အခုပြောပြမယ့် မော်ဒယ်တွေကတော့ ၂၀၂၀ခုနှစ် အမီ ဈေးကွက်ထဲကို အပြိုင်ရောက်လာနိုင်မယ့်လျှပ်စစ်ကား တွေပဲ ဖြစ်ပါတယ်။ ဓာတ်ငေ့ွထုတ်လွှတ်မှု မြင့်တက်လာမှုနဲ့အတူ နိုင်ငံတကာမှာ လျှစ်စစ်ကားထုတ်လုပ်မှုကိုရော စီးနင်းမှု ကိုပါ အာရုံစိုက်လာပြီး ကားကုမ္ပဏီကလည်း မကြာခင်မှာ အပြိုင် ရောင်းချလာပါလိ့်မ်မယ်။
(၁) Jaguar I-PACE SUV
အင်္ဂလန်အခြေစိုက် Jaguar ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်းက လော့အိန်ဂျလိစ် ကားပြပွဲမှာ ရှေ့ပြေးပုံစံ ပြသမိတ်ဆက်ခဲ့ ပေမယ့် မကြာသေးခင်က အစမ်းထုတ်ထားတဲ့ မော်ဒယ်တစီးရဲ့ပုံကို မြင်လာရပါတယ်။ ဒါဆိုရင်တော့ ၂၀၁၈ အတွင်း ဈေး ကွက်ထဲ ရောက်လာနိုင်သလို မိတ်ဆက်ထားသလောက်ကတော့ အားတခါ သွင်းပြီး မိုင် ၂၂၀ မောင်းနှင်နိုင်မယ်လို့ သိရ သလိုမိုင် ၆၀ နှုန်းကိုလည်း ၄ စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်မယ့်မော်ဒယ်ပါ။ တန်ဖိုးဒေါ်လာ ၅၀၀၀၀လောက် ရှိ ပါမယ်။
(၂) Mercedes EQ
စက်တင်ဘာလအတွင်းက ပဲရစ်ကားပြပွဲမှာ ထည့်သွင်း ပြသခဲ့တဲ့မော်ဒယ်ပါ။ ရှေ့ပြေးမော်ဒယ်ပဲ မိတ်ဆက်သေးလို့ ၂၀၁၉ လောက်မှပဲ ဈေးကွက်ထဲရောက်လာနိုင်ပါတယ်။ အားအပြည့်နဲ့ဆိုရင် မိုင် ၃၁၀လောက် ရောက်မယ်လို့ ဆိုပါတယ်။ GLC Crossover တန်းဝင် မော်ဒယ်နဲ့ ဆင်ပါတယ်။ ဒေါ်လာ ၃၉၁၅၀ နဲ့ ရောင်းချလာနိုင်ပါတယ်။
(၃) Audi e-tron Quattro
ဂျာမနီအခြေစိုက် Audi ကနေ လက်ရှိမှာ ရှေ့ပြေးပုံစံ မိတ်ဆက်ထားပါတယ်။ လျှပ်စစ်မော်တာ ၃ လုံးထိုင်ထားမယ့် မော် ဒယ် ဖြစ်ပြီး အားအပြည့်နဲ့ မိုင် ၃၀၀ ခရီးရောက်ပါမယ်။ ဧပြီလအတွင်းက နော်ဝေမှာ ကားဝယ်လက်တွေကို စစ်တမ်း ကောက်ခဲ့တာတွေ့ရပါသေးတယ်။ ဈေးနှုန်းမပြောသေးပေမယ့် ဈေးကွက်ထဲမကြာခင် ရောက်လာနိုင်ပါတယ်။
(၄) Audi Sportback
ပြီးခဲ့တဲ့ ရှန်ဟိုင်းကားပြပွဲမှာ ဒီမော်ဒယ်ကို ထည့်သွင်းမိတ်ဆက်ခဲ့ပါတယ်။ ဈေးကွက်အတွင်းကို ၂၀၁၉ အမီ ရောင်းချလာ နိုင်ပါတယ်။ အားအပြည့်နဲ့ မိုင် ၂၈၀လောက် ရောက်နိုင်ပြီး အမြန်ဆုံး ၁၃၁ မိုင်နှုန်းမောင်းနှင်နိုင်မှာ ဖြစ်သလို တနာရီ ကီ လိုမီတာ ၁၀၀နှုန်းကို အချိန် ၄.၅ စက္ကန့်နဲ့ ရောက်မှာပါ။
(၅) BMW X3 SUV
ဂျာမနီအခြေစိုက် BMW ကလည်း လျှပ်စစ်မော်ဒယ် X3 ကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ၂၀၂၀မှာ ဈေးကွက်တင်မယ် လို့ ကုမ္ပဏီ CEO ဖြစ်သူ HaraldKrueger က Bloomberg သတင်းဌာနကို ပြောတာတွေ့ရပါတယ်။ ကုမ္ပဏီကနေ Mini Cooper မော်ဒယ်ကိုလည်း လျှပ်စစ်မော်ဒယ်အဖြစ် ၂၀၁၉မှာ ရောင်းချပါလိမ့်မယ်။
(၆) Ford SUV
မော်ဒယ်ရဲ့အမည်ကို ပြောမလာသေးပါဘူး။ ၂၀၂၀မှာ စတင် ရောင်းချမယ်လို့ ခန့်မှန်းရပါတယ်။ အာရှ၊ မြောက်အမေရိက နဲ့ ဥရောပဈေးကွက်တွေကိုပဲ ရောင်းချမယ်လို့ ဆိုပြီး အားအပြည့်နဲ့ မိုင် ၃၀၀လောက် မောင်းနှင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရ ပါတယ်။
(၇) Bentley SUV
သူလည်း မော်ဒယ်နာမည် မပြောသေးပါဘူး။ အသေးစား SUVမော်ဒယ် ဖြစ်မှာပါ။ အခုနှစ် Bentayga မော်ဒယ်ကို Hybrid စနစ်နဲ့ ရောင်းချလာပြီးနောက်တဆင့် လျှပ်စစ်မော်ဒယ် ထုတ်လုပ်ဖို့ ပြင်ဆင်နေတာပါ။ ၂၀၁၉ လောက်မှာ လျှပ်စစ်မော်ဒယ် စတင်ရောင်းချလာနိုင်ပါတယ်။
(၈) Hyundai SUV
သူလည်းမော်ဒယ် အမည်မသိရသေးပေမယ့် တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီကတော့ မော်ဒယ်ကိုလာမယ့် ၂၀၁၈မှာ မိတ ဆက်ဖို့ ပြင်ဆင်နေတယ်လို့ Hyundaiရဲ့ပြောရေးဆိုခွင့် ရှိသူက Korea Herald ကို ပြောထားတာတွေ့ရပါတယ်။ Ioniq မော်ဒယ်ကို လျှပ်စစ်မော်ဒယ်အနေနဲ့ ရောင်းချလာဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး အားအပြည့်နဲ့မိုင် ၁၁၀ လောက်သွား နိုင်မှာပါ။
(၉) Volkswagen ID SUV
ကုမ္ပဏီက လက်ရှိမှာ ကမ္ဘာ့မော်တော်ကား အရောင်းရဆုံးနေရာကို Toyota ဆီကနေ ရယူဖို့ ပြင်ဆင်နေသလို ၂၀၂၅မှာ လျှပ် စစ်ကားမော်ဒယ် အမျိုးပေါင်း ၃၀လောက် ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ Hatchbackနဲ့ Crossover အကြား အရွယ်ရှိ အသေးစား SUV မော်ဒယ်တွေ ဦးစားပေးရောင်းချလာနိုင်ပါတယ်။
ID မော်ဒယ်ကဆိုရင် အားအပြည့်နဲ့ ၂၄၈ မိုင်ကနေ ၃၇၂ မိုင်အကြား ရောက်နိုင်နေပြီ ဖြစ်ပြီး ၂၀၂၀မှာ စတင်ရောင်းချလာဖို့ ရှိနေပါတယ်။ ၂၀၂၅ မှာတော့ အဆိုပါမော်ဒယ်က မောင်းသူမဲ့လျှပ်စစ်ကားမော်ဒယ် ဖြစ်လာမှာပါ။
(၁၀) Tesla Model Y SUV
လျှပ်စစ်အားသုံးမော်ဒယ်အဖြစ် Model Xရဲ့နောက်ဆက်တွဲထွက်လာမှာပါ။ ၂၀၂၀မှာ စတင်ရောင်းချမှာ ဖြစ်ပြီး Model Y လို့ အမည်ပေးမှာ ဖြစ်ပါတယ်။
Ref:www.businessinsider.com