးနိုင်တာတခုက ဈေးကွက်မှာ စိတ် ကြိုက် ဖြစ်ဖို့ ခက်ချင်ပါလိမ့်မယ်။ ဆီစားနှုန်းလည်း အကောင်းဆုံး မချိုသာသေးပါဘူး။

မော်ဒယ်ခွဲ ရရှိနိုင်မှု အပိုင်းမှာတော့ ၂မျိုးပဲ ရနိုင်ပါတယ်။ XLEနဲ့ XLE Premium တွေပဲ ဖြစ်ပါတယ်။ Premium မော်ဒယ် ကတော့ ဇိမ်ခံမော်ဒယ် ပိုဆန်ပြီး XLE ကတော့ လမ်းကြောင်းစုံသုံးဖို့ ပိုကောင်းပါတယ်။ ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ပါ။

ဆီစားနှုန်း နည်းပါးအောင် ရှေ့ဘီးယက်စနစ်နဲ့ လာပါတယ်။ CVTစနစ်နဲ့ ဖြစ်လို့ အမျိုးသမီး မောင်းနှင်သူတွေ အတွက်ပါ အဆင်ပြေ ကောင်းမွန်ပါလိမ့်မယ်။ ၁၈လက်မဘီးတွေနဲ့ LED Daylight တွေ ပါတယ်။ Remoteနဲ့ Lock စနစ်ကို သုံးနိုင် မှာပါ။ အင်ဂျင်စနစ်က ရုန်းအား ၁၃၉ပေါင်-ပေမှာ မြင်းကောင်ရေ ၁၄၄ ကောင်အား ထွက်ရှိပါတယ်။

မိုင် ၆၀နှုန်း အတွက် ၁၀စက္ကန့်ထက် မပိုတဲ့ နှုန်းနဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်ပါလိမ့်မယ်။ ဆီစားနှုန်းကတော့ ပျမ်းမျှ တဂါလံကို ၂၉မိုင်လောက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

နောက်ဘက် ရိုက်ကူး ကင်မရာစနစ်ပါရှိတယ်၊ ၇ လက်မအရွယ် ပြသမျက်နှာပြင်စနစ်က Touch စနစ်နဲ့ ဖြစ်ပြီး အသုံးပြုရ တာ အဆင်ပြေတယ်၊ Bluetooth စနစ် ချိတ်ဆက် သုံးနိုင်မယ်၊ HD ရေဒီယိုစနစ်တော့ ရနိုင်မယ်၊ USB ပေါက်လည်း ပါ တယ်။

အသံပိုင်းမှာ စပီကာ ၆လုံး ပါပြီး အသံထွက် တည်ငြိမ်ကောင်းမွန်တာ တွေ့ရပါတယ်။ အရေးပေါ် ဘရိတ်စနစ်က အလို အလျောက်ဖြစ်လာတယ်။ လမ်းကျဉ်း အချက်ပြစနစ်လည်း ပါရှိတယ်၊ Keyless နဲ့ပါ သုံးနိုင်လာပါတယ်။

နိုင်ငံတကာ ဈေးကွက်မှာတော့ မော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၂၂၅၀၀ နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။

Ref: www.edmunds.com

Did you find apk for android? You can find new Free Android Games and apps.
Loading