ကျနော်တို့ လက်ထဲကို ကားတစီးရောက်ပြီဆိုတာနဲ့ အမြဲတမ်း သူ့အတွက် သုံးနေရမယ့် စရိတ်ကတော့ ဆီဖိုးပါ။ ဆီစားများ တဲ့ ကားနဲ့ဆိုရင် နေ့စဉ်သွားလာစရိတ်က အများသုံး လိုင်းကားတွေရော အငှားတက္ကစီတွေ စီးရတာထက်ပါ ပိုမို ကုန်ကျနိုင် ပါတယ်။
အခု ကျနော်က ဆီစားနှုန်း ချွေတာမှုအနေနဲ့ နိုင်ငံတကာမှာ သုံးနေတဲ့ ပုံစံလေးတွေကို ပြောပြချင်ပါတယ်။
(၁) မော်ဒယ်နိမ့်နေတဲ့ SUVနဲ့ Truck အမျိုးအစား ကားတွေကို သုံးစွဲမောင်းနှင်ခြင်း မပြုတာဟာ အရေးအကြီးဆုံး တချက် ဖြစ်ပါတယ်။ အကြောင်းကတော့ ဆီတဂါလံကို ပျမ်းမျှ မိုင်၂၀ ဝန်းကျင်လောက်သာ စီးနင်းနိုင်သလို ဓာတ်ငွေ့ ထုတ်လွှတ်မှု လည်း များပြားတာကြောင့် ပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက် ပျက်စီးမှု ဖြစ်စေနိုင်တာတွေကြောင့် ဖြစ်ပါတယ်။
(၂) အမြန်နှုန်း မြှင့်တင်နိုင်မှု နှေးကွေးလာနေပြီ ဖြစ်တဲ့ ကားတွေကို အသုံးပြုနေခြင်းဟာလည်း ဆီကုန်ကျမှု စရိတ်များ စေ တဲ့ အချက်တချက် ဖြစ်ပါတယ်။
ဆီစားနှုန်းများပြီး အင်ဂျင်ရဲ့စွမ်းဆောင်ရည် နိမ့်နေပြီ ဖြစ်တဲ့ မော်တော်ကားတွေဟာ အဝေးပြေး လမ်းတွေပေါ်မှာ မောင်း နှင်ရာမှာ အရှိန်မြှင့်တင်နိုင်မှု နှေးကွေးသလို ပုံမှန် အရှိန်ယူချိန်တွေထက် အချိန် နှစ်ဆလောက်ပေးရတာကြောင့် ဆီစရိတ် လည်း တက်လာတတ်ပါတယ်။
(၃) ဂီယာချော်နေတတ်တဲ့ ကားတော်တော်များများဟာ မြို့တွင်းလမ်းကြောင်းတွေမှာ မောင်းနှင်တဲ့ အချိန်တွေမှာ ဒုက္ခ တွေ့တတ်ပါတယ်။ အကြောင်းကတော့ မီးပွိုင်တွေ ဖြတ်တဲ့ အချိန်ေတွေမှာ ဖြစ်ပြီးတော့ အင်ဂျင်က လည်ပတ်နေပေမယ့် လိုအပ်တဲ့ အရှိန်နှုန်းနဲ့ မြန်ဆန်မှု မရတာကြောင့် ဆီပိုကျွေးပြီး မောင်းနှင်ရတာမျိုး ဖြစ်လာစေပါတယ်။
(၄) မနက်ပိုင်း မိမိရဲ့မော်တော်ကားကို မသုံးသေးချိန်မှာ ဆယ်မိနစ်လောက် စောပြီး စက်နှိုးထားခြင်းနဲ့ အသုံးပြုနေဆဲ ကားတစီးကိုလည်း ခဏတာ နားပြီး ခရီးဆက်ဖို့ ရှိနေသေးတယ်ဆိုရင် လုံးလုံး ရပ်မပစ်ဘဲ ဆက်နှိုးပြီး ဆက်ထားသင့် ပါတယ်။
(ခြွင်းချက်အနေနဲ့တော့ ခရီးဝေးမောင်းနှင်ထားတဲ့ ကားတွေကတော့ စက်ကို ရပ်ပြီး အနားပေးသင့်ပါတယ်)။ အ ကြောင်း ကတော့ မော်တော်ကားလို ရွေ့လျား စက်ပစ္စည်းတွေက အင်ဂျင်ပူနေလေ ဆီစားနှုန်း(စွမ်းအင် အသုံးချနှုန်း) နည်းပါးလို့ ဖြစ်ပါတယ်။
(၅) နောက်ပိုင်း စမ်းသပ်မှုတွေအရတော့ အရှန်မြင့် မောင်းနှင်မှုတွေ တနည်း ပြောရရင် ခရီးဝေး သွားလာမှုတွေမှာ ပြတင်း ပေါက်တွေ ချပြီး(ဖွင့်ပြီး) မောင်းနှင်မှုတွေက ပုံမှန် အရှိန်ထက် လျော့အောင် ဖန်တီးသလို ဖြစ်စေပါတယ်။ ဒါကြောင့် တနာ ရီမိုင် ၆၀နဲ့ အထက် ဆိုသလို အမြန်နှုန်းနဲ့ မောင်းနှင်မှုတွေ လုပ်ဆောင်ရာမှာ ပြတင်းပေါက်တွေကို ပိတ်ပြီး မောင်းနှင်သင့် ပါတယ်။
(၆) မလိုအပ်တဲ့ဝန်တွေကို လျော့ချပြီး မိမိ မော်တော်ကားကို အပေါ့ပါးဆုံး ဖြစ်အောင် ဖန်တီးမောင်းနှင်ခြင်းကလည်း ဆီ စားနှုန်းကို အကောင်းဆုံး ချွေတာစေပြီး မော်တော်ကားကို အကောင်းဆုံး အရှိန်နဲ့ ပြေးလွှားနေစေမှာ ဖြစ်ပါတယ်။ မြို့တွင်း သွားလာမှုတွေမှာ ပေါင် ၃၀၀ လောက်လေးတဲ့ Toolbox လို အလေးချိန်များတဲ့ ပစ္စည်းတွေ မယူဘဲ သွားလာနိုင်ပါတယ်။
(၇) အရှိန်နှုန်း မြှင့်ပြီး မောင်းနှင်ခြင်း တမျိုး ပြောရရင် သတ်မှတ်ထားသော အမြန်နှုန်းကို တပြေးညီ မောင်းနှင်သွားလာ ခြင်းကလည်း ဆီစားနှုန်းကို ချွေတာနိုင်ပါတယ်။ နှစ်နဲ့ သုံးလို ဂီယာချက်တွေကို သုံးပြီး မောင်းနှင်တာထက် အဲဒီထက် ပိုကြီးတဲ့ ဂီယာချက်တွေနဲ့သာ သွားလာ မောင်းနှင်ခြင်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။
(၈) E15 အဆင့်ရှိတဲ့ ဆီတွေထက် E10အဆင့်ရှိတဲ့ စက်သုံးဆီမျိုးကို ရွေးချယ် သုံးစွဲတာကလည်း ဆီစားနှုန်းကို သက် သာ စေမှာပါ။ အကြောင်းကတော့ E15 ဟာ E10 ထက် စွမ်းအင် ထုတ်လုပ်ပေးနိုင်မှု အပိုင်းမှာ ၃၀ရာခိုင်နှုန်းလောက် နိမ့် တာ ကြောင့် ဖြစ်ပါတယ်။
(၉) မျက်နှာပြင် ကျယ်ဝန်းတဲ့ တာယာတွေဟာ ကားတစီးရဲ့ အရှိန်ကို လျော့ကျစေနိုင်တာကြောင့် တကယ်တမ်း သုံးစွဲမယ် ဆိုရင်တော့ မျက်နှာပြင် သေးငယ် ကျဉ်းမြောင်းတဲ့ တာယာတွေကို ဝယ်ယူ တပ်ဆင် သုံးစွဲသင့်ပါတယ်။
(၁၀) နောက်တချက်ကတော့ အင်ဂျင်ရဲ့အသံကို နားထောင်ခြင်း ဖြစ်ပါတယ်။ အလွယ်တမ်း မှတ်ထားနိုင်စရာ ရှိတာ ကတော့ အင်ဂျင်သံ ဆူညံတဲ့ကားတွေဟာ အင်ဂျင်သံ တည်ငြိမ် တိုးဆိတ်တဲ့ ကားတွေထက် ဆီစားနှုန်း ပိုများတယ် ဆိုတာပါပဲ။