ကျနော်တို့ ပြည်တွင်းမှာ လူကြိုက် အများဆုံးမော်ဒယ်တွေက တန်ကြေးသင့် ဆီစားနည်းမော်ဒယ်တွေပါ။ ပျမ်းမျှ ဆီတဂါ လံ မိုင် ၃၀ လောက် စီးနင်းရပြီဆိုရင် ဈေးကွက်မှာ လက်ခံ နှစ်သက်ကြပါတယ်။
အခု ပြောမယ့် C-Max Energi က ဆီတဂါလံ ဘယ်လောက် စီးနင်းနိုင်မယ်လို့ ထင်ပါသလဲ။ ပျမ်းမျှ လမ်းကြောင်းစုံ ၃၉ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာပါ။ ဒါဆိုရင် သင် C-Max Energi ကို စိတ်ဝင်စားသွားလောက်ပါပြီ၊ ဆက်ကြည့်ရအောင် ပါ။
မော်ဒယ်ရဲ့အဓိက အားသာချက်ကတော့ ဆီစားနှုန်း ချိုသာကောင်းမွန်ခြင်းပါပဲ။ နောက်တချက်ကတော့ လျှပ်စစ်ပိုင်း တပ် ဆင် ပါရှိမှု အားကောင်းတယ်၊ မောင်းနှင်ရမှုအပိုင်းမှာ ထိုင်ခုံတွေ အနေအထား အဆင်ပြေတယ်၊ စိတ်ကြိုက် ချိန်ညှိနိုင်မှု လုပ်ဆောင်စရာ မလိုသည့်တိုင်အောင် ထုတ်လုပ်တပ်ဆင်ထားမှု အားကောင်းတာ ဖြစ်ပါတယ်။
အတွင်းခန်းက အပြင်အဆင်ရော ဒီဇိုင်းပါ အားကောင်းတယ်။ တပ်ဆင် အစိတ်အပိုင်းတွေရဲ့အသုံးပြု ပစ္စည်းတွေ အရည် အသွေးကောင်းမွန်တယ်၊ ရေရှည်အတွက် စိတ်ချရမှာပါ။
လက်ကိုင်ပိုင်း တည်ငြိမ်မှု ရှိပြီး မြန်နှုန်းမြင့် မောင်းနှင်မှုအတွက် ရော လမ်းကြမ်းပိုင်း မောင်းနှင်မှုအတွက်ပါ ကောင်းမွန် တယ်။
နောက်ဆုံး သဘောကျစရာ ကောင်းတဲ့အချက်ကတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု သွက်လက်ခြင်းပဲ ဖြစ်ပါတယ်။
အခု မော်ဒယ်က C-Max တန်းဝင်ထဲကမှ ဆီစားနှုန်း သက်သာအောင် ဖန်တီးထားတဲ့ Energi မော်ဒယ်ခွဲ ပုံစံ ဖြစ်ပြီး Hybrid မော်ဒယ်အနေနဲ့လည်း ရနိုင်မှုမှာ အခု မော်ဒယ်က ဈေးနှုန်း မြင့်ချင်နေပါတယ်။ Hybrid ကတော့ ဈေးပိုချိုပါတယ်။
နောက်ဘက်ဝန်တင်ခန်းက ကျယ်မယ်လို့ ထင်ပေမယ့် ဒီလောက် အကျယ်အဝန်း သိပ်မရှိပါဘူး။ နောက်ဆုံးတချက်ကတော့ မောင်းနှင်ရမှု အပိုင်းမှာ ခရီးဝေးတွေမှာ နည်းနည်း ငြီးငွေ့ချင်သလို ဖြစ်ချင်နေပါတယ်။
အခုနှစ် မော်ဒယ်မှာ ရုပ်ထွက်ပိုင်း နည်းနည်း ပြင်ဆင်ဖန်တီးထားတယ်။ မော်ဒယ်ခွဲသစ်အနေနဲ့၂မျိုး အသစ် ထုတ်လုပ် လာ ပြီး အရင်နှစ်ကထက် ရွေးချယ်နိုင်စရာမော်ဒယ်ခွဲ အားပိုကောင်းလာတယ်၊ နည်းပညာပိုင်း အဆင့်မြှင့်နိုင်မှုတွေမှာ နောက်ဆုံး ပေါ် နည်းပညာတွေ သုံးနိုင်အောင် ဖန်တီးထည့်သွင်းလာတာမျိုး တွေ့ရပါတယ်။
SE နဲ့ Titanium တွေအဖြစ် ရနိုင်တာ တွေ့ရပြီး SE မော်ဒယ်က ၁၇လက်မ Alloly ဘီးတွေနဲ့၊ အလိုအလျောက် ရှေ့မီးကြီး စနစ်ပါတယ်။
နောက်ဘက် Spoiler ပါတယ်၊ Keyless သုံးနိုင်မယ်၊ အတွင်းခန်းက အထည်သား ဦးစားပေး အပြင်အဆင်၊ ယာဉ်မောင်း ထိုင်ခုံက Power နဲ့ ချိန်နိုင်မယ်၊ နောက်ဘက် ထိုင်ခုံတန်းက ခေါက်သိမ်းနိုင်တယ်၊ နောက်ဘက် ရိုက်ကူး ကင်မရာပါတယ်၊ Sync အသံထိန်းချုပ်စနစ် သုံးနိုင်တယ်၊ Speaker ၆လုံးနဲ့ CD တွေပါရှိပါတယ်။ Titanium မှာတော့ Foglights ထည့်ထား တယ်၊ Wiper တွေက မိုးကို အာရုံခံပြီး အလိုအလျောက် လုပ်ဆောင်မယ်၊ အပြင်ဘက် နောက်ကြည့်မှန်တွေက အပူပေး စနစ် ပါလာတယ်၊ နောက်ဘက် ပါကင်နဲ့ပတ်သက်ပြီး ပြောင်းပြန်အာရုံခံစနစ်ကိရိယာ ပါတယ်။
သားရေသား အပြင်အဆင်တွေ ဖြစ်လာတယ်၊ ရှေ့ဘက် ထိုင်ခုံတွေက အပူပေးလို့ ရတယ်၊ Push ခလုတ်နဲ့ စက်နှိုးနိုင် တယ်၊ Remote နဲ့လည်းရတယ်၊ Sony ရဲ့ အဆင့်မြင့် အသံစနစ် ထည့်ထားတယ်၊ Speaker ၉လုံးပါပြီး HD Radio ပါရနိုင်လာ ပါတယ်။
အင်ဂျင်စနစ်ကတော့ ၂.ဝလီတာသုံး ပုံမှန် လေးလုံးထိုး ဓာတ်ဆီအင်ဂျင်ကို ပင်မ အင်ဂျင်အဖြစ် တပ်ဆင်ထားတာ တွေ့ နိုင်သလို လျှပ်စစ်မော်တာကိုလည်း အကူအနေနဲ့ တွဲဖက် တပ်ဆင်ထားပြီး သူက ၇.၆ ကီလိုဝပ်နာရီ စွမ်းအင်ထိန်း Lithium-ion ဘက်ထရီနဲ့ ချိတ်ထားတာပါ။
အင်ဂျင်စနစ်က မြင်းကောင်ရေ ၁၈၈ ကောင် အားထိအောင် ထုတ်လုပ်ပေးနိုင်ပါတယ်။ ရှေ့ဘီးယက်စနစ်နဲ့ ဖြစ်ပြီး ဂီယာ ပိုင်းမှာ CVT Auto နဲ့ လာပါတယ်။ မောင်းနှင်ရ လွယ်ကူစေပါတယ်။
လျှပ်စစ်မော်တာ တခုတည်းနဲ့ မောင်းနှင်ရင် ခရီး ၁၉ မိုင် ရောက်ပါတယ်။ 240 vအားသွင်းစနစ်နဲ့အားသွင်းရင် ဘက်ထရီ ကို အားပြည့်ဖို့ အချိန် ၂နာရီခွဲလိုပါတယ်။ 120 vနဲ့ အားသွင်းမယ်ဆိုရင်တော့ အနည်းဆုံး ၅ နာရီနဲ့ အထက်ကြာမှာပါ။
မိုင် ၆၀ နှုန်းကို အချိန် ၇.၈စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်ပြီး တန်းတူ မော်ဒယ်တွေထဲမှာတော့ အမြန်ဆုံးနှုန်း တန်း ဝင်မော်ဒယ် ဖြစ်လာပါတယ်။
နိုင်ငံတကာဈေးကွက်မှာတော့ အခု C-Max Energiကို အနည်းဆုံး ဒေါ်လာ ၂၄၉၉၅ကနေ ၂၇၉၉၅အတွင်း မော်ဒယ်ခွဲ အပေါ်မှာ မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Ref: www.edmunds.com