မော်ဒယ်က လက်ရှိ ပြည်တွင်းမှာကိုပဲ တန်ကြေးသင့်မော်ဒယ်တွေထဲမှာ လူကြိုက်အများဆုံး မော်ဒယ်လို့ ဆိုနိုင်လောက် အောင် စီးနင်းမှု များလာသလို နိုင်ငံတကာမှာလည်း Accordရဲ့ ဈေးကွက်အနေအထားကျဆင်းမှုကို အကောင်းဆုံး အ စားထိုးအောင်မြင်မှု ရယူနိုင်ထားတဲ့မော်ဒယ်ပါ။
ကိုယ်ထည်ပိုင်းရွေးချယ်နိုင်စရာတွေပါ အားကောင်းအောင် ဖန်တီးလာပြီး အခုတော့ Civic ရဲ့ နောက်ဆက်တွဲ Si မော်ဒယ် ခွဲအဖြစ် စွမ်းဆောင်ရည်မြှင့်ပြီး ဖန်တီးလာတာတွေ့ရပါတယ်။
မောင်းနှင်လို့ အထူးကောင်းမွန်တယ်၊ လက်ကိုင်ပိုင်း တည်ငြိမ်တယ်၊ ဘရိတ်ပိုင်းကလည်း ပြိုင်ကားတွေရဲ့စွမ်းဆောင်နိုင်မှု လောက်ကိုပဲ ထိန်းချုပ်အားကောင်းလာတာ တွေ့ရပါတယ်။ ဒါပေမယ့် အတွင်းခန်းက နည်းနည်းကျဉ်းချင်နေတယ်၊ လုံခြုံ ရေးစနစ်တွေမှာ နောက်ဆုံးပေါ် နည်းပညာမျိုးပါရှိမှု အားနည်းတာကိုတော့ သိပ်မကြိုက်ချင်ပါဘူး။
Cnet ကတော့ စွမ်းဆောင်ရည်ပိုင်းမှာ ၁၀မှတ်အတွက် ၇မှတ်ခွဲ၊ နည်းပညာ တပ်ဆင်ထည့်သွင်းထားရှိမှုအတွက် ၆မှတ်၊ မော် ဒယ်ရဲ့ ဒီဇိုင်းနဲ့ ပတ်သက်ပြီး ၇မှတ်ခွဲ၊ ဖျော်ဖြေရေးစနစ်နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှုတွေ အတွက် ၆မှတ်ပေးထားတာ တွေ့ရပါ တယ်။
ဒီမော်ဒယ်က Hondaရဲ့ ဇိမ်ခံမော်ဒယ် အမှတ်တံဆိပ် Acura NSXတွေ 2000 မော်ဒယ်တွေ ဈေးကွက်အတွက် မထုတ်လုပ် ခင်ကတည်းက Hondaရဲ့အောင်မြင်တဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်တခုပါ။
၂၀၁၆ခုနှစ် မော်ဒယ်ကနေစတင်ပြီး Civic ကို မျိုးဆက် ၁၀ဆက်မြောက်အဖြစ် ပြောင်းလဲထုတ်လုပ်လာချိန်မှာလည်း အခု မော်ဒယ်ကို ရုပ်ထွက်ရော စွမ်းဆောင်ရည်ပါ ပြောင်းလဲထုတ်လုပ်လာခဲ့ပြီး လူငယ်ကြိုက် ဖြစ်အောင် ဖန်တီးထားတာ တွေ့ လာရပါတယ်။

ရုပ်ထွက်က ပြိုင်ကားတွေရဲ့ ရုပ်ထွက်အတိုင်း ဖြစ်လာတယ်၊ Hyundai Elantra GT Sport မော်ဒယ်ရယ်၊ Ford Focus STနဲ့ Mini Cooper Sတွေ Volkswagen GTI မော်ဒယ်တွေကို ဈေးကွက်ပြိုင်ဆိုင်နိုင်အောင် ကြိုးစားလာတာ တွေ့ရပြီး အထူးသဖြင့်တော့ ဥရောပနဲ့ အမေရိကဈေးကွက်တွေမှာ အောင်မြင်မှု ရချင်နေတာတွေ့ရပါတယ်။
မော်ဒယ်မှာ ၁.၅ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားပြီး သူက ရုန်းအား ၁၉၂ပေါင်-ပေထိအောင် ရှိပြီး မြင်းကောင်ရေ ၂၀၅ ကောင်အားထိအောင် ထွက်ရှိပါတယ်။
အခုလို စွမ်းအင် ထွက်ရှိမှု အားကောင်းဖို့ Honda က မော်ဒယ်ကို Turbocharging စနစ် ထည့်ထားတာလည်း တွေ့ရပါ တယ်။
အင်ဂျင်က အမြန်ဆုံးလည်ပတ်နှုန်းအဖြစ်လည်း တမိနစ်ကို အပတ်ရေ ၆၅၀၀ ထိအောင် လည်ပတ်မှာပါ။ ဆီတဂါလံကို ၂၈ မိုင် စီးနင်းနိုင်မယ့်နှုန်းက ပုံမှန် လေးလုံးထိုး အင်ဂျင်တပ်မော်ဒယ်တခုအတွက် အကောင်းဆုံးမဟုတ်ပေမယ့် စွမ်းဆောင် ရည် အနေအထားအရတော့ လက်ခံနိုင်စရာပါ။
အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ တနာရီမိုင် ၆၀နှုန်းကို အချိန် ၆.၅စက္ကန့်နဲ့ ရောက်မှာ ဖြစ်ပါတယ်။ Manual ဂီယာစနစ်နဲ့ လာပြီး Sport ကားကောင်းကောင်း အရသာခံစီးနင်းချင်သူတွေအတွက် သဘောကျစရာပါ။
ရှေ့ဘီးယက်စနစ်နဲ့ Coupe တန်းဝင် နှစ်ယောက်စီးမော်ဒယ် အနေနဲ့လည်း ရနိုင်သလို တံခါးလေးပေါက်စနစ် ဆီဒင်အနေ နဲ့လည်း ကိုယ်ထည်အမျိုးအစား ၂မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
တပ်ဆင်ထားတဲ့ဘီးတွေက ၁၈လက်မ အရွယ်တွေပါ။ ကိုယ် ထည်က အလေးချိန် ၂၈၈၉ ပေါင်ပဲ လေးပြီး ရှေ့ထွက် မော်ဒယ် တွေထက် ပိုမိုပေါ့ပါးလာပါတယ်။
နိုင်ငံတကာဈေးကွက်မှာတော့ မော်ဒယ်ကို ဈေးနှုန်းဒေါ်လာ ၂၄၇၇၅နဲ့ ရောင်းချနေတာ တွေ့ရပြီး Coupe အနေနဲ့ဆိုရင် ရွေးချယ်ဖို့ ကောင်းတဲ့ အခုနှစ်ထွက်မော်ဒယ် ဖြစ်လာပါတယ်။
Ref: www.cnet.com