လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်နိုင်မယ့်မော်ဒယ်တွေကို ထုတ်လုပ်နိုင်နေတဲ့ ကားကုမ္ပဏီတွေ အများအပြား ရှိနေပါတယ်။
Supercarဆိုရင် Ferrari, Lamborghini နဲ့ Bugattiတို့ ရှိသလို အဆင့်မြင့် ဇိမ်ခံ ဆိုရင်လည်း အခု Rolls-Royce လို အ မှတ်တံဆိပ်ကနေ BMWနဲ့ Mercedes လို တံဆိပ်တွေလည်း ရှိနေတာပါ။ ဒါပေမယ့် အခု ၂၀၁၇ခုနှစ် အတွင်းမှာ Rolls-Royce ကနေ ထုတ်လုပ်ရောင်းချနေတဲ့ မော်ဒယ် Phantomကို ကမ္ဘာ့အကောင်းဆုံးမော်ဒယ်အဖြစ် ကားသုံးသပ်သူ အများ စုက လက်ခံလာကြတာ တွေ့ရပြီး အခု သူ့ကို ဘာကြောင့် အကောင်းဆုံးကားအဖြစ် သတ်မှတ်တယ်ဆိုတာ နည်းနည်း လောက် လေ့လာထားရအောင်ပါ။
ကိုယ်ထည်ပိုင်းမှာ Aluminum ကိုယ်ထည်သားကို သုံးထားတယ်၊ ထိန်းချုပ်မောင်းနှင်မှုမှာရော သက်တောင့်သက်သာ ရှိမှု မှာရော အခြားပုံမှန် သံမဏိသုံးကားတွေထက် ရာခိုင်နှုန်း ၃၀လောက် ပိုလာစေပါတယ်။
ဆူညံသံပေးမှု နည်းလာတယ်၊ တလက်မရဲ့လေးချိုးတချိုး အထူရှိတယ်၊ မှန်သားကို ပြတင်းတံခါးတွေအတွက် သုံးထား တယ်၊ ကြမ်းခင်းမှာ အလွှာ ၂ လွှာကို ပေါင်းစပ် ပုံစံ ဖန်တီးထားတယ်။
ပြင်ပက အင်ဂျင်သံရော အခြားဆူညံသံတွေကိုပါ ၁၀ရာခိုင်နှုန်းလောက် ပိုပြီး ဝင်ရောက်မှု နည်းစေနိုင်လို့ အထူးပဲ တိတ် ဆိတ်ငြိမ်သက်စွာ လိုက်ပါ စီးနင်းနိုင်မှာပါ။
တာယာစနစ်က လမ်းကြောင်းစုံမောင်းနှင်နိုင်မှုထက် ဇိမ်ခံပုံစံလမ်းသားကြောင့်ဖြစ်တဲ့ တုန်ခါမှုကို တာယာသားအတွင်းမှာ တင် အတတ်နိုင်ဆုံး ထပ်မံ လျှော့ချနိုင်အောင် ဖန်တီးထားတဲ့ တာယာပါ။ ပြီးတော့ အင်ဂျင်စနစ်က ၆.၇၅ လီတာသုံး Twin-Turbo စနစ် ပါရှိတဲ့ V12 အင်ဂျင်။ သူက ရုန်းအား ၆၆၄ ပေါင်-ပေမှာ မြင်းကောင်ရေ ၅၆၃ ကောင်အား ထိအောင် ထုတ် လုပ်ပေးနိုင်တယ်။
မော်ဒယ်က တနာရီ ၆၂မိုင်နှုန်းထက် မြန်သွားတာနဲ့ Short Absorber တွေက အလိုအလျောက် လမ်းသားအနေအထား အပေါ် မူတည်ပြီး ချိန်ညှိမှုတွေ ရှိလာတယ်။
ဒီလို လမ်းသားအနေအထားကို မော်ဒယ်က စောင့်ကြည့်မှုကိုတော့ Magic Carpet Ride စနစ်က တာဝန်ယူမှာဖြစ်ပြီး ရှေ့ ဘက် လမ်းသားရိုက်ကူး ကင်မရာကို မော်ဒယ်မှာ ထည့်သွင်းဖန်တီးထားတာ တွေ့ရပါတယ်။
၈ချက်သုံး Auto နဲ့ သွားတယ်၊ ဂီယာစနစ်ကို GPS နဲ့ ချိတ်ထားတယ်၊ မောင်းနှင်သွားလာနေချိန်တလျှောက်လုံး GPS က လမ်းကြောင်း အနေအထားကို ခြေရာခံ စောင့်ကြည့်နေမယ်။ လိုအပ်တဲ့ ဂီယာပြောင်းလဲမောင်းနှင်ဖို့အတွက် ချက်ချင်း အ ချက်ပြသတိပေးမယ်။ ဥပမာ တောင်ဆင်းလမ်း ရောက်ပြီ၊ ဂီယာကြီး ထည့်ဖို့ လိုအပ်တာနဲ့ အလိုအလျောက် အချက်ပြလာ မှာလည်း ဖြစ်ပါတယ်။
နောက်ဘက်ထိုင်ခုံတွေက ၁၉၅၆ ခုနှစ်က Eames Lounge Chair ပုံစံနဲ့ ထည့်သွင်းဖန်တီးထားတာဖြစ်ပြီး အဆင့်မြင့် တယ်၊ သစ်သားဘောင် အသုံးပြုထိုင်ခုံတွေ ပါဝင်တယ်။
မော်ဒယ်ရဲ့Dashboard ကို ကုမ္ပဏီက The Gallery လို့ အမည်ပေးထားပြီး သူက နည်းပညာ ဘယ်လောက်ထိအောင် စုံ လင်အောင် ထည့်ထားမှု၊ မြင့်မားမှုကို ဖော်ပြပေးနိုင်တဲ့ အပြင်အဆင်နဲ့ ဖန်တီးမှုကို တွေ့ရပါတယ်။ နောက်ဘက်ထိုင်ခုံတန်း အတွက်လည်း ခေါက်သိမ်းနိုင်မယ့် စားပွဲနဲ့ TVတွေ ပါရှိပါတယ်။
ဒါကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံးမော်ဒယ်အဖြစ် သတ်မှတ်ခံလာရတဲ့ Phantomရဲ့အကြောင်းပါ။ ဈေးနှုန်းကတော့ အနိမ့်ဆုံး မော်ဒယ်ခွဲမှာတင် ဒေါ်လာ ၄၆၀၀၀၀ ရှိမှာ ဖြစ်ပြီး Coupe နဲ့ အဆင့်မြင့် ဆီဒင်မော်ဒယ်တွေအဖြစ် လိုချင်တယ် ဆိုရင်တော့ ဒေါ်လာ ၁သန်း ကျော်မှာ ဖြစ်ပါတယ်။
Ref: www.maxim.com