• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

Airbus ကုမ္ပဏီမှ A380 လေယာဉ်ထုတ်လုပ်မှုကို လျှော့ချ

by ငြိမ်းချမ်းစိုး
31 July 2017
in စီးပွားရေး
A A
Airbus ကုမ္ပဏီမှ A380 လေယာဉ်ထုတ်လုပ်မှုကို လျှော့ချ
4.1k
VIEWS
Share on FacebookShare on Twitter

ဥရောပအခြေစိုက် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Airbus ဟာ ၎င်းရဲ့ “A380 superjumbo” အမျိုးအစားဖြစ်တဲ့ လေယာဉ်ထုတ်လုပ်ရေးကို ယခုနှစ်အတွင်းမှာဘဲ ဒုတိယအကြိမ်မြောက်အနေနဲ့ လျှော့ချခဲ့ပါတယ်။

အဆိုပါ “A380 superjumbo”နှစ်ထပ်လေယာဉ် တင်ပို့မှုမှာလည်း ယခုနှစ်မှာ ၁၅ စီး၊ ၂၀၁၈ မှာ ၁၂ စီးနဲ့ ၂၀၁၉ မှာ ၈ စီးအထိ တဖြည်းဖြည်းချင်းလျော့နည်းလာတယ်လို့ Airbus ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
188
ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
219
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
371

ကုမ္ပဏီရဲ့ တာဝန်ရှိ အကြီးအကဲတဦးဖြစ်သူ Tom Enders က “ဒီ A380 လေယာဉ် တင်ပို့ရောင်းချမှုဟာ ကာလတိုအတွင်းမှာ လိုအပ်သလောက် မြင့်မားလာမှာ မဟုတ်တော့ဘူး” လို့ ပြောကြားထားပါတယ်။

အဆိုပါ A380 လေယာဉ်ကို အော်ဒါအဖြစ် မှာယူခြင်းမရှိတော့တာဟာ ၂ နှစ်လောက်ရှိသွားပြီဖြစ်ကြောင်းနဲ့ အဆိုပါ လေယာဉ် အမျိုးအစား ထုတ်လုပ်မှုဟာလည်း အရှုံးပေါ်နေကြောင်းကို ကြာသပတေးနေ့က ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး Airbus ကုမ္ပဏီဟာ ဝင်ငွေစုစုပေါင်း ၁၅.၂၇ ဘီလျံမှာ အမြတ်ငွေရာခိုင်နူန်း ၂၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်းကိုလည်း ထပ်မံပြောကြားခဲ့ပါတယ်။

Airbus ရဲ့ A380 လေယာဉ်တွေဟာ တစီးကို ၄၃၂.၆ မီလီယံတန်ကြေးရှိပြီးတော့ လူ ၆၀၀ နဲ့ အထက်ကို တပြိုင်နက်တည်း သယ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ ယခုလို လူပမာဏများပြားစွာ တင်ဆောင်နိုင်တဲ့ A380 လေယာဉ်ရဲ့ ကမ္ဘာအရပ်ရပ်မှ မှာယူမှုပမာဏ လျော့နည်းလာရခြင်းရဲ့အဓိကမှာ ပျံသန်းမှု ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။

ခရီးသည်များပြားစွာတင်ဆောင်နိုင်ပေမယ့် ဆီစားနှုန်းကုန်ကျမှုဟာ တနာရီကို အမေရိကန်ဒေါ်လာ ၂၆၀၀၀ မှ ၂၉၀၀၀ အထိ ရှိနေတာပါ။ ပျှမ်းမျှအားဖြင့် တမိုင်ကို အမေရိကန်ဒေါ်လာ ၄၀.၁၉ မှ ၄၄.၈၂ အထိ ရှိနေတာပါ။

နောက်ထပ်ပြဿနာတခုကတော့ လေယာဉ်ရပ်နားဖို့နေရာပါ။ လေယာဉ်ကွင်းကြီးရှိတဲ့ နိုင်ငံတွေအတွက်တော့ ပြဿနာ မရှိနိုင်ပေမယ့် ကွင်းဧရိယာကြီးကြီးမားမားမရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်တော့ ဆင်းသက်ရ ခက်ခဲစေတာကြောင့်လို့ သိရပါတယ်။

Airbus ကုမ္ပဏီရဲ့ အဓိကပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Boeing ကုမ္ပဏီရဲ့ ရှယ်ယာရာခိုင်နှုန်းကတော့ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့မှာ သိသိသာသာမြင့်တက်လာကြောင်းကို သတင်းကဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းက Airbus ဟာ အဆင့်မြှင့်တင်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ဂျက်လေယာဉ်ကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဆိုပါလေယာဉ်နဲ့ပတ်သက်ပြီးဆီစားသက်သာကြောင်းကိုလည်း အာမခံထားပြီး ထိုင်ခုံနေရာများ ပိုမိုများပြားကြောင်း လည်း ပြောကြားခဲ့ပါတယ်။ ယခုလို လေယာဉ်သစ်ထုတ်လုပ်မှုဟာ လေကြောင်းလိုင်းတွေအနေနဲ့ Airbus ကို အော်ဒါပိုမို မှာယူလာနိုင်စေဖို့အတွက် အထောက်အကူတခုဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်လို့လည်း သတင်းက ဖော်ပြထား ပါတယ်။

လက်ရှိမှာတော့ အဆိုပါလေယာဉ်ဟာ စမ်းသပ်ဆဲအဆင့်မှာသာရှိနေပြီး အင်ဂျင်ပိုင်းဆိုင်ရာမှာ ချို့ယွင်းချက် ရှိနေသေးကြောင်း၊ ထိုချို့ယွင်းချက်ကို မကြာမီမှာ ပြင်ဆင်နိုင်ဖို့ ကြိုးစားအဖြေရှာနေကြောင်း ဖော်ပြထားပါတယ်။

Ref: bbc.com/ opshots.net/airliners.net

Your Thoughts …
Tags: Airbus
ငြိမ်းချမ်းစိုး

ငြိမ်းချမ်းစိုး

Similar Picks:

Airbus က တရုတ်နဲ့ပေါင်းပြီး စစ်ကောင်စီကို လူသတ် ဂျက်လေယာဉ်ရောင်း

Airbus က တရုတ်နဲ့ပေါင်းပြီး စစ်ကောင်စီကို လူသတ် ဂျက်လေယာဉ်ရောင်း

by ဧရာဝတီ
16 September 2024
1.6k

Airbus သည် "ဘေးကင်းလုံခြုံညီညွတ်သည့် ကမ္ဘာအတွက် ရေရှည်တည်တံ့သည့် အာကာသလေကြောင်းရှေ့ဆောင် လမ်းပြမည်" ဟု ကြွေးကျော်သည့် ဥရောပလုပ်ငန်းစုကြီးဖြစ်သည်။

ဂျော်ဒန်မှ ဝယ်ယူမည့် Airbus CASA C-295s လေယာဉ် အမျိုးအစားကို တွေ့ ရစဉ် / Wikipedia

ဂျော်ဒန်က ဝယ်ယူမည့် Airbus ၂ စင်း စစ်ပွဲသုံး မဟုတ်ဟု တပ်မတော် ပြော

by ထက်နိုင်ဇော်
15 December 2020
14.6k

မြန်မာ့တပ်မတော်က ဂျော်ဒန်နိုင်ငံမှ ဝယ်ယူမည့် Airbus CASA C-295s ၂ စင်းသည် စစ်လက်နက်ပစ္စည်း များ တပ်ဆင် အသုံးပြုမည့် လေယာဉ် မဟုတ်ဘဲ စစ်ဘက်-အရပ်ဘက် ၂ ခု စလုံးအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်း...

Airbus အနေနဲ့ အကောင်အထည် ပေါ်မယ်ဆိုရင် ၂၀၃၅ ခုနှစ်မှာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ခရီးသည်တင် လေယာဉ်တွေကို ပြေးဆွဲနိုင်တော့မှာပါ။

Airbus ကုမ္ပဏီကနေ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လေယာဉ် တည်ဆောက်မည်

by Aurora
23 September 2020
4.7k

ချပြလိုက်တဲ့ လေယာဉ်ပုံစံ ၃ မျိုးဟာ ပုံစံ မတူတဲ့ နည်းပညာတွေနဲ့ ဓာတ်ငွေ့ဆိုး ထုတ်လွှတ်မှု ကင်းစင်တဲ့ လေယာဉ်တွေ ဖြစ်ပေမယ့် ဟိုက်ဒရိုဂျင်စွမ်းအင်ကိုတော့ မူလပါဝါ အရင်းအမြစ်အဖြစ် အခြေခံထားတာ ဖြစ်ပါတယ်။

Next Post
A - H1N1 လူတုပ်ကွေးရောဂါ အခြေအနေအား အသိပေးရှင်းလင်းပွဲတွင် အမှာစကား ပြောကြားနေသည့် ဝန်ကြီးချုပ် မန်းဂျော်နီ / ဆလိုင်းသန့်စင်  / ဧရာဝတီ

ဧရာဝတီတိုင်းတွင် H1N1 ကြောင့် လူ ၆ ဦး သေဆုံး

ဂိုးမသွင်းတဲ့ နိုင်ငံရေး

ဂိုးမသွင်းတဲ့ နိုင်ငံရေး

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.1k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate