• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မွန်ပြည်နယ်တွင် ရာဘာကြမ်းများ တရုတ်ဈေးကွက်သို့ မှီခိုတင်ပို့နေရ၍ ကျပ်သန်း ၄၀၀ ခန့် ဆုံးရှုံးနေ

by ဟင်္သာနီ (မွန်မြေ)
8 August 2017
in စီးပွားရေး
A A
ခရမ့်ခ် ရာဘာ ထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်အား မြင်တွေ့ရစဉ် / ဇော်မင်း

ခရမ့်ခ် ရာဘာ ထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်အား မြင်တွေ့ရစဉ် / ဇော်မင်း

7.1k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်တွင် အရည်အသွေးနိမ့် ရာဘာကြမ်းများသာ ထုတ်လုပ်၍ တရုတ်ဈေးကွက်ကိုသာ မှီခိုတင်ပို့နေရသဖြင့် တနှစ်လျှင် မြန်မာငွေကျပ် သန်း ၄၀၀ ခန့် ဆုံးရှုံးနေကြောင်း သိရသည်။

“ရာဘာ ကဏ္ဍကို အရည်အသွေး ကောင်းကောင်း မထုတ်နိုင်သေးလို့ တနှစ်ကို ဘီလီယံ ၄၀၀ လောက် နစ်နာ ဆုံးရှူံး နေရတယ်” ဟု ဝန်ကြီး ဦးထွန်းဌေးက ထောက်ပြ ပြောဆို ခဲ့သည်။

RelatedPosts

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
765
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.4k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
4.6k

တပြည်နယ်လုံးမှ ထွက်ရှိသည့် တစ်နှစ် ရာဘာ တန်ချိန် တစ်သိန်းကျော် ၏ ၉၀ ရာခိုင်နှုန်း ကျော်အား ရာဘာကြမ်း အဖြစ်သာ ထုတ်လုပ်လျက် ရှိကာ အရင်းအနှီး ကြီးမားသည့် ပုဂ္ဂလိက ကုမ္ပဏီ ကြီးများ ကဲ့သို့ ခြံဧကငယ်များ ပိုင်ဆိုင်သည့် ၇၀ ရာခိုင်နှုန်း ကျော်သော ရာဘာစိုက် တောင်သူ များကမူ အရည်အသွေးမြင့် ရာဘာ များအား မထုတ်လုပ် နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လက မွန်ပြည်နယ် ဝန်ကြီးချုပ်၏ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း မွန်ပြည်နယ်ထွက် ရာဘာ နမူနာ များအား ယူဆောင် သွားခဲ့ပြီး ဤကုန်ကြမ်းများအား RSS တန်းဝင် အရည်အသွေး ထုတ်လုပ်နိုင်ပါက ဂျပန်နိုင်ငံ ဈေးကွက်သို့ ရောင်းချ နိုင်ရေး အတွက် ညှိနှိုင်း ဆွေးနွေး ထားပြီး ဖြစ်သည်။

“ဝန်ကြီးချုပ် ဂျပန်က ပြန်လာတဲ့ အချိန် ကျတော့ ရာဘာ နမူနာတွေ ပေးခဲ့တဲ့ အခါကျတော့ ဝယ်လိုအားက ရခဲ့ပြီ၊ ဒီနှစ် ပွင့်လင်း ရာသီ အောက်တိုဘာက စလို့ Rubber Central Market လိုမျိုး မော်လမြိုင်မှာ လုပ်ပါမယ်၊ ပုဂ္ဂလိက ရာဘာအသင်း ပါမယ်၊ စိုက်ပျိုးရေး ဦးစီးဌာနက ပါမယ်၊ နောက်ပြီးတော့ စီးပွား ကူးသန်းရဲ့ ပို့ကုန် မြှင့်တင်ရေး ဌာနက ပါမယ်။ ဒါဆိုရင် ပြည်နယ် ရာဘာအရည် အသွေး မြှင့်တင်နိုင်ဖို့ အစိုးရ အဖွဲ့က ဦးဆောင် လုပ်သွားလို့ ရပြီ” ဟု မွန်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးကြည်စိုးက ရှင်းပြသည်။

မြန်မာ တနိုင်ငံလုံး ရာဘာ ထုတ်လုပ်မှု၏ ၄၉ ရာခိုင်နှုန်းသည် မွန်ပြည်နယ်မှ ထွက်ရှိလာခြင်းဖြစ်ပြီး တနှစ်လျှင် ရာဘာ တန်ချိန် ၁ သိန်းကျော် ထုတ်လုပ်လျက်ရှိကာ တနိုင်ငံလုံး ရာဘာစိုက် ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ မြန်မာ့ရာဘာသည် ကမ္ဘာ့ ဈေးကွက်ဝင် အရည် အသွေးမြင့် RSS 1, 2, 3 ရာဘာ ထုတ်လုပ်နိုင်မှုမှာ ရာခိုင်နှုန်း အနည်းငယ်သာ ရှိသည်။

မွန်ပြည်နယ် အတွင်းတွင် Max Myanmar ကုမ္ပဏီမှ ပိုင်ဆိုင်သည့် ကျိုက်ထို မြို့နယ် အတွင်းရှိ ရွှေရောင်ပြ ရာဘာ စိုက်ခင်းနှင့် သံဖြူဇရပ် မြို့နယ် ရှိ “ရွှေတောင်တန်း” ရာစိုက်ခင်း နှစ်ခု သို့သာ အရည်အသွေးမြင့် RSS တန်းဝင် ရာဘာ များကို ထုတ်လုပ်ကာ တရုတ်မှ အပ နိုင်ငံခြား ဈေးကွက်ကို တင်ပို့ ရောင်းချ နိုင်လျက် ရှိသည်။

လက်ရှိတွင် မွန်ပြည်နယ်တွင် ရာဘာကြမ်း အထူများသာ အများစု ထုတ်လုပ် နေပြီး ၎င်းရာဘာကြမ်းကို စက်ရုံများမှ တဆင့် ပြန်လည် သန့်စင်ပြီး ခရမ့်ခ်ရာဘာခေါ် TSR – Technically Standard Rubber အဖြစ် ပြန်လည် သန့်စင်၍ တရုတ် ဈေးကွက်သို့ တင်ပို့နေသည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ် မတိုင်ခင် အထိ ရာဘာပေါက်ဈေးအား မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းက ကမ္ဘာ့ပေါက်ဈေးနှင့် ချိန်ညှိ၍ ဝယ်ယူရေး လုပ်ဆောင်ကာ ဈေးကွက်အား ထိန်းချုပ် ပေးခဲ့ပြီး ၂၀၀၅ နောက်ပိုင်းတွင် ဝယ်ယူရေး လုပ်ငန်းအား ပုဂ္ဂလိက လက်ထဲသို့ ခွင့်ပြုပေးလိုက်ချိန်မှ စ၍ တရုတ် ဈေးကွက် ပွင့်ခဲ့ကာ ရာဘာဈေးကွက်ပျက် ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မွန်ပြည်နယ် ရာဘာ လုပ်ငန်းရှင်များ အသင်းကိုလည်း အရည်အသွေးမြင့် ရာဘာ ထုတ်လုပ်ရေး စက်ရုံ တည်ဆောက် နိုင်ရေး အတွက် အဆိုပြု တင်ပြ ပေးရန်ဖိတ်ခေါ်ထားကာ ကုန်ကျ စရိတ်အားလည်း ပြည်နယ် အစိုးရမှ အထိုက်အလျောက် မတည် ကျခံ ပေးရန် ဖိတ်ခေါ် ထားသော်လည်း ရာဘာစိုက် တောင်သူ များမှ အရည်အသွေးမြင့် ရာဘာ ထုတ်လုပ် နိုင်ရေးမှာ အခက်အခဲ ဖြစ်နေဆဲ ဖြစ်ကြောင်း မွန်ပြည်နယ် ရာဘာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ နိုင်ကျစ်ရစ်က ဆိုပါသည်။

“နိုင်ငံတကာ အရည်အသွေးဝင် RSS 1,2,3 တွေကို ၂၀ ဧကအောက် ပိုင်ဆိုင်တဲ့ ရာဘာစိုက် တောင်သူ တဦးချင်း ဆီက မထုတ်နိုင်ဘူး။ ဘာ့ကြောင့်လည်း ဆိုရင် RSS 1,2,3 အဆင့် ထွက်ဖို့ ဆိုရင် အနည်းဆုံး တလ အချိန်ယူ ရတယ်။ ခြံငယ် ခြံပိုင်ရှင် တွေက ဒီနေ့ အစေးခြစ်ပြီး မနက်ဖြန် ပိုက်ဆံလိုချင်တယ်၊ ဒါကြောင့် မဖြစ်နိုင်ဘူး။ ဧက ထောင်ချီ ပိုင်ဆိုင်တဲ့ လူတွေက RSS 1,2,3 တန်းဝင် ရာဘာတွေ ထုတ်နေပြီးသားပဲ၊ အဲဒါ ဘာမှ ပြောစရာ မရှိဘူး” ဟု နိုင်ကျန်ရစ်က ဆိုပါသည်။

ခြံငယ် ခြံပိုင်ရှင်များ စုပေါင်း၍ အရည်အသွေးမြင့် ရာဘာစက်ရုံ တည်ဆောက်နိုင်ရေး အတွက် ဝိုင်းဝန်းလုပ်ဆောင်ရန်မှာ ဖြစ်နိုင်သော်လည်း မတည်ငွေ ထည့်ဝင်ရန်၌ အခက်အခဲ ရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်၍ သုံးသပ် ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့ တွင်လည်း မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံးတွင် အရည် အသွေးမြင့် ရာဘာများ ထုတ်လုပ်နိုင်ရေး ဆွေးနွေးပွဲကို မွန်ပြည်နယ် အစိုးရမှ ဦးဆောင် ပြုလုပ်ခဲ့ပြီးနောက် ဖုန်၊ သဲ၊ ခဲနှင့် အမှိုက်များကို စနစ်တကျ သန့်စင်ရန်၊ ဆလာဖျူရစ် အက်ဆက်အစား ဖောမစ် အက်စစ်သုံး၍ ရာဘာရည်အား အခဲပြုလုပ်ရန် အပါအဝင် အရည်အသွေးမြင့် ရာဘာ ထုတ်လုပ် မွန်ပြည်နယ် အစိုးရ အဖွဲ့မှ ရာဘာစိုက် တောင်သူ များအား ပန်ကြားစာ ထုတ်ပြန် ခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ် စီးပွားရေး အားကောင်း လာစေရန် မြှင့်တင်ရမည့် ကဏ္ဍ ၅ ခုအား ရွေးချယ်ထားသည့် အနက် ရာဘာ ကဏ္ဍသည်လည်း တခု အပါအဝင် ဖြစ်သည်။

Your Thoughts …
Tags: တရုတ်ဈေးကွက်ရာဘာ
ဟင်္သာနီ (မွန်မြေ)

ဟင်္သာနီ (မွန်မြေ)

Similar Picks:

ပြည်တွင်း ဖရဲ၊ သခွား စိုက်ပျိုးရေးလုပ်ငန်းများ လာအို ရွှေ့

ပြည်တွင်း ဖရဲ၊ သခွား စိုက်ပျိုးရေးလုပ်ငန်းများ လာအို ရွှေ့

by ဧရာဝတီ
11 November 2024
1.4k

စီးပွားရေး ဈေးကွက်အနေဖြင့်လည်း လာအိုနိုင်ငံသည် လွတ်လွတ်လပ်လပ်နှင့် လုပ်ကိုင်နိုင်သလို သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲမရှိသဖြင့် ကုန်သည်၊ လုပ်ငန်းရှင်များအနေဖြင့် စိတ်အေးအေးနှင့် လုပ်ကိုင်၍ ရသဖြင့် ပြောင်းရွှေ့သွား ခြင်းဖြစ်ကြောင်း

အဆင့်မီ ထုတ်ပိုးပြုလုပ်ထားသည့် Good Taste အမှတ်တံဆိပ် မြေပဲယိုနှင့် ရွှေညာမြေ ဒေသထွက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် မြန်မာ့ မုန့်ပဲသရေစာများ(9asiangrocery နှင့် ရွှေညာမြေဒေသထွက်ကုန်လုပ်ငန်းမှ ကူးယူဖော်ပြသည်။)

မြန်မာ့မုန့်ပဲသရေစာများဖြင့် တရုတ်ဈေးကွက်သို့ ထိုးဖောက်ရန် စီစဉ်နေ

by မျိုးပပစန်း
19 August 2020
7.7k

အဖျော်ရည် ယမကာများ ဖြစ်သော ရမ်၊ ဝီစကီ၊ ဝိုင်၊ ဘီယာတို့နှင့် ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်သော ငြုပ်ကောင်း၊ နနွင်းမှုန့်၊ ဖာလာနှင့် ကရဝေး စသည့် တို့ကို လုပ်ကိုင်သော လုပ်ငန်းရှင်များလည်း တရုတ်ဈေးကွက် ထိုး ဖောက်ရန်အတွက်...

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယုမြို့နယ်မှ တောင်သူများ၏ အစေ့ထုတ်ပြောင်းများ / ကိုကိုနိုင်/ပြန်ဆက်

တရုတ်ဈေးကွက်ပြန်ရလာသည့် မြန်မာ့ပြောင်း အခြေအနေကောင်းများရှိလာနိုင်

by ဧရာဝတီ
19 December 2022
2.9k

ယခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပြောင်းတင်ပို့မှုသည် ၂၀ ရာခိုင်နှုန်းခန့် လျော့ကျသွားနိုင်ပြီး ထိုပမာဏသည် ပင်လယ်ရေကြောင်းတင်ပို့မှုဘက်သို့ ပြောင်းလဲသွားနိုင်ကြောင်း

“Wonder Woman 1984” ရုပ်ရှင်

တရုတ်ဈေးကွက်မှာ အဖွင့်ဝင်ငွေ မလှတဲ့ “Wonder Woman 1984”

by မစ်ကီ
21 December 2020
3k

"Wonder Woman" ရုပ်ရှင်ဟာ အဖွင့် သီတင်းပတ် ဝင်ငွေ ဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့ဖူးတာကြောင့် အခုဒုတိယမြောက် နောက်ဆက်တွဲ ရုပ်ရှင် အဖွင့်မလှခဲ့ဘူးလို့ ဆိုရမှာပါ။

Samsung Galaxy Fold စမတ်ဖုန်း

Samsung Galaxy Fold စမတ်ဖုန်းကို တရုတ်ဈေးကွက်တွင် ရောင်းချရန် ခွင့်ပြုချက် ရရှိ

by Nigma
18 January 2019
6.1k

မကြာမီက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာလည်း Galaxy Fold စမတ်ဖုန်းကို SM-F900U ၊ SM-F900F နဲ့ SM-F900A မော်ဒယ်တွေနဲ့ ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။

Next Post
မာလဝီနိုင်ငံမှ မိန်းကလေးများအတွက် စက်ဘီးနဲ့ ပညာသင်စရိတ်ထောက်ပံ့နေတဲ့ ရီဟားနား

မာလဝီနိုင်ငံမှ မိန်းကလေးများအတွက် စက်ဘီးနဲ့ ပညာသင်စရိတ်ထောက်ပံ့နေတဲ့ ရီဟားနား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တဲလားဆွန်းကို ဒွန်းမောင်းလေဆိပ်တွင်တွေ့ရစဉ် / Reuters

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံသို့ ရောက်ရှိ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate