နာမည်ကျော် ဂျာမဏီအခြေစိုက် Porscheရဲ့ အောင်မြင်မှု အများဆုံးမော်ဒယ်ကို ပြပါဆိုရင် 911ကို ပြရပါလိမ့် မယ်။ နောက်ဘက် အင်ဂျင်ထိုင်ပုံစံနဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး မော်ဒယ်ပါ။ ရုပ်ထွက်ကလည်း မြင်လိုက်တာနဲ့ Porsche မှန်း သိနိုင်လောက်အောင် ထူးခြားတယ်။ သဘောကျစရာပါ။
ဒီမော်ဒယ်ဟာ ၁၉၆၃ ခုနှစ်ကနေ အခုချိန်ထိအောင် ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ ၂၂မျိုး ထုတ်လုပ်ရောင်းချထားတာ တွေ့ ရပါတယ်။ အဆိုပါ မော်ဒယ်တွေအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။
Carrera
သူကတော့ 911ရဲ့ မော်ဒယ်ခွဲ တခုပါ။ Baseမော်ဒယ်လို့ ခေါ်ပါတယ်။ 911ထဲမှာ အနိမ့်ဆုံး မော်ဒယ်ခွဲပါ။ ၃.ဝလီတာသုံး မြင်းကောင်ရေ ၃၇၀အားထွက် Twin-turbochargedစနစ်နဲ့ Flat Sixအင်ဂျင်ကို တပ်ဆင်ထားပါတယ်။ Cabriolet မော် ဒယ်ခွဲလည်း ထွက်ရှိသေးပြီး သူက အမိုးဖွင့်အနေနဲ့ ရနိုင်ပါတယ်။
Carrera 4 Coupe
နှစ်ယောက်စီး မော်ဒယ် ဖြစ်ပြီး ဘီးစုံယက်စနစ်နဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်ပါ။ 4ကိုပဲ Cabriolet အနေနဲ့လည်း ထွက် ရှိသေးပြီး သူက အမိုးဖွင့်မော်ဒယ်ပါ။
Carrera S
ပုံမှန် Carrera ထက် မြင်းကောင်ရေ ၅၀အား ပိုထွက်ပါတယ်။ အိတ်ဇောပိုင်း အဆင့်မြှင့်ထားမှုနဲ့ အတူ Turbocharged စနစ် ကြီးမားလို့ ၃.ဝလီတာသုံး အင်ဂျင်က မြင်းကောင်ရေ ၄၂၀ အား ထွက်လာပါတယ်။ Carrera Sမှာလည်း နှစ်ယောက် စီးနဲ့ အမိုးဖွင့် မော်ဒယ်တွေ ရနိုင်ပါသေးတယ်။
Carrera 4S ဆိုတာက Carrera Sရဲ့ နောက်ဆက်တွဲ ဘီးစုံယက်စနစ်နဲ့ ရနိုင်တဲ့ မော်ဒယ်ပါ။ ဒီမော်ဒယ်မှာလည်း Cabriolet ကို အမိုးဖွင့် မော်ဒယ်အနေနဲ့ ရနိုင်ပါသေးတယ်။
Carrera GTS
Carrera Sရဲ့ တဆင့်မြင့် မော်ဒယ်ပါ။ Sမော်ဒယ်မှာ တပ်ဆင်ထားတဲ့ Turbochargedစနစ်ထက် ပိုပြီး ကြီးမားပါတယ်။ မြင်းကောင်ရေ ၄၅၀အားလောက်ထိအောင် ထုတ်လုပ်ပေးနိုင်တာပါ။ GTSမှာလည်း Cabrioletမော်ဒယ်ခွဲ ရနိုင်ပြီး အမိုးဖွင့် မော်ဒယ်ပါပဲ။
911 Carrera 4 GTS
အထူးထုတ်ပါ။ ဘီးစုံယက်စနစ်နဲ့ မော်ဒယ်ပါ။ 4 GTS Cabrioletကတော့ ထူးစံ အတိုင်း အမိုးဖွင့် မော်ဒယ်၊ အလှစီးပါ။
Targa 4 ဆိုတာက
Carrera 4ရဲ့ နောက်ဆက်တွဲ မော်ဒယ်တခု ဖြစ်ပြီး အဓိက ထူးခြားချက်ကတော့ အမိုး အဖွင့်၊ အပိတ် ကို လျှပ်စစ်စနစ်နဲ့ သုံးနိုင်လာပါတယ်။ Targa 4Sမှာ အမိုးဖွင့် မော်ဒယ်စစ်စစ် မဟုတ်တော့ပဲ Targa အမိုးဒီဇိုင်း အမိုးတ ဝက်ဖွင့်ပုံစံနဲ့ ဖြစ် လာပါတယ်။
Carrera 4 GTS
Targa အမိုးထည့်ပြီး ထုတ်လုပ်လာတဲ့ မော်ဒယ်ကို Targa 4 GTS ဆိုပြီး ခေါ်ပါတယ်။ စွမ်းဆောင်ရည် ဦးစားပေး ဇိမ်ခံ မော်ဒယ်ဖြစ်လာပါတယ်။
အခု နောက်ဆုံး ထွက်ရှိလာတဲ့ 911 Turbo မော်ဒယ်ကတော့ ၃.၈ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး သူက မြင်းကောင်ရေ ၅၄၀ အား ထွက်ရှိပါတယ်။
Twin-turbocharged စနစ်နဲ့ Flat ပုံစံ ခြောက်လုံးထိုးအင်ဂျင်ကို တပ်ဆင်ထားပါတယ်။ ထူးခြားချက်ကတော့ အခု မော် ဒယ်မှာ ထည့်သွင်းဖန်တီးထားတဲ့ Turbo စနစ်က တခြား Supercar တွေမှာ မတွေ့ရဘဲ ကမ္ဘာပေါ်မှာ 911မှာပဲ တပ်ဆင် တဲ့ Turbo စနစ် ဖြစ်လာပါတယ်။
အခု နောက်ဆုံးထုတ် မော်ဒယ်မှာလည်း အမိုးဖွင့် မော်ဒယ်ခွဲ ရနိုင်ပါတယ်။ Turbo S Cabriolet အမည်နဲ့ပါ။ နောက်ပြီး Turbo S Exclusive မော်ဒယ်ခွဲကို အထူးထုတ်အနေနဲ့ ထုတ်လုပ်ထားပြီး သူက ပုံမှန် (S)မော်ဒယ်တွေထက် မြင်းကောင် ရေ ၂၇ကောင်အား ပိုပါတယ်။
911 GT2 RSလို စွမ်းဆောင်ရည်မြင့် မော်ဒယ်ကို ထုတ်လုပ်ဖို့အတွက် ကုမ္ပဏီက ရှေ့ထွက် Turbo S က အင်ဂျင်စနစ် ရယ်၊ Turbocharger စနစ်ကို ပိုမို ကြီးမားအောင် ဖန်တီးမှုတွေ လုပ်ဆောင်ပြီး ထုတ်လုပ်လာခဲ့ပါတယ်။ ဒီမော်ဒယ်ကတော့ မြင်း ကောင်ရေ ၇၀၀အား ထွက်ရှိလာပြီး အရေအတွက် အနည်းငယ်ပဲ ထုတ်လုပ်ရောင်းချတာပါ။
GTတန်းဝင်တွေထဲမှာတော့ အခု နောက်ဆုံး ထွက်ရှိထားတာက GT3 ပါ။ ၄.ဝလီတာသုံး Turbo စနစ်မပါတဲ့ အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ ၅၀၀အား ထုတ်လုပ်ပေးနိုင်ပါတယ်။
ဒါဟာ လက်ရှိ ဈေးကွက်ထဲက Porcshe 911ကို ရနိုင်တဲ့ မော်ဒယ်ခွဲ ပုံစံ ၂၂မျိုးရဲ့ သိကောင်းစရာလေးတွေပါ။
Ref: www.businessinsider.com