စီးပွားရေး

ဆီဒင် အနေနဲ့ပါ ရနိုင်လာတဲ့ 2017 ထုတ် Kia Rio

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ပြည်တွင်းမှာလည်း Kiaရဲ့ Rio မော်ဒယ်တွေကို Hatchback မော်ဒယ်အနေနဲ့ ရနိုင်နေပြီး လူကြိုက်လည်း များ နေတာပါ။ အထူးသဖြင့် တန်ဖိုးနည်း မော်ဒယ်အနေနဲ့ ရနိုင်မှုကြောင့်ရော မော်ဒယ်မြင့်အနေနဲ့ ရနိုင်လို့ပါ လူကြိုက်များ ပါတယ်။

အခုနှစ် မော်ဒယ်မှာတော့ ဆီဒင်အဖြစ် ကိုယ်ထည်အမျိုးအစား စုံစုံနဲ့ ရနိုင်အောင် ဖန်တီးထားတာ တွေ့ရပြီး သဘောကျ စရာကောင်းတဲ့အချက်တွေကတော့ နည်းပညာပိုင်းမှာ များပြား စုံလင်အောင် ထည့်သွင်းဖန်တီးထားတယ်။

နည်းပညာပိုင်းမှာ အထူးသဖြင့် မော်ဒယ်ခွဲအလိုက် စိတ်ကြိုက်ရွေးချယ်နိုင်မှု အားကောင်းလာတယ်၊ လုံခြုံမှု စနစ်တွေမှာ နောက်ဆုံးပေါ် နည်းပညာတွေ သုံးနိုင်လာတယ်။

အာမခံ သက်တမ်းကလည်း တန်းတူ ပြိုင်ဘက်မော်ဒယ်တွေထဲမှာ အကြာဆုံး အနေအထားလောက်ထိအောင် ပေးလာလို့ စိတ်ချရမှု ပိုကောင်းလာတယ်။

အင်ဂျင်စနစ်ကလည်း ဆီစားနှုန်း နည်းပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ မထင်ရလောက်အောင် ကောင်းမွန်လို့ သဘောကျ စရာပါ။

ပြီးတော့ အများစုသော ကိုယ်ထည်အသေးစား မော်ဒယ်တွေက အတွင်းခန်း ကျဉ်းချင်ပေမယ့် အခုတော့ Rio မှာ နောက် ဘက်ခန်းရော အထူးကျယ်ဝန်းကောင်းမွန်တာ တွေ့ရပါတယ်။

ဒါပေမယ့် တန်ဖိုးနည်း မော်ဒယ်တခုအတွက် အားနည်းချက်ကတော့ မကင်းပါဘူး။ အထူးသဖြင့်တော့ လက်ကိုင်ပိုင်းမှာ တန်းတူ မော်ဒယ်တွေထက်စာရင် မောင်းနှင်ရမှု စိတ်ကြိုက် မဖြစ်မိပါဘူး။ LX မော်ဒယ်ခွဲမှာ ဆိုရင် Telecsoping စနစ် တောင် ထည့်သွင်းထားတာ မတွေ့ရလို့ သဘောမကျချင်ပါဘူး။

အခုနှစ် မော်ဒယ်က ဘာမှ ထူးခြားလောက်အောက် ပြောင်းလဲ ပြင်ဆင်မှု မရှိဘဲ ဆက်လက် ထုတ်လုပ်လာတာ တွေ့ရပြီး ထူးခြားတာ တခုဆိုလို့ အရင်နှစ်က ရနိုင်သေးတဲ့ SX မော်ဒယ်ခွဲကို ဆက်လက် ထုတ်လုပ်ခြင်း မရှိတော့တာဘဲ ဖြစ်ပါ တယ်။

မော်ဒယ်ခွဲအနေနဲ့ကတော့ ဆီဒင် ကိုယ်ထည်နဲ့ ဆိုရင် ၂မျိုးပဲ ရနိုင်တော့ပြီး LXနဲ့ EXတွေ အဖြစ် ရနိုင်ပါတယ်။ မော်ဒယ်ခွဲ ၂ခုလုံးမှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကတော့ တခုတည်းပါ။ နည်းပညာ ထည့်သွင်းမှု အပေါ်မှာပဲ မူတည်ပြီးတော့ မော်ဒယ်ခွဲ ဖန်တီးမှု နည်းနည်းကွဲပြားတာ ဖြစ်ပါတယ်။

2017 Kia Rio Hatchback အတွင်းပိုင်းမြင်ကွင်း

အင်ဂျင်စနစ်က ၁.၆ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ပဲ ဖြစ်ပြီး သူက ရုန်းအား ၁၂၃ ပေါင်-ပေမှာ မြင်းကောင်ရေ ၁၃၈ ကောင်အားထိအောင် ထွက်ရှိပါတယ်။

ပုံမှန် အိမ်စီး တန်ဖိုးနည်း မော်ဒယ်တခုအတွက်ကတော့ အကောင်းဆုံး အဆင်ပြေပါတယ်။ ၆ ချက်သုံး Manualနဲ့လည်း ရနိုင်သလို Auto နဲ့လည်း လာပါတယ်။

ဆီစားနှုန်းကတော့ ပျမ်းမျှ တဂါလံကို ၃၁ မိုင်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီး အမြန်နှုန်း မြှင့်တင်မောင်းနှင်မှုအတွက် တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၉.၄စက္ကန့်နဲ့ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဘရိတ်ပိုင်း စွမ်းဆောင်ရည်မှာတော့ အဆိုပါ မိုင် ၆၀နှုန်းကနေ ရပ်တန့်မယ် ဆိုရင် အကွာအဝေး ၁၂၄ပေ ယူမှာ ဖြစ်ပြီး သူကတော့ ပုံမှန် စွမ်းဆောင်ရည်လောက်ပဲ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆီဒင်ရော ဟက်ဘက်အနေနဲ့ပါ ကိုယ်ထည် အမျိုးအစား ရွေးချယ်နိုင်မှု၊ ဆီစားနှုန်း ချိုသာခြင်းနဲ့အတူ အင်ဂျင် စွမ်းဆောင်ရည် ကောင်းမွန်မှု၊ ဈေးနှုန်း ချိုသာခြင်းနဲ့အတူ ရေရှည် အာမခံ ပေးထားမှုတွေက မော်ဒယ်ကို သဘောကျစေ ပါတယ်။

၇လက်မ Touch စနစ်သုံး ဖျော်ဖြေရေးစနစ်လည်း ပါတယ်၊ ဘီးအရွယ်မှာ ၁၅လက်မနဲ့ လာတယ်၊ နောက်ဘက် ထိုင်ခုံတန်း ခေါက်သိမ်းနိုင်အောင် ဖန်တီးထားမှုတွေနဲ့အတူ CD တွေ၊ စပီကာ ၄လုံး ထည့်သွင်းပါရှိမှုတွေက သင့်ပါတယ်။

ပြည်တွင်းမှာတော့ Kia အရောင်းပြခန်းမှာ Hatchbackနဲ့ Rio တွေကို အသစ်အနေနဲ့ တင်သွင်း ရောင်းချတာ တွေ့ရပြီး ဆီ ဒင်အနေနဲ့ကတော့ အဝင်နည်းသေးတာ တွေ့ရပါတယ်။

နိုင်ငံတကာ ဈေးကွက်မှာတော့ 2017မော်ဒယ်ကို ဒေါ်လာ ၁၈၄၉၉နဲ့ မော်ဒယ်ခွဲအပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။

Ref: www.edmunds.com

Did you find apk for android? You can find new Free Android Games and apps.
Loading