• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အိန္ဒိယက ပဲစင်းငုံနှင့် မတ်ပဲတင်ပို့မှု ကန့်သတ်လိုက်၍ ဈေးထိုးကျ

by မြတ်ပြည့်ဖြိုး
22 August 2017
in စီးပွားရေး
A A
မန္တလေးကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်ပြုလုပ်နေသည့် ကုန်သည်များ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်ပြုလုပ်နေသည့် ကုန်သည်များ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

14.8k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယ၏ အဓိက ဝယ်လိုအားကောင်းသည့် ပဲစင်းငုံနှင့် မတ်ပဲကို ယခုရက်ပိုင်းအတွင်း ကန့်သတ်ကုန်အဖြစ် သတ် မှတ်လိုက်သောကြောင့် မန္တလေးဈေးကွက်တွင် ပဲဈေးနှုန်း ထိုးကျသွားကြောင်း မန္တလေး ပဲနှမ်းကုန်စည်ဒိုင်ရှိ ကုန်သည် များထံမှ သိရသည်။

အိန္ဒိယနိုင်ငံ ဈေးကွက်တွင် ပဲစင်းငုံများစွာ ရှိနေ၍ ဈေးကျလာသောကြောင့် ၎င်းတို့နိုင်ငံရှိ တောင်သူနှင့် ကုန်သည် များ မနစ်နာစေရန် ပဲစင်းငုံကို ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ကာ တနှစ်လျှင် တန်ချိန် ၂ သိန်းသာ ဝယ်ယူ တော့မည်ဟု အိန္ဒိယအစိုးရက သြဂုတ်လပထမပတ်က ကြေညာခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
100
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.5k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.6k

အလားတူ သြဂုတ်လ ၂၁ရက်နေ့က အိန္ဒိယ၏ သွင်းကုန်ပေါ်လစီတွင် မတ်ပဲနှင့် ပဲတီစိမ်းတို့ကိုလည်း ကန့်သတ် ကုန်စည်အဖြစ် ထပ်တိုး သတ်မှတ်လိုက်ကြောင်း မြန်မာကုန်သည်များထံမှ သိရသည်။

ကုန်စည်ဒိုင်၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်က “အိန္ဒိယရဲ့ ရိုက်ခတ်မှုကြောင့် ပဲစင်းငုံဈေးဟာ ဆယ်စုနှစ် အတွင်းမှာ မကြားဖူးတဲ့ အနိမ့်ဆုံးဈေး ဖြစ်သွားတယ်။ သူတို့(အိန္ဒိယ)အစိုးရက သူ့ပြည်သူတွေ မနစ်နာအောင် ကာ ဗာလုပ်ပေးတယ် ဆိုပေမယ့် ဒီဘက်က ကုန်သည်တွေမှာတော့ အတော်အထိနာကြပြီ” ဟု ပြောသည်။

ယခုလဆန်းပိုင်းက မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (သုံးတင်းဝင် တအိတ်)လျှင် ကျပ် ၇၅၀၀၀ ရှိခဲ့ရာမှာ လက်ရှိတွင် ၄၃၀၀၀ ကျပ်ထိ ဈေးထိုးကျသွားပြီး မတ်ပဲ (သုံးတင်းဝင်တအိတ်)လျှင် ကျပ် ၁ သိန်းကျော်ရှိရာမှ ကျပ် ၈သောင်း ဝန်းကျင်အထိ ဖြစ်သွားကြောင်း မန္တလေးမြို့ ပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ပဲနှမ်းကုန်စည်ဒိုင်)မှ သိရသည်။

ပဲတီစိမ်းသည် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရသည့်အတွက် ဈေးကွက်တွင် ရိုက်ခတ်မှု သိပ်မရှိသော်လည်း ပဲစင်းငုံ နှင့် မတ်ပဲသည် ပြည်တွင်းအသုံးထက် အိန္ဒိယဝယ်လိုအားကိုသာ အဓိကအားပြုနေရ၍ ဝယ်လိုအားနှင့်အပြိုင် ဈေးပါ ကျဆင်းလာသောကြောင့် လက်ရှိတွင် အရောင်းအဝယ်များ ရပ်ထားရကြောင်း မန္တလေးကုန်စည်ဒိုင်မှ အဝယ်တော် ကိုနိုင်ဦးက ပြောသည်။

“ဒါက ကျနော်တို့ကုန်သည်အတွက် ကပ်ဆိုက်တာပဲလေ။ ဒီလိုသာ အရောင်းအဝယ် တန့်နေမယ်ဆိုရင် အားလုံးကို ရိုက်ခတ်မှု ရှိလာနိုင်မယ်။ ဒီလို အခြေအနေတွေကို အစိုးရနဲ့တာဝန်ရှိသူတွေသိဖို့အတွက် အသံ တွေထွက်ဖို့လိုပြီလို့ ထင်တယ်။ ဒါမှ အစိုးရချင်း ချိတ်ဆက်ညှိနှိုင်းမှုတွေ လုပ်နိုင်မှာ” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရချင်း ညှိနှိုင်းပေးရန် သြဂုတ်လ ၈ရက်နေ့တွင် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်း ကုန်သည် များ အသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးထံ အကူအညီ တောင်းခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံက ပဲစင်းငုံ ဝယ်လိုအား မြင့်တက်ခဲ့၍ ၃တင်းဝင် တအိတ်လျှင် ကျပ် ၁သိန်းခွဲအထိ စံချိန်တင် ဈေးမြင့်တက်သွားခဲ့ပြီး တနှစ်အတွင်း အမြင့်ဆုံးဈေးဖြစ်ခဲ့ကြောင်း မန္တလေးဈေးကွက်မှ ပဲ၊နှမ်းကုန်သည်များက ပြောသည်။

ပဲကုန်သည် ဦးကျော်သွင်က “အိန္ဒိယက မဝယ်မချင်းတော့ ဈေးက ပြန်တက်လာဖို့ မလွယ်ဘူး။ ထပ်ကျဖို့ကလည်း ဒီ ဈေးက အောက်ဈေး ဖြစ်နေပြီလေ။ ဒီထက် ပိုမဆိုးလာအောင် အစိုးရက နည်းလမ်းရှာကြံပြီး ပြည်သူတွေ အသက်ရှူ ချောင်အောင် လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ ” ဟု ပြောသည်။

၂၀၁၆ ခုနှစ်တွင် အိန္ဒိယအစိုးရက ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ပဲစင်းငုံနှင့် မတ်ပဲတန်ချိန် ၅ သောင်းစီ တရားဝင် ဝယ်ယူမှုများ ရှိခဲ့သည်။

လက်ရှိ မန္တလေးဈေးကွက်သို့ ပဲစင်းငုံနှင့် မတ်ပဲကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် စသည့် ဒေသများမှ ဝင်လာကြပြီး ဈေးကွက်အတွင်း အဝင်များသလို လှောင်လက်များ၌လည်း ကျန်နေသေးသဖြင့် အိန္ဒိယ မဝယ်သေး ပါက ပြည်တွင်းဈေးကွက်တွင် ပဲများ စုပုံနေဦးမည်ဟု ကုန်သည်များက ပြောသည်။

၂၀၁၆-၁၇ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှပြည်ပသို့ ပဲစင်းငုံ တန်ချိန် ၁သိန်း၈သောင်းကျော်နှင့် မတ်ပဲတန်ချိန် ၅သိန်း၆သောင်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

Your Thoughts …
Tags: ပဲစင်းငုံ
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

မြန်မာပြည်ထွက် မတ်ပဲ / မတ်ပဲဈေးနှုန်းများ

အိန္ဒိယက ပဲတင်သွင်းခွင့် ကိုတာစနစ်ပယ်ဖျက်ပြီးနောက် ပြည်တွင်း ပဲဈေးနှုန်း တက်ရိပ်ပြလာ

by ဧရာဝတီ
18 May 2021
28.1k

အိန္ဒိယဘက်သို့ ကိုတာစနစ်ကို ပယ်ဖျက်လိုက်ပြီး လွတ်လပ်စွာ တင်းသွင်းခွင့်ရှိသော်လည်း ပြည်ပပို့ ကုန်လုပ်ငန်းကဏ္ဍများ၌ ပြည်တွင်းဘဏ်လုပ်ငန်းများ အကျပ်အတည်းကြောင့် ငွေပေးချေရေး ကိစ္စရပ်များတွင် အခက်အခဲ ဖြစ်ပေါ်လျက်ရှိ

မြန်မာပြည်ထွက် မတ်ပဲ /  မတ်ပဲဈေးနှုန်းများ

ပြည်ပ ဝယ်လိုအားများလာ၍ မတ်ပဲ နှင့် ပဲစင်းငုံ ဈေးမြင့်တက်

by အောင်သီဟ
23 May 2019
104k

အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများက မြန်မာနိုင်ငံမှ ပဲများကိုဝယ်ယူမှု မြင့်တက် နေခြင်းကြောင့် ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံ ဈေးများသည် တတန်လျှင် ကျပ် ၁၀ သိန်းကျော်အထိ ဈေးတက်နေကြောင်း ပဲနှမ်းကုန်သည်များ ထံမှ...

မန္တလေး ပဲ၊ နှမ်း ကုန်စည်ဒိုင်  / ဧရာဝတီ

မြန်မာ့ ပဲ တရုတ်ဘက်သို့ ပို့ရန် ဈေးကွက် ရှာဖွေနေ

by မျိုးပပစန်း
14 February 2019
5.7k

အခုကတော့ ယူနန် အလွန်ပေါ့နော်၊ တရုတ်နိုင်ငံ အရှေ့ဘက်က ပြည်နယ်တွေ၊ မြောက်ဘက်က ပြည်နယ် တွေ ချိတ်ဆက်ဖို့ လုပ်နေတယ်။ အခု လော လောဆယ်မှာ တရုတ်၊ ထိုင်ဝမ် ဈေးကွက် ရှာနေတယ်။

မန္တလေးပဲနှမ်းကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်ပြုလုပ်နေသည့်ကုန်သည်ပွဲစားများ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

အိန္ဒိယက ပြန်လည်ဝယ်ယူသဖြင့် ပဲစင်းငုံ၊ မတ်ပဲဈေးအနည်းငယ်ပြန်တက်လာ

by မြတ်ပြည့်ဖြိုး
14 December 2017
8.2k

ပဲစင်းငုံနှင့် မတ်ပဲဈေးကွက်သည် ယခုနှစ် သြဂုတ်လအတွင်းက အိန္ဒိယ၏ ကန့်သတ်သွင်းကုန်အဖြစ် သတ်မှတ်ခံရ ပြီးနောက် ပြည်တွင်းဈေးကွက်အတွင်း ဒီဇင်ဘာလ ပထမပတ် အထိ ဈေး ထက်ဝက်ကျော်မက ဈေးထိုးကျသွား ခဲ့သည်။

Next Post
Miss Teen Supermodel International  2017 နဲ့ The Best National Costume ဆုရှင် အလှမယ် အေးသဒ္ဒါလင်း / ယုဖြူဟန် / ဧရာဝတီ

ထိုင်းနိုင်ငံတွင် Title ၂ ဆု ရခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် အလှမယ် အေးသဒ္ဒါလင်း

၂၀၁၄ ခုနှစ် လဟယ်နှင့် နန်းယွန်း မြို့နယ်များအကြား လမ်းတစ်လျှောက်ရှိ နာဂကလေးများ / ဧရာဝတီ

နာဂဒေသတွင် ရိက္ခာအကျပ်အတည်း ကြုံတွေ့နေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate