Baidu ရဲ့ CEO ဖြစ်သူ Robin Li က အခု တပတ်အတွင်းမှာ စည်းဝေးခဲ့တဲ့ ကုမ္ပဏီရဲ့ AI(မှတ်ဉာဏ်တု) နည်းပညာ အစည်းအဝေးမှာ ကမ္ဘာလုံးဆိုင်ရာ မောင်းသူမဲ့ကား ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး အလေးထား ဆွေးနွေးသွားခဲ့တာတွေ့ ရပါတယ်။
ကုမ္ပဏီ်က ကိုယ်တိုင် လုံး၀ မောင်းနှင်စရာ မလိုတဲ့ ကားကို အမြန်ဆုံး ဈေးကွက်မှာ ရောင်းချနိုင်အောင် ထုတ်လုပ်ချင်နေ ပြီး လာမယ့်နှစ်အတွင်းမှာ အဆိုပါ မော်ဒယ်တွေကို မိတ်ဆက်လာဖို့ ရှိနေသလို ကုမ္ပဏီကနေ Apollo အမည်ပေးထားတဲ့ စီ မံကိန်းအဖြစ် အကောင်အထည်ဖော်နေတာပါ။
ဒီစီမံကိန်းမှာ မောင်းသူမဲ့ကား နည်းပညာပိုင်း ပြည့်စုံအောင် ဖန်တီးမှု အပါအဝင် အောင်မြင်သွားပြီဆိုတာနဲ့ ဒေသတွင်းကား ထုတ်လုပ်သူတွေကိုပါ နည်းပညာ မျှဝေပြီး ပူးပေါင်းထုတ်လုပ်သွားဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
တရုတ် အစိုးရကိုယ်တိုင်ကလည်း အခုလို မောင်းသူမဲ့ ကားနဲ့ မှတ်ဉာဏ်တု နည်းပညာ တိုးတက်အောင်မြင်ဖို့ ဆန္ဒရှိနေပါ တယ်။ ဒါအပြင် နည်းပညာပိုင်း လုံခြုံမှုအတွက်လည်း နောက်ပိုင်းမှာ အခု Baidu ရဲ့ AIနည်းပညာနဲ့ မောင်းသူမဲ့ကားတွေ ရောင်းချနိုင်ပြီဆိုရင် အဆိုပါကားတွေထဲမှာ ပါရှိတဲ့ နည်းပညာကို အခြားသူတွေ ဝင်ရောက် လေ့လာမှု မလုပ်နိုင်အောင် Code တွေနဲ့ ပိတ်ထားဖို့ ရှိနေပါတယ်။
ကုမ္ပဏီရဲ့ဒုတိယဥက္ကဌဖြစ်တဲ့ Qi Lu ကလည်း Apollo ဟာ ကုမ္ပဏီရဲ့ နည်းပညာပိုင်း ဖန်တီးနိုင်မှု မှတ်တိုင်သစ်တခု ဖြစ်တယ်လို့ အစည်းအဝေးမှာ ပြောသွားပါတယ်။ Androdiစနစ်ကို မောင်းသူမဲ့ကား နည်းပညာအဖြစ် ပြောင်းလဲထားသ လိုပါပဲ။ ဒါပေမယ့် Android စနစ်ထက် ပိုပြီး ရိုးရှင်းတယ်၊ အသုံးပြုနိုင်မှု ပိုကောင်းလိမ့်မယ်လို့ ပြောပါတယ်။
ကုမ္ပဏီကတော့ Apollo မော်ဒယ်တွေ စမ်းသပ် မောင်းနှင်မှုကို နောက်လထဲမှာ သတ်မှတ် ကန့်သတ်နေရာတွေမှာ စမ်းသပ် သွားဖို့ ရှိတယ်လို့ ဆိုပြီး ၂၀၂၀နှစ်ကုန်ပိုင်း မတိုင်ခင် တနိုင်ငံလုံး အတိုင်းအတာထိအောင် မောင်းသူမဲ့ ကားတွေ ရောင်းချ သွားနိုင်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။
Apollo ဟာ နည်းပညာတခု ဖြစ်ပြီး မောင်းသူမဲ့ ကားတွေမှာ ထည့်သွင်း အသုံးပြုနိုင်မှု ဦးတည်ချက်ထား ဖန်တီးထား တာပါ။ အဆိုပါ အစည်းအဝေးကို ကယ်လီဖိုးနီးယား အခြေစိုက် AutonomousStuff ကနေလည်း တက်ရောက်ခဲ့ပြီး သူ တို့က အခု Baidu ရဲ့ Apollo နည်းပညာကို သုံးပြီး စမ်းသပ် Lincoln မော်ဒယ်တခုကို ရက်ပိုင်းအတွင်း မောင်းသူမဲ့ ပုံစံ စမ်းသပ်မောင်းနှင်ဖို့ လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
Apolloမှာ OS စနစ် ပုံစံ ပင်မစနစ်၊ Cloud စနစ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှု၊ မောင်းသူမဲ့ ကားမှာ ပါရှိမယ့် Hardware ပိုင်း၊ ဥပမာ GPS၊ ကင်မရာ၊ ရေဒါတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေ ပါဝင်မှာပါ။
အခု လက်ရှိမှာ အဆိုပါ Apollo အနေနဲ့ အစမ်းအသုံးပြုနိုင်တဲ့ အခြေအနေအထိအောင် ပြည့်စုံနေပြီ ဖြစ်ပြီး နိုဝင်ဘာလ အ တွင်းမှာ နောက်ထပ် အသေးစိတ် မိတ်ဆက်မှုတွေ၊ မောင်းနှင်သူတွေနဲ့ ရင်းနှီးအောင် ဖော်ပြမှုတွေ လုပ်ဆောင်လာဖို့ ရှိနေ တာပါ။
Cloud စနစ်ကိုလည်း Baidu ကနေပဲ တာဝန်ယူ ဖန်တီးနေတာ တွေ့ရပြီး Cloudစနစ်မှာ မြေပုံစနစ်တွေ၊ အဆင့်မြှင့်နိုင်မှု တွေ၊ လုံခြုံရေးစနစ်တွေ၊ Baiduက နေပဲ ဖန်တီးထားတဲ့ အသံနဲ့ ထိန်းချုပ်စနစ် Duer OS ကို အသုံးပြုနိုင်မှု စနစ်တွေ ပေါင်းထည့်ထားမှာ ဖြစ်ပါတယ်။
အဆင့်မြှင့်နိုင်မှု အပိုင်းကိုလည်း ကုမ္ပဏီကနေပဲ အချိန်ပြည့် တာဝန်ယူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပြီး စမ်းသပ် Codeတွေနဲ့ အတူ မောင်းသူမဲ့ကား အဆင့်မြှင့်မှုတွေ လုပ်သွားမယ်လို့ ကုမ္ပဏီရဲ့ ထုတ်လုပ်မှု မန်နေဂျာ Dawen Zhou က ပြောပါတယ်။
လက်တွေ့မောင်းနှင်မှု မရှိတော့တဲ့ နောက်ပိုင်းမှာ အချိန်နဲ့ တပြေးညီ အားလုံးကို အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ဖို့လို အပ်မှာ ဖြစ်ပြီး Apolloရဲ့ အကောင်းဆုံး အားသာချက်ကတော့ မိတ်ဆက် အဖွဲ့အစည်းတွေဆီကနေ သတင်းအချက်အ လက်တွေ တပြေးညီ ရရှိနေမှာ ဖြစ်လို့ အဆင့်မြှင့်နိုင်မှု မြန်ဆန်လိမ့်မယ်လို့ Zhou က ပြောပါတယ်။
အစည်းအဝေးမှာ Baidu နဲ့ အတူ အမေရိကန် Chipထုတ်လုပ်သူ နာမည်ကျော် Nvidiaလည်း တက်ရောက်ခဲ့ပြီး AI နည်း ပညာဖွံ့ဖြိုးမှုကို ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ Nvidaiရဲ့ Drove PX နည်းဟာလည်း Apollo ရဲ့ အစိတ်အပိုင်းတခုအဖြစ် ပါရှိလာနိုင်ပါတယ်။
ဒီလို ပြည်ပက မိတ်ဆက် ကုမ္ပဏီတွေ အပြင် Baidu အနေနဲ့ တရုတ်ပြည်တွင်းက ကားထုတ်လုပ်သူတွေ ဖြစ်တဲ့ Chery Automobiles, Dongfeng Motor, Foton, Yiqi, FAW Groupတွေနဲ့ပါ မိတ်ဆက် အဖြစ် ပူးပေါင်းထားပြီး ဖြစ်နေ ပါတယ်။
ဥရောပနဲ့ အမေရိက နည်းပညာ ကုမ္ပဏီတွေ ဖြစ်တဲ့ Bosch, Ford, Intel, Microsoft, Velodyneတွေနဲ့လည်း မိတ်ဖက် ဖြစ်နေပါတယ်။ တရုတ်တက္ကသိုလ်ပေါင်းများစွာ အပါအဝင် အစိုးရပိုင်းကနေလည်း Baidu ကို အခုလို Apollo နည်းပညာ အောင်မြင်မှုအတွက် ထောက်ပံ့ ကူညီပေးပါလိမ့်မယ်။
စတန်းဖို့မှာ ရှိတဲ့ မော်တော်ကား နည်းပညာပိုင်း လေ့လာရေးဌာနက Stephen Zoepf ကတော့ အခု Apollo အနေနဲ့ လူ တိုင်း လက်ခံနိုင်လောက်တဲ့ ကောင်းမွန်တဲ့ နည်းပညာကို ပြီးပြည့်စုံအောင် ဖန်တီးနိုင်ဖို့ နီးစပ်နေပြီလို့ ခန့်မှန်းပါတယ်။
သူကပဲ အခု Apollo ကို Andriod လို လူတိုင်း သုံးနိုင်တဲ့ Open Sourceအဖြစ် ထားရှိသင့်ကြောင်းနဲ့ တကယ်လို့ Android လို အခမဲ့အနေနဲ့ မဟုတ်ရင်တောင် အသုံးပြု ထုတ်လုပ်လိုသူတွေက ဝေမျှ ပေးသင့်ကြောင်း၊ မဟုတ်ရင်တော့ တိုးတက်မှု နှေး နိုင်သလို လုံခြုံရေးစနစ် တိုက်ခိုက်လာမှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
Baidu ကတော့ ဖုန်းတွေမှာ Android စနစ် အောင်မြင် လူကြိုက်များသလို မောင်းသူမဲ့ကားတွေမှာလည်း Apollo ရဲ့ လူ ကြိုက်များမှုနဲ့အတူ မောင်းသူမဲ့ ကားလောကမှာ အောင်မြင်မှုရချင်နေတာ ဖြစ်ပါတယ်။
Ref: www.technologyreview.com