စီးပွားရေး

Toyota ထုတ် အမြန်ဆုံးကားများ

Want create site? Find Free WordPress Themes and plugins.

အခုပြောမှာကတော့ လက်ရှိ ပြည်တွင်းမှာလည်း လူကြိုက်အများဆုံးအမှတ်တံဆိပ်၊ နိုင်ငံတကာဈေးကွက်မှာလည်း တနှစ် အတွင်း ကားအစီးအရေ အများဆုံး ရောင်းချနိုင်မှုကို ၁၀စုနှစ် တစုနီးပါးကြာအောင် ထိန်းထားနိုင်ခဲ့တဲ့ Toyota ရဲ့ ထုတ် လုပ်သမျှ ကားမော်ဒယ်တွေထဲက အမြန်ဆုံးကားတွေ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) 1998 Toyota GT-One Road Version TS020

မော်ဒယ်က ၃.၆လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီး မြင်းကောင်ရေ ၆၀၀အားထိအောင် ထုတ်လုပ်ပေးနိုင်တာ တွေ့ရပါတယ်။ အလေးချိန် ၂၀၂၈ ပေါင်ပဲ လေးပြီး ပေါ့ပါးတဲ့ GTမော်ဒယ် တန်းဝင်အဖြစ် ဖန်တီးထားတာပါ။ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၃.၂စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်ပြီး တနာရီ ၂၃၆မိုင် (ကီလိုမီတာ ၃၈၀)ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်တာ တွေ့ရပါတယ်။

ဒီဇိုင်း – ကျော်မျိုးထိုက်/ ဧရာဝတီ

(၂) 1996 Toyota Soarer GT-T 2.5

မော်ဒယ်က ပြိုင်ကားပုံစံထုတ်လုပ်ထားတာ ဖြစ်ပြီး အင်ဂျင်စနစ်မှာ ၂.၅လီတာသုံး အင်ဂျင်အသေးကိုပဲ တပ်ဆင်ထားတာ ပါ။ GTမော်ဒယ် မဟုတ်ဘဲ Sport ဆန်ဆန် ကိုယ်ထည်နဲ့ ထုတ်လုပ်သမျှ မော်ဒယ်တွေထဲမှာတော့ အမြန်ဆုံးမော်ဒယ်လို့ ဆိုရမှာပါ။ တနာရီမိုင် ၆၀နှုန်းရဖို့ အတွက်တော့ အချိန် ၅.၈စက္ကန့် ပေးရပါတယ်။ အမြန်ဆုံးအနေနဲ့ တနာရီ ၁၅၆ မိုင်ထိ အောင် မောင်းနှင်နိုင်မယ့် မြင်းကောင်ရေ ၂၈၀ အားထွက် မော်ဒယ်ပါ။

(၃) 2009 Toyota Crown Majesta

ဇိမ်ခံမော်ဒယ်အဖြစ် ထုတ်လုပ်ထားပေမယ့် စွမ်းဆောင်ရည် အထူးကောင်းမွန်တာတွေ့ရပါတယ်။ ဈေးနှုန်းဒေါ်လာ ၁ သိန်း ၂သောင်းလောက် တန်ပြီးဇိမ်ခံဆီဒင် တန်းဝင် မော်ဒယ်တွေထဲမှာ အမြန်ဆုံးမော်ဒယ် ဖြစ်လာပါတယ်။ အင်ဂျင်က ၄.၆ လီ တာသုံး အင်ဂျင်တပ်ဆင်ထားပေမယ့် ရုန်းအားပိုထားလို့ စွမ်းအင်မှာတော့ မြင်းကောင်ရေ ၃၄၇ ကောင်အားပဲ ထွက်ရှိပါ တယ်။ တနာရီကို ၁၅၆ မိုင်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီးမိုင် ၆၀နှုန်းရဖို့ အတွက်ကိုတော့ အချိန် ၅.၇စက္ကန့်ပဲ လိုပါ တယ်။

(၄) 2007 Toyota Aurion TRD 3500S

ပုံမှန် ဇိမ်ခံဆီဒင် မော်ဒယ်ထဲမှာ အမြန်ဆုံး ဖြစ်လာပါတယ်။ အင်ဂျင်စနစ်က ၃.၅လီတာသုံး အရွယ်ကို တပ်ဆင်ထားပြီး ကိုယ်ထည် အလေးချိန် ၁ တန်ပေါ်မှာ မြင်းကောင်ရေ ၂၀၂ကောင်အား သက်ရောက်အောင် ထုတ်လုပ်ထားတာပါ။ အင် ဂျင်ကတော့ မြင်းကောင်ရေ စုစုပေါင်း ၃၂၈ကောင်အားထိအောင် ထွက်ရှိပါတယ်။ အလေးချိန် ပေါင် ၃၅၈၂ထိအောင် လေး ပြီးပုံမှန်ထက်တော့ လေးချင်နေပါတယ်။ တနာရီမိုင် ၆၀နှုန်းကို ၆.၁စက္ကန့်နဲ့ ရောက်သလို အမြန်ဆုံးအနေနဲ့ တနာရီ ၁၅၅ မိုင်နှုန်းထိအောင် မောင်းနှင်နိုင်ပါတယ်။

(၅) 1993 Supra Twin Turbo MkIV

ထုတ်လုပ်ခဲ့သမျှ Coupe ဆိုတဲ့ နှစ်ယောက်စီးမော်ဒယ်တွေထဲမှာ အမြန်ဆုံးမော်ဒယ်အဖြစ် မှတ်တမ်းဝင်နေပါတယ်။ ဈေး နှုန်းဒေါ်လာ ၈သောင်းလောက် ရှိနေဆဲပါ။ ကိုယ်ထည်သေးငယ်ပေမယ့်် အလေးချိန် ပေါင် ၃၆၂၀ ထိအောင် ရှိပါတယ်။ တပ် ဆင်အင်ဂျင်က ၃လီတာသုံး ဖြစ်ပြီး မြင်းကောင်ရေ ၃၃၀အားထိအောင် ထုတ်လုပ်ပေးနိုင်ပါတယ်။ တနာရီမိုင် ၆၀ နှုန်းကို အချိန် ၅.၂စက္ကန့်တည်းနဲ့ ရောက်လို့ တာထွက် အထူးကောင်းပါတယ်။ အမြန်ဆုံးအနေနဲ့ကတော့ တနာရီ ၁၅၅မိုင် မောင်းနှင် နိုင်မှာပါ။

(၆) 2013 Toyota Crown Majesta

ဒေါ်လာ ၁သိန်းခွဲလောက် တန်ဖိုးရှိတဲ့ အခုမော်ဒယ်က ၂၀၁၀နောက်ပိုင်းထုတ် မော်ဒယ်တွေထဲမှာ အခုထိအောင်တော့ အ မြန်ဆုံး ဇိမ်ခံမော်ဒယ်အဖြစ် ရှိနေပါတယ်။ တပ်ဆင် အင်ဂျင်က ၃.၅လီတာသုံး အရွယ် ဖြစ်လာပြီး သူက မြင်းကောင်ရေ ၃၄၃ ကောင်အား ထုတ်လုပ်ပေးနိုင်ပါတယ်။ အလေးချိန် ၄၀၇၉ ပေါင်ထိအောင် လေးပြီး ဥရောပထုတ် ဇိမ်ခံဆီဒင်တွေထက် အ လေးချိန် ပိုလာပါတယ်။ တနာရီမိုင် ၆၀နှုန်းကိုအချိန် ၅.၇ စက္ကန့်နဲ့ ရောက်သလိုအမြန်ဆုံးအနေနဲ့ တနာရီ ၁၅၅ မိုင် နှုန်း မောင်းနိုင်ပါတယ်။

(၇) 2004 Toyota Alessandro Volta Concept

Lamborghini နဲ့ ရုပ်ထွက်ဆင်တူပြီး Concept အနေနဲ့ ထုတ်လုပ်ထားခြင်းပါ။ ကုမ္ပဏီကနေ Supercar ထုတ်လုပ်ဖို့ ပြင် ဆင်မှု အစဖြစ်နိုင်ပေမယ့် ထင်သလောက် စွမ်းဆောင်ရည် မကောင်းသေးတာကြောင့် ကြန့်ကြာနေသလိုပါ။ ၃.၃ လီတာ သုံး အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ ၄၀၈ ကောင်အားထိအောင် ထုတ်လုပ်ပေးနိုင်တာ တွေ့ရပါတယ်။

ထုတ်လုပ်သမျှ မော်ဒယ်တွေထဲမှာ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု ဒုတိယအကောင်းဆုံးမော်ဒယ် ဖြစ်လာပြီး မိုင် ၆၀ နှုန်း ကို ၀၃စက္ကန့်နဲ့ ရောက်ပါတယ်။ ၄. တနာရီ ၁၅၅ မိုင်ထိအောင် မောင်းနှင်နိုင်မယ့် မော်ဒယ်ပါပဲ။

www.topcarrating.com

Did you find apk for android? You can find new Free Android Games and apps.
Loading