စီးပွားရေး

JJ Express ယာဉ်လိုင်းမှ Online Ticketing System မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့မှ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံမြို့များကို ပြေးဆွဲနေတဲ့ JJ Express ယာဉ်လိုင်းမှ JJ Express ကားလက်မှတ် အရောင်းကိုယ်စားလှယ် Reseller များအတွက် Online Ticketing System (အွန်လိုင်းပေါ်မှ လက်မှတ်ရောင်းချတဲ့စနစ်) ကို သြဂုတ်လ ၁ ရက်နေ့က စတင် မိတ်ဆက်လိုက်ပါတယ်။

“ကျမတို့ ဒီနေ့ မိတ်ဆက်တာတော့ အရောင်းကိုယ်စားလှယ်တွေကို Online Ticketing နဲ့ စပြီး မိတ်ဆက်တဲ့ပွဲပါ။ သုံးလို့လည်း လွယ်ကူရမယ်၊ အရောင်းကိုယ်စားလှယ်တွေအတွက်လည်း ရောင်းရ အဆင်ပြေစေမယ့်စနစ်ကို ဖော်ဆောင်ထားပါတယ်။ ဖုန်းတွေနဲ့ လက်မှတ်ရောင်းတာ မဟုတ်ဘဲ အွန်လိုင်းပေါ်က အလွယ်တကူ ရောင်းတာ ဖြစ်တဲ့အတွက် အကျိုးအမြတ်တွေလည်း ပိုခံစားရမယ်။ အသွားအပြန် လက်မှတ်ကအစ ဝယ်လို့ရတော့ ပိုပြီး အဆင်ပြေသွားမှာပါ” လို့ JJ Express မှ Operation Manager မကျော်ကျော်သက်က ဧရာဝတီကို ပြောပါတယ်။

အဆိုပါ Online Ticketing စနစ်ကို JJ Express ရဲ့ Website စာမျက်နှာ http://jjexpress.net မှာ အသုံးပြုလို့ရသလို Android ဖုန်းအသုံးပြုသူများအတွက် Google Play store နဲ့ iOs အသုံးပြုသူများအတွက်လည်း App Store မှ ဒေါင်းလော့ဆွဲကာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ JJ Express Application ကို မြန်မာ၊ အင်္ဂလိပ် ဘာသာစကား ၂ မျိုးနဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

“အခုနောက်ပိုင်းက စမတ်ဖုန်းတွေကို လူတိုင်းသုံးလာကြတယ်။ စမတ်ဖုန်းပေါ်က Network တွေလည်း အရမ်း ကောင်းလာတဲ့အတွက် မြန်မာပြည်က လူတွေအတွက် အရမ်းအဆင်ပြေတယ်။ ဟိုးအရင်က ခရီးသွားချင်ရင် အောင်ဆန်းကွင်းတို့၊ ကာဝင်းတို့မှာ သွားဝယ်ရတယ်။ ကိုယ်စားလှယ်တွေကနေတဆင့်ဝယ်ရတယ်။ အခုက ကိုယ်စားလှယ်တွေက Application ကနေ တခါတည်း ကြည့်ပြီး ခုံတွေ ဝယ်ရောင်းလို့ရတယ်။ ပိုပြီးအဆင်ပြေတယ်” လို့ JJ Express ရဲ့ နည်းပညာပိုင်းကို တာဝန်ယူထားသူ ကိုဝင်းမျိုးထက်က ဧရာဝတီကို ပြောပါတယ်။

JJ Express Online Ticketing System မိတ်ဆက်ပွဲ / ဓာတ်ပုံ – (သီဟတိုး/ ဧရာဝတီ)

ဆက်လက်ပြီး သူက “ဒီ Online Ticketing စနစ်ကို Reseller တွေလည်း ရောင်းလို့ရမယ်၊ ကျနော်တို့ရဲ့ Ticket အရောင်း အေးဂျင့်တွေလည်း သုံးလို့ရမယ်။ Customer တွေလည်း သုံးလို့ရမယ်။ အသုံးပြုရလွယ်ကူအောင်လည်း ခုံတွေကို အရောင်တွေခွဲထားတယ်”

“အစိမ်းရောင်၊ မီးခိုးရောင် စသဖြင့် အရောင်တွေခွဲထားတယ်။ ဥပမာ- Booking ယူထားပြီးသား ခုံဆို ဘာ အရောင်ဆိုတာမျိုးပေါ့။ နောက်ပိုင်း User တွေရဲ့ Feedback အပေါ်မူတည်ပြီး Application ကို Update လုပ်သွားဖို့ရှိတယ်။ အခု Version ကတော့ 2.1 ပါ” လို့ ကိုဝင်းမျိုးထက်က ဆိုပါတယ်။

ခရီးသည်များအတွက်လည်း Online Ticketing စနစ်ကို လွယ်ကူစွာ အသုံးပြုနိုင်အောင်ပြုလုပ်ထားပြီး JJ Express ကို အစီးများကြတဲ့ နိုင်ငံခြားသား ခရီးသည်များအတွက်လည်း Visa, Master စတဲ့ ငွေပေးချေမှုများနဲ့ ပေးချေဝယ်ယူနိုင်အောင် ပြုလုပ်ထားတယ်လို့ သိရတယ်။

လောလောဆယ် Mobile Banking နဲ့ ချိတ်ဆက်ထားပြီး ခရီးသည်များအနေနဲ့ ၉ လပိုင်း လလယ်လောက်မှာ Mobile Banking အသုံးပြုပြီး လက်မှတ်များကို အွန်လိုင်းမှ တိုက်ရိုက် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

“E-ticket တွေ ပြောင်းလဲလိုက်တာ ကောင်းတယ်။ ဒီခေတ်မှာ လက်မှတ် တစောင်ဝယ်ချင်လို့ပဲဖြစ်ဖြစ် ခရီးသွားချင်လို့ပဲဖြစ်ဖြစ် လက်မှတ်လိုက်ဝယ်ရတယ်၊ ကားတွေစီးပြီး သွားရှာရတာမျိုး မဖြစ်တော့ဘူး။ အလွယ်တကူ ကိုယ့်ရဲ့ဖုန်းထဲကနေ ကိုယ်သွားချင်တဲ့ ခရီးကို ရွေးလို့ရတယ်။ လက်မှတ်တခါတည်း အလွယ်တကူ ဝယ်လို့ရတယ်” အခုဆို တဖြည်းဖြည်း ဘဏ်တွေကလည်း တိုးတက်လာပြီ။ Mobile Banking တွေလည်း ဖြစ်လာပြီဆိုတော့ အလွယ်တကူ လက်မှတ်ဝယ်လို့ရတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် ယာဉ်လိုင်းတွေကလည်း ပြောင်းလဲလာတာ ကောင်းပါတယ်” လို့ JJ Express ရဲ့ Operation Manager မကျော်ကျော်သက်က ဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ JJ Express ယာဉ်လိုင်းဟာ လက်ရှိမှာ ရန်ကုန်- နေပြည်တော်၊ ရန်ကုန် – မန္တလေး၊ ရန်ကုန်- ပုဂံ၊ ရန်ကုန် – တောင်ကြီးစတဲ့ ခရီးစဉ်များကို HIGER ကားမျာနဲ့ နေ့စဉ် ပြေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။

JJ Express ရဲ့ Online Ticketing System မိတ်ဆက်ပွဲကို သြဂုတ်လ ၁ ရက်နေ့၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၈ မိုင်လမ်းဆုံက “Hotel Yangon” မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading