အခု ပြောပြမယ့် လမ်းမတွေကတော့ မိမိကားကို ကိုယ်တိုင် မောင်းနှင်ပြီး ဖြစ်စေ လိုက်ပါစီးနင်းရင်း ဖြစ်စေ ပတ်ဝန်းကျင် ရှုခင်းတွေရော မောင်းနှင်ရမှု စိတ်ကျေနပ်မှုကိုပါ ပေးစွမ်းနိုင်မယ့် မောင်းနှင်သွားလာလို့ အကောင်းဆုံး လမ်းမတွေ အ ကြောင်းပဲ ဖြစ်ပါတယ်။
(၁) Tail of the Dragon
အမေရိကန်နိုင်ငံ တန်းဆပ်ပြည်နယ်မှာ ရှိတဲ့လမ်းမပါ၊ နဂါးအမြီးလို့ တင်စားခေါ်ရလောက်အောင် ကွေ့ကောက် လှပပါ တယ်။ အတ္တလန်တိတ်ကမ်းခြေဆီကို အထွက်လမ်းဖြစ်ပြီး ခရီးမိုင် ၁၁မိုင်အတွင်းမှာ ကွေ့ပေါင်း ၃၁၈ ကွေ့ရှိပါတယ်။ သတိ မဲ့ မောင်းနှင်မှု မပြုဖို့ သတိပေးထားကြသလို အဆိုပါလမ်းမကနေ Tree of Shame လို လှပတဲ့ နေရာတွေကိုလည်း သွား လာလည်ပတ်နိုင်မယ့် လမ်းမတခု ဖြစ်ပါတယ်။
(၂) Nurburgring Nordschleife
ဂျာမနီနိုင်ငံမှာ ရှိတဲ့ ကားပြိုင်ပွဲသုံးပတ်လမ်းဖြစ်ပြီး အလှဆုံးနဲ့အကောင်းဆုံး ဖန်တီးထားတဲ့လမ်းမလို့ သတ်မှတ်နိုင်ပါ တယ်။ပတ်လမ်းက ၁၂.၉၃ မိုင် ရှည်ပါတယ်။ ဝင်ကြေး ၂၄ ယူရိုနဲ့ ဝင်ရောက် မောင်းနှင်နိုင်ပါတယ်။ ပတ်လမ်းအတွင်းမှာ ကွေ့ပေါင်း ၁၅၄ ကွေ့ ထည့်သွင်းဖန်တီးထားလို့ မြန်နှုန်းမြှင့် မောင်းနှင်လေလေ သတိထားမောင်းနှင်ရမယ့် လမ်းကြောင်း ဖြစ်ပါတယ်။
(၃) Ruta 40
ဒီလမ်းမက ကမ္ဘာပေါ်မှာ အရှည်လျားဆုံး လမ်းဖြောင့်လမ်းမကြီးလို့ သတ်မှတ်ရင်တောင် ရနိုင်မယ့်လမ်းပါ။ ဒီလမ်းမဘေး တဖက်တချက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပန်းခြံပေါင်း၂၀ ထိအောင် ရှိလို့ အပန်းဖြေဖို့လည်း ကောင်းပါတယ်။
အာဂျင်တီးနားမှာ ရှိတာဖြစ်ပြီး မိုင်ပေါင်း ၃၀၀၀ ကျော်လောက် အလျား ရှိပါတယ်။ လမ်းမရဲ့အမြင့်ဆုံးနေရာတွေက ပင် လယ်ရေမျက်နှာပြင်ထက် ပေ ၁၆၀၀၀ အထက်မှာ ရှိသလို တောင်ပိုင်းလမ်းမပိုင်းတွေက အလှဆုံး ဖြစ်ပါတယ်။
(၄) Great Ocean Road
သြစတြေးလျနိုင်ငံမှာရှိတဲ့ ကမ်းခြေပတ်လမ်းဖြစ်ပါတယ်။ တောင်ပိုင်းဒေသမှာ ရှိတာဖြစ်ပြီး ကျောက်သားတွေထူထပ် ပူ လောင်တဲ့ Loch Ard Gorgeနဲ့ Twelve Apostles ဒေသတွေကို ချန်ခဲ့ပြီး ပင်လယ်ရဲ့အရသာကို အကောင်းဆုံး ခံစားဖြတ် သန်းသွားလာနိုင်မယ့်လမ်းမပါ။ လမ်းမက အရှည် ၁၅၁မိုင်ရှိပြီး လမ်းမရဲ့ပမာဏ အများစုက ကမ်းခြေတလျှောက်မှာပဲ ဖောက်လုပ်ထားတာ ဖြစ်ပြီး မိမိစိတ်ကြိုက်နေရာမှာ ရပ်တန့်နားနေ အပန်းဖြေနိုင်မှာလည်း ဖြစ်ပါတယ်။
(၅) Karakoram Highway
တရုတ်နိုင်ငံကနေ ပါကစ္စတန်ကို သွားတဲ့လမ်းမကြီးပါ။ ချစ်ကြည်ရေးလမ်းမအဖြစ် ဖောက်လုပ်ထားတဲ့ လမ်းမလည်းဖြစ်ပြီး နှစ်ပေါင်း ၂၇နှစ်ကြာအောင် ဖောက်လုပ်ထားရတာ ဖြစ်ပါတယ်။ တောင်တန်းတွေပေါ်ကိုပါ ဖြတ်သန်းဖောက်လုပ်ထားတာ ဖြစ်ပြီး မိုင် ၈၀၀လောက် ရှည်လျားသလို ကမ္ဘာပေါ်မှာရှိတဲ့ လမ်းမတွေထဲက ကုန်းမြေမြင့်မှာ ဖောက်လုပ်ထားတဲ့လမ်းတွေ ထဲက တခုပါ။ ယခင် ပိုးလမ်းမကြီးနဲ့လည်း တစိတ်တဒေသအဖြစ် ချိတ်ဆက်မိနေတာလည်း ဖြစ်ပါတယ်။
(၆) Stelvio Pass
အီတလီမှာ ရှိတဲ့ Alps အဲ့စ်တောင်တန်းပေါ်မှာ ဖောက်လုပ်ထားတဲ့ လမ်းမပါ။ လမ်းမရဲ့ခရီးမိုင် ၁၅မိုင်အတွင်းမှာတင် လမ်း မခွဲ ၄၈ ခုရှိပြီး ကျောက်သားတွေနဲ့ အမှတ်အသား ဖော်ပြထားပါတယ်။ ကားသမားတွေအတွက်တင် မဟုတ်ဘဲ ဆိုင်ကယ်သ မားတွေအတွက်ပါ စွန့်စားခန်း မောင်းနှင်သွားလာလိုသူတွေအတွက် အကောင်းဆုံး လမ်းမတခုပါ။ မြို့ပြနဲ့ အလှမ်းဝေးပြီး တောထဲမှာပဲ စခန်းချ အပန်းဖြေလိုသူတွေ အကြိုက်တွေ့မှာပါ။
(၇) Amalfi Coast
အီတလီမှာပဲ ရှိတဲ့ ကမ်းခြေပတ်လမ်းပါ။ Positano နဲ့ Ravello လို ကမ်းခြေမြို့၂ မြို့ကို ချိတ်ဆက်ပေးထားတယ်လို့ အ လွယ်ပြောလို့ ရပါတယ်။ တကယ်တော့ လမ်းမကြီးက အဆိုပါ မြို့ ၂မြို့ကို ကျော်ဖြတ်သွားပါသေးတယ်။ လမ်းကျဉ်းလေး ၂ ခုပုံစံ ဖောက်လုပ်ထားတာဖြစ်ပြီး အသွားအပြန် တလမ်းစီ သုံးနိုင်အောင် ဖြစ်ပါတယ်။
Tyrrhenian ပင်လယ်ပြင်ရဲ့အရသာကို ခံစားဖြတ်သန်းသွားလာနိုင်မယ့်လမ်းပါ။ ဒေသခံတွေကတော့ လမ်းပိုကျွမ်းလို့ သူ တို့ရဲ့ မောင်းနှင်မှုနောက်မှာ လိုက်ပါ စီးနင်းရတာ ပိုကောင်းတယ်လို့ မှတ်ချက်ပေးမှု များပါတယ်။
Ref: www.popularmechanics.com